slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြိးချုပ် ဦးမြတ်ကျော် ခန္တီးမြို့နယ်၊ ဒေသခံတောင်သူများအား ဆောင်းနေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်

မုံရွာ၊ နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ ညနေ ပိုင်းတွင် ခန္တီးမြို့နယ်၊ အောင်သာကျေးရွာရှိ ဒေသခံတောင်သူများအား ဆောင်းနေကြာမျိုး စေ့များထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများစာရေရိက္ခာဖူလုံစေရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများမှ အလေးထားပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုကာလသည် မိုးသီးနှံများ ရိတ်သိမ်းဆဲအချိန်ဖြစ်ပြီး ဆောင်သီးနှံများစတင် စိုက်ပျိုးရန်ပြင်ဆင် နေချိန်လည်း ဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် စစ်မှန်သည့်အထွက်ကောင်းစပ်မျိုးများအား အသုံးပြုစိုက်ပျိုးမှသာ သတ်မှတ်ပန်းတိုင်အထွက်နှုန်းရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဆောင်းနေကြာ မျိုးစေ့များထောက်ပံ့ပေးအပ်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်မှုအပေါ် အထောက်အပံ့ပြုကာ ဒေသတွင်း ဆီဖူလုံမှု ပြည့်ဝလာမည်ဖြစ်ပါ၍ တောင်သူများမှလည်းစိုက်ပျိုးရေးဦးစီးဌာန၏ ခေတ်မီ စိုက်ပျိုးနည်းစနစ်များအတိုင်း စနစ်တကျလိုက်နာစိုက်ပျိုးခြင်းဖြင့် ပန်းတိုင်းအထွက်နှုန်းများရရှိပြီး လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက ခန္တီးမြို့နယ်၊ အောင်သာကျေးရွာရှိ ဆောင်းနေကြာစိုက်ဧက ၅၀ အတွက် တောင်သူ ၃၀ ဦးထံ မျိုးစေ့များနှင့်ရွတ်ဖျန်းမြေသြဇာများအား ဒေသခံတာင်သူများထံ ထောက်ပံ့ပေးအပ် ကြသည်။

ဆက်လက်ပြီ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံတာင်သူများအားထောက်ပံ့ပေးအပ်မည့် ရေဆင်း(၁)စပ်မျိုးနေကြာ မျိုးစေ့များနှင့် ရွတ်ဖြန်းမြေသြဇာများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီး-ဖားလမုန်း-တာမခံ-ညောင်ပင်လမ်းပေါ်ရှိ မိုင်တိုင်- ၂/၀ မှ ၃/၀ ကြားအား လမ်းအနိမ့်အမြင့်ဖြေညှိခြင်းနှင့် ကျောက်ရောမြေခင်းခြင်း လုပ်ငန်းခွင့်သို့ရောက်ရှိရာ တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ခန္တီးခရိုင် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ် သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ လုပ်ငန်းများဆောင်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

20241126 07

20241126 07

20241126 07

20241126 07

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လဟယ်မြို့ နယ် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း အမှတ်စဉ် (၅/၂၀၂၄)ဖွင့်ပွဲတက်ရောက်

မုံရွာ၊ နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာလ ၂၃ ရက်၊ မွန်းလွဲပိုင်းတွင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၊ တိုက်‌ရံကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး ကော်မတီနှင့်တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း အမှတ်စဉ်(၅/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် နာဂဒေသလဟယ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စားရေ ရိက္ခာ ဖူလုံစေရေးအတွက် စနစ်ကျ လယ်ယာများဖော်ထုတ်ပေးနေမှု အခြေအနေများနင့် လယ်ယာသုံးစက်ကိရိယာများ၊ မျိုးစေ့ချ ကိရိယာများအား ပြည့်စုံလုံလောက်မှုရှိစေရေးတို့အတွက် ထောက်ပံ့ပေးအပ်လျှက် ရှိပါကြောင်း၊ နာဂဒေသအတွင်း ရာသီဥတုကောင်းမွန်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန် စနစ်ကျ ကုန်းမြင့်လယ်ယာများ ဖော်ထုတ်စိုက်ပျိုးခြင်းဖြင့် ရွေ့ပြောင်းတောင်ယာ စိုက်ပျိုးမှုစနစ်ပပျောက်‌ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဒေသခံတိုင်းရင်းသား သင်တန်းသားများအနေဖြင့်လည်း ယခုသင်တန်းမှပို့ချပေးမည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု စာတွေ့၊လက်တွေ့ နည်းပညာများအား စိတ်ပါဝင်စားစွာဖြင့် လေ့လာ သင်ကြားသွားကြပြီး လက်တွေ့အသုံးချခြင်းဖြင့် ဒေသအကျိုးကိုဖော်ဆောင်သူများ ဖြစ်ကြပါ စေလိုကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်း အမှတ်စဉ်(၅/၂၀၂၄) ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး‌နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းတွင်အသုံးပြုသွားမည့် လယ်ယာသုံး လက်တွန်းထွန်စက်များနှင့် မြေဖွစက်များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း အမှတ်စဉ် (၅/၂၀၂၄)တွင် လဟယ်မြို့နယ်အတွင်းရှိ တိုက်ရံကျေးရွာ၊ အံ့ပေါ်ကျေးရွာ၊ ဝုန်ညူးနောင်ကျေးရွာ နှင့်လကျန်းကျေးရွာတို့မှ သင်တန်းသား ၂၀ ဦး တက်ရောက်ကာ သင်တန်းကာလ ရက်သတ္တ ၂ ပတ်ကြာ စာတွေ့၊လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ တိုက်ရံကျေးရွာရှိ ဒေသခံတောင်သူများ စားရေရိက္ခာဖူလုံစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရမှ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် လယ်ယာအမြေ ၁၉၀ ဧကအတွင်းရှိ စိုက်ပျိုးထားသည့် မိုးစပါးများရိတ်သိမ်းနေမှု အခြေအနေများနှင့် စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ပြီးစီးမှုနှင့် ဆောင်သီးနှံစိုက်ပျိုးရန်အတွက် ပြင်ဆင်ရန်လိုအပ်မှုများအား ကြည့်ရှုစ်စစ်ဆေးပြီး ရေရရှိသည့်နေရာများတွင် နှစ်သီးစိုက်ပျိုးရေးနှင့် ရာသီအလိုက်စိုက်ပျိုးသည့် သီးနှံများအား ပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း အသေးစိတ် မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ တိုက်ရံကျေးရွာရှိ ကုန်းမြင့်လယ်ယာဘက်စုံသုံးခန်းမ အလျား – ၆၀ ပေ၊ အနံ ၊ ၃၀ ပေ၊ အမြင့် – ၁၂ ပေ RC တစ်ထပ် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး ပြီးလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် လဟယ်-လောင်ကျန်း၊ နောက်ကုန်း- တိုက်ရံ-လန်ထိန်လမ်းရှိ အရှည် – ၂၀ ပေရှိ ကွန်ကရစ်တံတား တည်ဆောက် ပြီးစီးမှုအားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့ နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့သည့် လဟယ်မြို့နေပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်နှင့် အပန်းဖြေနိုင်စေရန်အတွက် တစ်ရက်လျှင် ရေဂါလံ ၁၅၀၀၀၀ ခန့် ထွက်ရှိသည့်စိမ့်စမ်းရေအား ဆည်ပိတ်ကာ ပြန်လည်တူးဖော်ခဲ့သည့် အကျယ် ၃ ဧကကျော်နှင့် အနက် ၁၂ ပေရှိ ရေဂါလံ ၉၈ သိန်းကျော် သိုလှောင်ထားနိုင်သည့် မိုးဒါန်းကန်အား မြို့နေပြည်သူများ အပန်းဖြေအနားယူနိုင်သည့် သာယာလှပသော အနားယူလည်ပတ်ရန်နေရာအဖြစ် တိုးမြှင့်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

20241126 01

20241126 01

20241126 01

20241126 01

20241126 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.