၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လဟယ်မြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
မုံရွာ၊ စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ နာဂကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့် အဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းတွင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးတို့က ဆရာတော်ကြီးထံ လှူဘွယ်ပစ္စည်းများ၊ ဆွမ်းဆန်တော်၊ဆီ၊ဆား၊ပဲများနှင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းရှိ ကျောင်းသူ/သူများအတွက် ကျောင်းဝတ်စုံများ၊ ကျောင်းသုံးဗလာစာအုပ်များ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့တို့မှလည်း လဟယ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း ဆရာတော်ထံ ဝတ္ထုငွေ၊ ဆန်၊ဆီ၊ဆားတို့အား ဆက်ကပ်လှူဒါန်းကာ အဆိုပါကျောင်းရှိ ကျောင်းသူ/သူများကို ကျောင်းဝတ်စုံများ၊ ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူ များသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ လဟယ်မြို့ရှိ ဟွေထိုက် အသေးစားရေအား လျှပ်စစ်စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ အမှတ်- ၂ တည်ဆောက်ရေးမှ လက်ထောက်ညွှန်ကြားရေးမှူးမှ ဟွေထိုက် အသေးစား ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ပြီး စီးမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများအား အရည် အသွေးကောင်းမွန်စွာဖြင့် စံချိန်စံညွှန်းမီကာသက်မှတ်ကာလတွင် အချိန်မီပြီးစီးရေး၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများလုပ်ငန်းခွင်သို့ အချိန်မီရောက်ရှိရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးတို့အား မှာကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟွေထိုက် အသေး စားရေအားလျှပ်စစ်စီမံကိန်း ပင်မတမံ၊ ရေသွယ်မြောင်း၊ ရေလွှဲရေထုတ်ပြွန် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
အဆိုပါ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ လဟယ်မြို့ရှိ ဟွေထိုက် အသေးစားရေအား လျှပ်စစ်စီမံကိန်းသည် ဟွေထိုက်ချောင်းပေါ်တွင် ရေထိန်းတမံတစ်ခုတည်ဆောက်၍ ရေသို လှောင်ပြီးရရှိလာမည့် ရေအားအမြင့်ကိုအသုံးပြလျက် ၄ မဂ္ဂါဝပ် တပ်ဆင်စက်အင်အားရှိ လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ကာ နှစ်စဉ်လျှပ်စစ်ဓါတ်အား ၂၀.၃၁၈ ကီလိုဝပ်နာရီ သန်းပေါင်းအား ထုတ်လုပ်နိုင်မည်ဖြစ်ပြီး လဟယ်မြို့နှင့် အနီးဝန်းကျင်ကျေးရွာများအား လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်သည်။
ယင်းနောက် လဟယ်မြို့နေ ပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်နှင့် အပန်းဖြေနိုင်စေရန်အတွက် တစ်ရက်လျှင် ရေဂါလံ ၁၅၀၀၀၀ ခန့် ထွက်ရှိသည့်စိမ့် စမ်းရေအား ဆည်ပိတ်ကာ ပြန်လည်တူးဖော်ခဲ့သည့် အကျယ် ၃ ဧက ကျော်နှင့် အနက် ၁၂ ပေရှိ ရေဂါလံ ၉၈ သိန်းကျော် သိုလှောင်ထားနိုင်သည့် မိုးဒါန်းကန် ဆောင်ရွက်ပြီးစီးမှုအား လိုက်လံ ကြည့်ရှုစစ် ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လမ်းအထူး (၁၉)အဖွဲ့မှ ဆောင်ရွက်နေသည့် ခန္တီး-ဆင်သေ-လဟယ်လမ်းပေါ်ရှိ လဟယ်မြို့အဝင် လမ်းအား လမ်းပခုံးသားတိုးချဲ့နေမှု၊ မြေထိန်းနံရံများကြံ့ခိုင်မှုရှိစေရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လဟယ်မြို့အဝင် မုဒ်ဦးတည်ဆောက်ပြီးစီးမှုတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၂၈ ရက်၊ မွန်းလွဲပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ရှိ နာဂရိုးရာယဉ် ကျေးမှုပြတိုက်၌ ကျင်းပပြုလုပ်သော လဟယ်မြို့ရှိ ဒေသအဆင့်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက် ရောက်ကြရာ လဟယ်မြို့ နှင့် နန်းယွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက မိမိတို့ မြို့နယ်အလိုက် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း ရှိမြို့နယ်များ၏ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဖြည့်စွက် ဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များဝင်က မိမိတို့ဌာနများအလိုက် တာဝန်ယူဆောင်ရွက်နေသည့် နာဂကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များ၌ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပညာရေး၊ ကျန်း မာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မြို့သန့်ရှင်းသာယာလှပရေး နှင့် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်း အရာကောက်ယူရေးဆိုင်ရာ လုပ်ငန်းများပူး ပေါင်းဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက လဟယ်မြို့ဖွံ့ဖြိုးတိုးတက် အတွက် လိုအပ်သည်များအား ဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှု အဖွဲ့အား ငွေကျပ် ၁၀ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက လုံခြုံရေးတာဝန်များထမ်းဆောင်နေသူများအတွက် ငွေကျပ် ၁၀ သိန်းအားလည်း ကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဒေသအဆင့်ဌာနဆိုင်ရာ ဝန် ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီးက မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက နန်းယွန်းမြို့နယ် ဌာနဆိုင် ရာဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်း အားလည်းကောင်း တာဝန်ရှိသူများထံ အသီး သီးထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လဟယ်မြို့ ဒေသခံတောင်သူများအတွက် ဆီထွက်သီးနှံနေကြာမျိုးစေ့များ ထောက်ပံ့ပေး အပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများအား ဒေသတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ ဆောင်ရွက် ပေးနိုင်မည်ဖြစ်သဖြင့် တာဝန်ရှိသူများအားလုံးမှ အလေးထားဆောင်ရွက်သွားကြရန်၊ နာဂဒေသအတွင်းရှိ ဒေသခံပြည်သူများ လူမှုစီးပွားဘ၀များဖွံ့ဖြိုးတိုး တက်ရေးအတွက် နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လမ်းပန်းဆက် သွယ်ရေး အပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် နာဂဒေသအတွင်းရှိ တိုင်းရင်းသား ပြည်သူများ စားရေရိက္ခာပေါများရေးအတွက် စိုက်ပျိုးမွေးမြူထုတ်လုပ်ရန် ဌာနဆိုင်များနှင့်ဒေသခံပြည်သူများမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်မှုအခြေ အနေများကို အသေးစိတ်ရှင်းလင်းမှာကြားကာတက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။









စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော် တက်ရောက်
မုံရွာ၊ စက်တင်ဘာ ၂၈
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို စက်တင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်း ဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လဟယ်မြို့ပေါ်ရှိ အခြေခံပညာကျောင်း များမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ကျောင်းသား မိဘများတက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးသက်လေးဦး၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းတို့က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါမုဒ်ဦးရှေ့ တွင်စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကာ ဘင်ခရာ/ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ချီးမြှင့်ကြပြီး လဟယ်မြို့ပေါ်ရှိအခြေခံပညာကျောင်းများမှ ကျောင်းသား/ သူများက ကြိုဆိုကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းရှိ ချယ်ရီမြိုင်ခန်းမတွင် ကျင်းပပြုလုပ်သော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ လဟယ်မြို့၊ အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်း ကျောင်းမှ ကျောင်းသား/သူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” တေး သီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကျောင်းသားလူငယ်များ အတွက် စာပေဖတ်ရှုသည့် အဝန်းအဝိုင်းအား ဖော်ဆောင်ပေးရာတွင် စာသင်ကျောင်း တိုင်းတွင် စာကြည့်တိုက်များ ထားရှိပေးရမည်ဖြစ်ပါကြောင်း၊ ကျောင်းစာကြည့်တိုက်များ အပြင် ရပ်ကွက်/ကျေးရွာများတွင် ဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များ၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် စာကြည့်တိုက်များအား ကျောင်းသား လူငယ်များသွားရောက် စာပေဖတ်ရှုကြရန် ဆရာ၊မိဘနှစ်ရပ်လုံးမှ ပူးပေါင်းဆောင် ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ ကျောင်းသာ/သူများအနေဖြင့် နိုင်ငံတော်နှင့် ပြည် သူအားအကျိုးပြုမည့် စာကောင်းပေမွန်များအား ဖတ်ရှုလေ့လာသွားကြရန် လိုအပ်ပါ ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စာတတ်သူတိုင်းစာဖတ်ကြရန်၊ ကျောင်းသား/သူ လူငယ်လူရွယ်များ စာကြည့်တိုက်သို့သွားရောက်ပြီး စာပေဖတ်ရှုသည့် အလေ့အထ ဖြစ်စေရန် အသိပညာပေးခြင်းများအား ဆက်လက်ဆောင်ရွက်ပေးသွားကြရန် လိုအပ် ပါကြောင်း၊ စာပေဖတ်ရှုခြင်းမှတစ်ဆင့် စဉ်းစားတွေးခေါ်ဉာဏ်နှင့် အသိပညာများ ပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်လာမှာဖြစ်ပါ ကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းအားဖြင့် အသိပညာဗဟုသုတပြည့်ဝပြီး တိုင်းပြည် အတွက်အားထားရသည့် တန်ဖိုးထားရသော အနာဂတ်ခေါင်းဆောင်များ၊လူတော်လူကောင်း များဖြစ်အောင် ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လဟယ်မြို့နယ် ပညာရေးမှူးထံ လဟယ်မြို့ပေါ်ရှိ အခြေခံပညာကျောင်း ၅ ကျောင်း၏ကျောင်းစာကြည့်တိုက်များအတွက် ထောက်ပံ့ငွေကျပ်သိန်း၅၀ အားပေးအပ်ပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုး တက်ရေးနှင့်စာဖတ်ရှိန် မြှင့် တင်ရေးပွဲတော် ကျပန်းစကေားပြောပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသာ/သူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့်မှတ်တမ်း လွှာများအား ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အထိမ်းအမှတ် အထက်တန်း/အလယ်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲ၊ စာစီ စာကုံးပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် မှတ်တမ်းလွှာများအား အသီး သီး ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းစာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အထိမ်းအမှတ် ကျပန်း စကားပြောပြိုင်ပွဲ၊ ရသစာပေစာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲတို့တွင် ပထမဆုရရှိ သော ကျောင်းသား/သူများက ပြန်လည်တင်ဆက်မှုများအား ကြည့်ရှုအားပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက “ စာပေပဒေသာ ဝေဆာမည််” Video Clip အား ကြည့်ရှုအားပေးကာ လဟယ်မြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/သူများနှင့် နာဂတိုင်းရင်းသား ကျောင်းသား/သူများက တေး သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက သီဆိုကပြဖျော်ဖြေပေးသွားကြသော ကျောင်းသား/သူများနှင့် တိုင်းရင်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကာတက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်း ဝန်းအတွင်းရှိ စာသင်ခန်းများ၌ ကျင်းပပြုလုပ်လျက်ရှိသည့် စာစီစာကုံးပြိုင်ပွဲ၊ ပုံပြော ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများနှင့် နာဂဒေသ ထွက်ကုန်ပစ္စည်းများနှင့် နိုင်ငံတော်ဖွံ့ဖြို့တိုးတက်မှု မှတ်တမ်းဓါတ်ပုံများအား လိုက်လံ ကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းဝန်း အတွင်း ခါးလှည့်ကွင်းပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ပူစီးဖောင်းဖောက်ပြိုင်ပွဲများ ယှဉ် ပြိုင်နေမှုများအား လိုက်လံကြည့်ရှုခဲ့အားပေးကာ ပြိုင်ပွဲများတွင်ဆုရရှိကြသည့် ကျောင်း သား/သူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/ သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ နာဂရိုးရာယဉ်ကျေးမှုပြတိုက်၌ ကျင်းပပြုလုပ်သော ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းဝေးနှင့် စာရင်းစစ်/စာရင်းကောက် သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး သန်ခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဉက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းသား၊သူများအနေဖြင့် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်မှုအပေါ် မိမိ တို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိမှတ်ပြုပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေး နှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ကြရာတွင် တာဝန်ရှိသူအားလုံးမှ အလေးနက် ထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး သန်ခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေး မှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးက လဟယ်မြို့နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင် စွာကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ် သန်ခေါင်စာရင်းကြီးကြပ်မှု ကော်မတီ ဉက္ကဌများက မိမိတို့မြို့နယ်များအတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌထံ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက် ယူနိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် သိန်း ၃၀ အားပေးအပ်ကာ သင်တန်းသား/သူများထံ စာရင်းစစ်/စာရင်းကောက် ခန့်အပ်လွှာ များ ပေးအပ်ခဲ့ကြ ကြောင်းသိရသည်။







သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



