၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ အဆင့်မြင့်စက်ချုပ်နည်းပညာ သင်တန်း ဆင်းပွဲကျင်းပ
မုံရွာ၊ အောက်တိုဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အဆင့်မြင့်စက်ချုပ်နည်းပညာ သင်တန်း ဆင်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၁ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုဦးစီးဌာနရုံးရှိ Incubation Center ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသေးစားကုန်ထုတ်လုပ်ငန်း များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် သမဝါယမကဏ္ဍနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျ ထွန်းကားစေပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် လာစေရန် စီမံဆောင်ရွက်ပေးခြင်းဖြင့် မြို့ပြနှင့်ကျေးလက်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်း မြောင်းစေမည်ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများအတွက် ဖွင့်လှစ်ခဲ့သည့် စီမံကိန်းသင်တန်း များသည် ဒေသခံပြည်သူများတောင်းဆိုသည့် စက်ချုပ်နည်းပညာသင်တန်းများအား အဓိက ထားဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း၊ ယခုတက်ရောက်ခဲ့သည့် သင်တန်းသူများထဲမှ ထူးချွန်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်လိုသည့် သင်တန်းသူ(၅)ဦးအားရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများကို ငှာရမ်းအသုံးပြုခွင့် ပေးသွားမည်ဖြစ်သလို ထူးချွန်ဆုများ လည်းပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ သင်တန်းအား ကြိုးစားလေ့လာတက်ရောက် ပြီးလုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသူများမှ ကြိုးစားဆောင်ရွက်သွားရ မည်ဖြစ်သကဲ့သို့ သင်တန်းတက်ရောက်သူများ အားလုံးအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းထူထောင်ပြီး နေ့စဉ်ဝင်ငွေရရှိအောင်စွမ်းဆောင်နိုင်ကာ အောင်မြင်သည့် အသေးစား၊ အငယ်စားစီးပွား ရေးလုပ်ငန်းရှင်များ ဖြစ်လာကြစေရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းထံ သင်တန်းသူ တစ်ဦးက သင်တန်းသူများကိုယ်တိုင်ချုပ်လုပ်ထားသည့် အကောင်းဆုံးဝတ်စုံ ၅ စုံအား အမှတ်တရလက်ဆောင်ပေးအပ်ပြီး တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦး စီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းသူတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များ အားပေးအပ်ကာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကာ ပြန်လည်ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သင်တန်းသူများ နှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းသူများကိုယ်တိုင် ချုပ်လုပ် ထားသည့် အဝတ်ထည်များအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။





စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မုံရွာမြို့၊ အလုံရပ်ကွက်ရှိ ဒက္ခိဏာရုံကျောင်းတိုက်ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများနှင့် တစ်လစာ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးဆက် ကပ်လှူဒါန်း
မုံရွာ၊ အောက်တိုဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဆရာတော်၊ သံဃာတော်များ ဝါတွင်းကာလအတွင်း စိတ်အေး ချမ်းသာစွာဖြင့် တရားဘာ၀နာများ ပွားများနိုင်စေရန်နှင့် ဆွမ်းအခက်အခဲမရှိ စေရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလုံရပ်ကွက်၊ ဒက္ခိဏာရုံကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာတော်များအတွက် လှူဖွယ်ပစ္စည်းများနှင့် တစ်လစာ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီးရှိ ဓမ္မာရုံ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြ ပြီး မုံရွာမြို့၊ အလုံရပ်ကွက်၊ ဒက္ခိဏာရုံကျောင်းတိုက် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ပင့်သံဃာဆရာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများနှင့် တစ်လစာ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး အား ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



