slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခြင်းနှင့် အောင်န

မုံရွာ၊ နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူ များ လိုက်ပါလျက် နိုဝင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းဝန်း အတွင်းရှိ ဘောလုံးကွင်းနှင့် သတ်မှတ်အားကစားရုံများတွင် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် မြောက် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ပြေးခုန်ပစ်၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ခရာတေး၊ အလေးမ နှင့်လက်ဝှေ့ အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှု အား ပေးကြသည်။

ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများ၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့်ရင်းရင်း နှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်ကစားသမားများအနေဖြင့် မိမိတို့ဝင်ရောက်ယှဉ်ပြိုင်သွားမည့် အားကစားနည်းများအလိုက် ဆုတံဆိပ်နှင့် စံချိန်သစ်များရရှိအောင် အစွမ်းကုန်လေ့ကျင့်ကြိုးစား ယှဉ်ပြိုင် သွားကြရန် လိုအပ်ပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီးဂုဏ်အား အားကစားဖြင့်မြှင့်တင် နိုင်ရေးအတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချလေ့ကျင့်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်း ပပြုလုပ်သည့် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အားက စားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအားကစားအသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားအနေဖြင့် အားကစားနည်းများအလိုက် အနိုင်မခံအရှုံးမပေးစိတ်ဓာတ် မလျှော့သောဇွဲ၊လုံ့လ၊ကြိုးစားမှုများဖြင့် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်သွားကြ ရန်လိုအပ်ပါကြောင်း၊ အုပ်ချုပ်/နည်းပြ/ကစားသမားများအားလုံးအနေ ဖြင့်လည်း မိမိတာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းကဏ္ဍများအလိုက် ကိုယ်စွမ်းဉာဏ် စွမ်းရှိသရွေ့ တာဝန်ကျေပွန်အောင် အလေးထားကြိုးစား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယခုပြိုင်ပွဲကြီးသည် အားကစားမောင်မယ်များနှင့် မိမိတို့တိုင်းဒေသကြီး အတွက် အားကစားလူချွန်လူကောင်းများဖြစ်ကြောင်း ပြသနိုင်မည့် အခွင့်အလမ်း ကောင်းတစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံ့လက်ရွေးစင်အဆင့် ရွေးချယ်ခံရမည့် အခွင့်အ လမ်းလည်းဖြစ်ပါ၍ ရရှိလာသည့်အခြေအနေအချိန်အခါတွင် ရေကုန်ရေခမ်း အားထုတ်ကြိုး ပမ်းသွားကြရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲကြီးသို့ သွား ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအားလုံး အနေဖြင့် မိမိတို့တိုင်းဒေသကြီး၏ဂုဏ်ကို မိမိတို့စွမ်းဆောင်ချက်ဖြင့် မြှင့်တင်နိုင်ရမည်ဆိုသည့် အမျိုးသားရေးစိတ်ဓာတ်နှင့် ကြိုးစားယှဉ်ပြိုင်ခဲ့ကြရန်နှင့် မလျှော့သောဇွဲ၊ လုံ့လတို့ဖြင့် ဥပဒေဘောင်အတွင်းမှ ရင်ဆိုင်ယှဉ်ပြိုင်ရင်း အားကစားနည်းတိုင်း ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄ -ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်း တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများအတွက် စခန်းသွင်းလေ့ကျင့်စရိတ် ဂုဏ်ပြုထောက်ပံ့ငွေကျပ် သိန်း – ၁၂၉၄၅၀၀၀၀ (သိန်းတစ်ထောင်နှစ်ရာ့ကိုးဆယ်လေး သိန်းငါးသောင်းကျပ်)အား တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူး နှင့် အသင်းအုပ်ချုပ်သူထံအားလည်းကောင်း၊ အောင်နိုင်ရေးအလံအား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့ထံ ပေးအပ် သည်။

ဆက်လက်၍ တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေး မှူး ဦးအောင်ဇော်လွင်က အားကစားနည်းများအလိုက် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး အားကစားနည်းများအလိုက် တာဝန်ခံ တစ်ဦးက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါအားကစားရုံအတွင်း ခင်း ကျင်း ပြသထားသည့် အားကစားလေ့ကျင့်ရေးပစ္စည်းများနှင့် ပြိုင်ပွဲဝင် အားကစားသမားအား ထောက်ပံ့ပေးအပ်သွားမည့် အားကစားပစ္စည်များအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ အား ကစားကွင်းအတွင်း ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အား ကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဘောလုံး၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု၊ ဖူဆယ် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှု အားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုး သားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် အား ကစားနည်း(၂၁)နည်းတွင် အုပ်ချုပ်၊ နည်းပြ၊ ဒိုင်၊ ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း – ၄၄၃ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

20241129 01

20241129 01

20241129 01

20241129 01

20241129 01

20241129 01

20241129 01

20241129 01

20241129 01

20241129 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄-ခုနှစ်၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစား ပြိုင်ပွဲများ ဆုချီးမြှင

မုံရွာ၊ နိုဝင်ဘာ ၂၇

၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အား ကြိုဆိုဂုဏ်ပြု သောအားဖြင့် ၂၀၂၄-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင် ဘာလ ၂၇ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပရာ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ ဒီဂရီကောလိပ်ကိုယ်စားပြု ဆုရအားကစားအသင်းများမှ အုပ်ချုပ်/နည်းပြ/ အားကစား သမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်/ခရိုင် အားကစားပြိုင်ပွဲများအား အားကစားနှင့်ကာယ ပညာဦးစီးဌာနရုံးချုပ်၏ အားကစားပြက္ခဒိန်ကိုအခြေခံပြီး ကျင်းပပေးခဲ့သည့်အပြင် ယခုဝန်ကြီး ဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ အားကစား ပြိုင်ပွဲများကိုလည်း အခါအားလျော်စွာ ကျင်းပပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုလို အားက စားပြိုင်ပွဲများကျင်းပပေးရခြင်းအားဖြင့်အားကစား နည်းအလိုက် လူငယ်မျိုးဆက်သစ် အားကစားသမားများ ရှာဖွေဖော်ထုတ်ပေးနိုင်မှာဖြစ်ပြီး နိုင်ငံတော်၏ အားကစားအဆင့် အတန်းတိုးတက်မြင့်မားလာစေကာ ပြည်သူလူထုအတွင်း ဆေးလိပ်၊ အရက်၊ ကွမ်းယာ နှင့်မူးယစ်ဆေးဝါးသုံးစွဲမှုများ တစ်ဖက်တစ်လမ်းမှ လျော့နည်းကင်းဝေးနိုင်မည်ဖြစ်ကာ ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံတော်မှ အားထားရသော လူငယ်လူရွယ်အင်အားစုတစ်ရပ်အား မွေးထုတ်ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုကျင်းပခဲ့သည့် ဝန်ကြီးဌာနများနှင့်တက္ကသိုလ်/ ဒီဂရီ ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲကြီးအား တိုင်းဒေသကြီးအဆင့်နှင့်လျှော်ညီစွာ အောင်အောင် မြင်မြင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည့် အတွက် အားကစားနည်းအလိုက် ပြိုင်ပွဲဝင် အသင်းတိုင်းမှ တာဝန်ရှိသူများ အုပ်ချုပ်/နည်းပြ/အား ကစားသမားများနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူအားလုံးအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄- ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄-ခုနှစ်၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစား ပြိုင်ပွဲများတွင် စုပေါင်းတံခွန်စိုက်ဆု ပထမဆုရရှိသည့် လူမှုရေးရာဝန်ကြီးဌာနအသင်း၊ ဒုတိယဆုရရှိသည့် စည်ပင်သာယာရေးအဖွဲ့နှင့် တတိယဆုရရှိသည့် မုံရွာပညာရေးဒီဂရီ ကောလိပ်တို့မှ အသင်းအုပ်ချုပ်သူများထံ တံခွန်စိုက်ဆုနှင့်ငွေသားဆုများအား ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ၏ဇနီးက စုပေါင်းနှစ်သိမ့် တံခွန်စိုက်ရရှိသည့် ကွန်ပျူ တာ/နည်းပညာ/စက်မှုလက်မှုအသင်းအားဆုတံဆိပ်နှင့်ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္က သိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများက ဝန်ကြီးဌာန များနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပြိုင်ပွဲဝင်အသင်း ၁၄ သင်းမှ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိကြသော ပြိုင်ပွဲဝင်အသင်းများအား ဆုတံဆိပ်၊ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စုပေါင်းနှစ်သိမ့် တံခွန်စိုက်ဆုများအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် တိုင်းဒေသကြီအဆင့် ဌာနဆိုင်ရာများ ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်အနားတွင် ပါဝင်ကူညီအားဖြည့်ပေးခဲ့ကြသည့် ဘင်ခရာ/ ပန်းပွား၊ Fitness Dance နှင့် အလံကိုင်/ဆိုင်းဘုတ်ကိုင်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေ များ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာသူများ၊ ဝန်ကြီးဌာန များနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ကိုယ်စားပြု ဆုရအားကစားအသင်းများမှ အုပ်ချုပ်/ နည်းပြ/အားကစားသမားများနှင့် နေ့လည်စာအတူတကွ သုံးဆောင်ခဲ့ကြောင်း သိရ သည်။

20241128 01

20241128 01

20241128 01

20241128 01

20241128 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.