၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိကျောင်းတိုက်ကြီးများမှ ဆရာတော်၊သံဃာတော် များအား ဆွမ်းနှင့်ဆွမ်းဟင်းလောင်းလှူ
မုံရွာ၊ စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ဘုန်း တော်ကြီးကျောင်း ၁၀ ကျောင်းရှိ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်း လောင်းလှူပွဲနှင့် သီလရှင်ကျောင်း ၆ ကျောင်းရှိ သီလရှင်ဆရာကြီး/ဆရာလေးများအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် အရာ ထမ်း၊အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများနှင့် မိသားစုဝင်များ တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများက ပင့်သံဃာဆရာတော်၊ သံဃာတော်များ အား ဆွမ်းနှင့်ဆွမ်းဟင်းများ၊ သစ်သီးနှင့်အချိုပွဲများ လောင်းလှူကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သံဃာတော် များ အားစနစ်တကျဖြင့် ဆွမ်းနှင့်ဆွမ်းဟင်းများနှင့် သစ်သီးနှင့်အချိုပွဲများအား တစ်ပျော်တစ် ပါးလောင်းလှူနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ဆွမ်းလောင်းလှူပွဲသို့ လာ ရောက်ကြသူများအား ရင်းရင်းနီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့်ဌာန ဆိုင်ရာများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများက သီလရှင်ဆရာကြီး၊ဆရာလေးများ အား ဆွမ်းဆန်စိမ်းများနှင့်ဝတ္ထုငွေများ လောင်းလှူခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ဆရာတော်၊သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ဆရာလေးများအား ဆွမ်းနှင့်ဆွမ်း ဟင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရှိ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့်မိသားစုဝင်များမှ လစဉ် လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။







စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင် အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်း အဝေး (၆/၂၀၂၄)တက်ရောက်
မုံရွာ၊ စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည် ဖော်ဆောင်ရွက် နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး (၆/၂၀၂၄)ကို စက်တင်ဘာလ ၂၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေး ခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ရွှေဘိုခရိုင်နှင့် မုံရွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ဟန်ချက်ညီညီပူးပေါင်း အကောင် အထည်ဖော် ဆောင် ရွက်နေပါကြောင်း၊ ကုန်သွယ်လုပ်ငန်းများစီးဆင်းမှု၊ ကုန်ဈေးနှုန်းများတည်ငြိမ်မှုအတွက် မြို့ဝင်/မြို့ထွက်ဂိတ်များအပါအဝင် စစ်ဆေးရေးလုပ်ငန်းများအား ဆောင်ရွက်နေသူများ အနေဖြင့်လည်း ခရီးသွားပြည်သူများအပေါ် အဂတိတရား (၄)ပါးကင်းရှင်း စွာဖြင့်ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဒါမှသာမိမိတာဝန် ဌာနတာဝန်နှင့် နိုင်ငံ့တာဝန်များ အား ထမ်းဆောင်နိုင်မည့် နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ဂုဏ်ယူဝံ့ကြွားနိုင်မည် ဖြစ် ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် အဓိကသီးနှံ(၁၀)မျိုးနှင့်ပတ်သက်၍ ပန်းတိုင်အထွက် နှုန်းရရှိအောင် တိုင်း/ခရိုင်/မြို့နယ် စိုက်ပျိုးရေးကြီးကြပ်ညှိနှိုင်းမှုကော် မတီအဖွဲ့ဝင်များ နှင့်ခရိုင်/မြို့နယ်၊ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မွေးမြူရေးကဏ္ဍတွင်လည်း တိရစ္ဆာန်အစာပင် စိုက်ပျိုးနိုင်ရေးအား စနစ်တကျစိုက်ပျိုးရန် လိုအပ်သကဲ့သို့ တိုင်းဒေသ
ကြီးအတွင်း အသားထုတ်လုပ်မှု၊ ဥဖူလုံမှုရှိစေရန် အထူးလိုအပ်ပါကြောင်းနှင့် အမှန် တကယ်စိုက်ပျိုးထုတ်လုပ်မှုရှိမှသာ ပြည်သူများအနေဖြင့်စားသုံးမှုတွင် ဈေးနှုန်းသက် သာစွာဖြင့်စားသုံးနိုင်မည် ဖြစ်ပါကြောင်း၊ တင်ဒါလုပ်ငန်းဆောင်ရွက်နေမှုများအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများအား လုံး ၅၀ ရာခိုင်နှုန်းကျော် ပြီးသင့်နေပြီဖြစ်ပါကြောင်း၊ လုပ်ငန်းများမြန်ဆန်စွာပြီးမှသာ ပြည်သူများအနေဖြင့် ဖွံ့ဖြိုးမှုနှင့်အကောင်အထည်ဖော်သည့် လုပ်ငန်းများ၏ရလာဒ်အား စောလျင်စွာခံစားကြရမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် စနစ်တကျဖြစ် စေရေးနှင့် အရည်အသွေးကောင်းမွန်စေရေးတို့အား အလေးထားလုပ်ဆောင်သွား ကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်အားလုံးသည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ ချမှတ်ထားသည့် အမျိုးသားရေးရည်မှန်းချက်၊ နိုင်ငံရေးရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များအား အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ကာ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် အောင်အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးဟန်က (၅/၂၀၂၄) အစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအပေါ် ဌာနဆိုင်ရာများမှ လိုက် နာဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရှင်းလင်းဆွေးနွေး တင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် အကောင် အထည်ဖော် ဆောင်ရွက်နေ သည့်လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့်စီမံရေးဆိုင်ရာများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သာယာလှပရေးနှင့် မြို့နယ်များ အတွင်း အခြေခံစားသောက်ကုန်များ ရောင်းချပေးနေမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဖြင့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ အား အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ ရွှေဘိုခရိုင်၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက မိမိတို့ ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည် ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီး သီးရှင်းလင်းတင်ပြပြီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက် လာသူများက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူ များ၏ အသီးသီး ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



