slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့၊ ရာပြည့်ကပ်ကျော်စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော် ၄ ဆူအား မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် တတိယအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား ကျင်းပ

မုံရွာ၊ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့၊ ရာပြည့်ကပ်ကျော် စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော် ၄ ဆူအား မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို နိုဝင်ဘာလ ၁၅ ရက်၊ တန်ဆောင်တိုင်လပြည့်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရာပြည့်ကပ်ကျော်စေတီတော်ကြီးတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်များ၊ မြို့မိမြို့ဖများ နှင့်အလှူရှင်များ တက်ရောက်ကြ သည်။

ဦးစွာ အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိတ်သတ်များက ဗုဒ္ဓရုပ်ပွားတော်အား သြကာသကန့်တော့ချိုးဖြင့် ရှိခိုးပူဇော်၍ ဗုဒ္ဓပူဇာ ဝန္ဒနာ ပဏာမ ကုသိုလ်ဆည်းပူးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဆက်ကပ်ပူဇော်မည့် မသိုးရွှေကြာသင်္ကန်းတို့အား ကြာကလပ်တော်ဖြင့် ကပ်လှူပူဇော်ကြပြီးတိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်ဇနီးတို့က အနောက်အရပ်ရှိ ကဿပဘုရားရှင်ရုပ်ပွားတော်မြတ်အား မသိုးရွှေကြာသင်္ကန်းအား ဝတ်ရုံသပ္ပာယ်တော်မူကာ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အရှေ့ရပ်၊ တောင်အရပ်နှင့် မြောက်အရပ်တို့ရှိ ကဿပဘုရားရှင်ရုပ်ပွားတော်မြတ်များအား မသိုးရွှေကြာသင်္ကန်းများ ဝတ်ရုံသပ္ပာယ်တော်မူကြသည်။

ဆက်လက်ပြီး ပင့်သံဃာဆရာတော်၊ သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အာရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ရာပြည့်ကပ်ကျော်စေတီတော်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် အန္တရာယ် ကင်းပရိတ်တရားတော်ရွတ်ပွားသရဇ္စျာယ်ခြင်းနှင့် သံဃာတော်အပါး ၁၀၀၀ ဆွမ်း ဆန်စိမ်းလောင်းလှူခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပရာ ပင့်သံဃာဆရာတော်၊ သံဃာတော်များနှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိတ်သက်များက “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

ယင်းနောက် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ သာစံ ကျောင်းတိုက် သက်တော်ရှည် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက ကိုးပါးသီလခံယူဆောက် တည်ကြသည်။

ယင်းနောက် ပင့်သံဃာဆရာတော်၊ သံဃာတော်များက ရာပြည်ကပ်ကျော်စေတီတော် မြတ်ကြီးအား ဗုဒ္ဒါဘိသေက အနေကဇာတင်ခြင်းနှင့် ရတနသုတ်၊ မေတ္တာသုတ် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူကြသည်။

ဆက်လက်၍ ပင့်သံဃာဆရာတော်၊ သံဃာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လှူဖွယ်ဝထ္တု ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တပညာဝံသ ဆရာတော် ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အနုမောဒနာ တရားနာယူ ကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာသနံ စိရံတိဌတု ” သုံးကြိမ် ရွတ်ဆိုဆုတောင်းပြီး ဗုဒ္ဒါဘိသေက အနေကဇာတင်ခြင်း အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တတိယ အကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆန်စိမ်းနှင့် လှှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲ အခမ်းအနားကို ရာပြည့်ကပ်ကျော်စေတီတော်မြတ်ကြီးရှိ အရှေ့ဘက်ကန်သာယာတွင် ကျင်း ပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၏ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း များ၊ အလှူရှင်များနှင့် လုပ်ငန်းရှင်များက သံဃာတော်အပါး ၁၀၀၀ နှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန် စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများက ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များနှင့် လုပ်ငန်းရှင်များမှ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ တစ်ပျော်တစ်ပါး လောင်းလှူနေမှုများအား လိုက်လံကြည့်ရှုအားပေး ခဲ့ကြသည်။

အဆိုပါ တတိယအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်း အနားတွင် မုံရွာခရိုင်အတွင်းရှိ ချောင်းဦးမြို့နယ်၊ အရာတော်မြို့ နယ်၊ ဘုတလင်မြို့နယ်၊ မုံရွာ မြို့နယ်တို့မှ ဆရာတော်၊သံဃာတော် ၈၉၀ ပါးနှင့် သီလရှင်ဆရာကြီး/ဆရာလေး ၁၁၀ ပါးအား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြောင်း သိရသည်။

20241118 14

20241118 14

20241118 14

20241118 14

20241118 14

20241118 14

20241118 14

20241118 14

20241118 14

20241118 14

20241118 14

20241118 14

20241118 14

20241118 14

20241118 14

20241118 14

20241118 14

20241118 14

20241118 14

20241118 14

20241118 14

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု ဓာတ်မြေသြဇာနှင့်စက်သုံးဒီဇယ်ဆီများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

မုံရွာ၊ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု ဓာတ်မြေသြဇာနှင့်စက်သုံးဒီဇယ်ဆီများ ထောက် ပံ့ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများနှင့် မုံရွာ မြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအဓိကအားပြု လုပ်ကိုင်ဆောင်ရွက်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ် သည်နှင့်အညီ တိုင်းဒေသကြီးအတွင်း နှစ်စဉ်စိုက်ပျိုးလျက်ရှိသည့် စပါး၊ဆီထွက်သီးနှံနှင့် ဝါသီးနှံအပါအဝင် သီးနှံမျိုးစုံအား စိုက်ဧကလျာထားချက်ပြည့်မီရေးနှင့် ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများ ကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် စီးပွားရေးမူဝါဒများအား ခိုင်မာစွာချမှတ်ပြီး စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ ပိုမိုကျယ် ပြန့်စွာထုတ်လုပ်နိုင်ရေး၊ လယ်ယာကဏ္ဍကုန်ထုတ်စွမ်းအားများမြင့်မားလာစေရေး၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရေးနှင့် ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသည့် စားနပ်ရိက္ခာများထုတ်လုပ်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးကူညီဆောင်ရွက် လျက်ရှိပါကြောင်း၊ စိုက်ပျိုး ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ဖြင့် စနစ်တကျ ဆောင်ရွက်မည်ဆိုပါက သတ်မှတ်ထား သည့်ပန်းတိုင် ရည်မှန်းချက်များအတိုင်း သီးနှံများထွက်ရှိနိုင်မည် ဖြစ်ပါကြောင်း တိုင်းဒေသကြီးအနေဖြင့် ကူညီပံ့ပိုးပေးမှုများနှင့်အတူ စိုက်ပျိုးရေးပညာရှင်များ၏ စိုက်ပျိုး နည်းပညာများ ဖြန့်ဝေပေးမှုများအား တောင်သူ လယ်သမားများအနေဖြင့် ကြိုးစားအား ထုတ်လိုက်နာဆောင်ရွက်ကြမည်ဆိုပါက စိုက်ပျိုးသီးနှံများအထွက်တိုးပြီး တောင်သူများ ဝင်ငွေတိုးပွား၍ ဓနအင်အားဖြိုးကြွယ်ဝကာ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်လာပြီး နိုင်ငံ့စီးပွားမြင့်မားလာမည်မှာ ဧကန်မလွဲနိုင်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များမှ စစ်ကိုင်းတိုင်းဒေ သကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် မိမိတို့ဌာနများအလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင်များက မုံရွာမြို့နယ်အတွင်းရှိကျေးရွာ ၁၂ ရွာမှ ဒေသခံတောင်သူ ၅၀၀ ဦးအတွက် ကျေးရွာကိုယ်စားလှယ်များထံ သွင်းအားစုဓာတ်မြေသြဇာ ၅၀၀ အိတ် နှင့်စက်သုံးဒီဇယ်ဆီ ဂါလံ ၁၂၀၀ တို့အား အသီးသီး ထောက်ပံ့ပေးအပ်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာကြသည့် ဒေသခံတောင်သူများ အားရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါရုံးဝန်းရှိ သင်တန်းခန်းမတွင် မုံရွာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား တိုင်းဒေသကြီး စိုက်ပျိုး ရေးစီးဌာနရုံးမှ ဝန်ထမ်းများက YSR-1 စပါးမျိုးသစ်၏ အရည်အချင်းလက္ခဏာများအား လေ့လာနိုင်ရန်အတွက် စံပြကွက်စိုက်ပျိုးနည်းနှင့် ဝါသီးနှံအလိုက် သီးနှံအဟာရဓါတ် ဖြည့်တင်းမှုစမ်းသပ်ခြင်းများအား ရှင်းလင်းဆွေးနွေးနေမှုအား ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါရုံးဝန်း အတွင်း စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်ပျိုးဉယျာဉ်၊ YSR-1 စပါးမျိုးသစ်နှင့် ဆင်းသု ခစပါးမျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ခင်းနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်း၊ နှင်းသီးနှံ အသင့်တော်ဆုံး ထုတ်လုပ်မှုပမာဏစီရောက်ရှိရေး စမ်းသပ်စိုက်ခင်းနှင့် ချည်မျှင်ရှည်ဝါ ရွှေတောင်-၁၀ စိုက်ခင်းများ စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

20241118 08

20241118 08

20241118 08

20241118 08

20241118 08

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.