slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာ၀ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

မုံရွာ၊ အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက် ဆုံးရှုံနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဓဒသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာ မများ၊ ကျောင်းသား/သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သဘာဝပတ်ဝန်းကျင် ယိုယွင်း ပျက်စီးလာပြီး ရာသီဉတုပြောင်းလဲမှုကြောင့် တိုးတက်ဖြစ်ပေါ်လျက်ရှိသည့် သဘာဝဘေး အန္တရာယ်များ၏ ဖျက်ဆီးမှုစွမ်းအား များပြားလျက်ရှိနေသည်ကို အားလုံးအသိဘဲဖြစ်ပါကြောင်း၊ အနာဂတ်မျိုးဆက်သစ် လူငယ်မောင်မယ်များအနေဖြင့် ယခုဖြစ်ပေါ်လျက်ရှိသည့် သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရရှိရန်နှင့် ထိခိုက်မှုလျော့နည်းစေရန် ကြိုတင်ပြင်ဆင်လုပ်ဆောင်တက်သည့် အလေ့အကျင့်ကောင်းများ ရရှိရန်လိုအပ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နေမှုများအား လျော့ပါးစေရန်ထက် သဘာဝဘေးအန္တရာယ် ကြောင့်ထိခိုက်ဆုံးရှုံးမှုများအား လျော့နည်းစေရန် ဆောင်ရွက်ပေးခြင်းက ပိုမိုထိရောက်နိုင်ပါကြောင်း၊ သဘာဝဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းစဉ်များအား အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် သဘာဝဘေးကြောင့် ထိခိုက်ပျက်ဆီးမှုများအား လျော့ချ နိုင်မည်ဖြစ်ကာ ပြည်သူလူထုအနေဖြင့် ရာသီအလိုက် ဖြစ်ပေါ်တက်သည့် မည့်သည့်ဘေး အန္တရာယ်အမျိုးမျိုးကိုမဆို အသိသတိရှိစွာဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်၏ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးဆိုင်ရာ အထူးကိုယ်စားလှယ် နှင့်(UNDRR)၏ အကြီးအကဲ Mr. Karmal Kishore သဝဏ်လွှာ သတင်းစကားရုပ်သံ Video Massage ၊ သဘာ၀ဘေးလျော့ပါးရေးလှုပ်ရှားမှု မှတ်တမ်းတင် Video နှင့် သဘာဝဘေးလျော့ပါး ရေးဆိုင်ရာ အသိပညာပေးတေးသရုပ်ဖော် Video တို့အား ကြည့်ရှုအားပေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် စာစီစာ ကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြု ဆုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင် ဓါတ် ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး ခန်းမ အတွင်းပြသထားသော သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ကူညီကယ် ဆယ်ရေးပစ္စည်း များနှင့်ကူညီကယ်ဆယ်ရေးလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

20241015 04

20241015 04

20241015 04

20241015 04

20241015 04

20241015 04

20241015 04

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဆရာ တော်၊သံဃာတော်များထံ လှူဖွယ်ပစ္စည်းများဆက် ကပ်လှူဒါန်းခြင်းနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

မုံရွာ၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ပညာရောင် ခြည်ကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာတော်များအတွက် လှူဖွယ်ပစ္စည်းများနှင့် ဆွမ်း ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီးရှိ ဓမ္မာရုံတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြ ပြီး မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ပညာရောင်ခြည်ကျောင်းတိုက် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးအား ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ မြို့သစ်ရပ် ကွက်ရှိ ဗန္ဓုလ ဈေး၌ အလျား – ၂၇၉ ပေ၊ အနံ – ၂၄ ပေ၊ RC ၂ ထပ် စေျးရုံအဆောက်အဦသစ် တည်ဆောက်ရေးလုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်း မီအရည်အသွေးကောင်းမွန်စွာဖြင့် သက်မှတ်ကာလတွင် တည်ဆောက်ပြီးစီးရေး၊ တည်ဆောက် ရေးလုပ်ငန်းများပြီးစီးပါက ဈေးဆိုင်ခန်းများအား စနစ်တကျခွဲဝေချထားပေးရေးနှင့် လုပ်ငန်းခွင်
အန္တရာယ်ကင်းရှင်းရေးတို့အား မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဗန္ဓုလ ဈေးကြီးအတွင်း ဈေးရောင်းချနေသူများနှင့် ဈေးဝယ်လာရောက်ကြသည့် ရပ်ကွက်နေပြည်များအား ရင်းရင်းနှီး နှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

20241012 08

20241012 08

20241012 08

20241012 08

20241012 08

20241012 08

20241012 08

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.