၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့ပေါ်ရှိ ရပ်ကွက်/ကျေးရွာ များ၌ ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှု လုပ်ငန်းများအား လိုက်လံကြည့်ရှုအားပေး
မုံရွာ၊ အောက်တိုဘာ ၁
၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၌ ကောက်ကွက် ပေါင်း ၁၅၁ ကွက်တွင် စာရင်းစစ် ၁၄ ဦး၊ စာရင်းကောက် ၅၀ ဦးဖြင့် အောက်တိုဘာလ ၁ ရက်၊ နံနက် ၇ နာရီအချိန်မှစတင်၍ ကောက်ယူဆောင်ရွက်လျက်ရှိရာသို့ စစ်ကိုင်းတိုင်း ဒေသကြီး သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဉက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများမှ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအား တစ်အိမ်တက်ဆင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှု များအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့ နယ်၊ ခေါင်ခမ်းကျေးရွာအတွင်းရှိ အိမ်ထောင်စုများအား တစ်အိမ်တက်ဆင်း လူဦးရေ နှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ကျေးရွာနေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
၂၀၂၄-ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နံနက် ၇ နာရီအချိန်တွင် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဟုမ္မလင်းခရိုင်ဦးစီးမှူးနှင့် စာရင်းစစ်၊စစ်ရင်း ကောက်များမှ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် ရန် ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရိပ်သာ၌ ခေတ္တရောက်ရှိနေသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအား သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းအား ဆောင် ရွက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအား တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသနှင့် ခရိုင် ၁၃ ခရိုင်အတွင်းရှိ မြို့နယ်ပေါင်း ၂၇ မြို့နယ်၌ ကောက်ကွက်ပေါင်း ၁၉၇၆ ကွက်၊ စာရင်းစစ် ၂၅၂ ဦး၊ စာရင်းကောက် ၇၇၄ ဦး စုစုပေါင်း ၁၀၂၆ ဦးဖြင့် ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ခြင်း အခမ်း အနား ကျင်းပ
မုံရွာ၊ အောက်တိုဘာ ၁
ချင်းတွင်းမြစ်ကမ်းတစ်လျှောက်ရှိ မြို့နယ်/ရပ်ကွက်/ကျေးရွာများရှိ ဒေသခံပြည် သူများ ငါးစားသုံးမှုဖူလုံစေရေးနှင့် မြစ်ချောင်းများအတွင်း ငါးသယံဇာတပေါများစေရေး တို့အတွက် ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို အောက်တိုဘာ လ ၁ ရက်၊ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့၊ ချင်းတွင်းမြစ်အတွင်း ကျင်းပရာ အခမ်အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နေပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ မြို့နေပြည်သူများနှင့် ဒေသခံတိုင်းရင်းသားများမှ ချင်းတွင်းမြစ်အတွင်း ၂ လက်မအရွယ်ရှိ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၅၀၀၀၀ နှင့် ငါးခုံးမကြီး ငါးသား ပေါက်ကောင်ရေ ၅၀၀၀၀ စုစုပေါင်းကောင်ရေ ၁ သိန်းအား တစ်ပျော်တစ်ပါး ချင်းတွင်း မြစ်အတွင်း ငါးမျိုးများ စိုက်ထည့်ပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ငါးမျိုးစိုက်ခြင်း အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



