slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၅/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

မုံရွာ၊ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း (၅/၂၀၂၄)သင်တန်း ဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂၀ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း ဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဝင်များ၊ မိခင်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပညာခေတ်လို့ခေါ်ရ သည့်နည်းပညာခေတ်ကြီးထဲတွင် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသ ကြီးအတွင်းမှာရှိကြသည့် လူငယ်လူရွယ်များအား ခေတ်နှင့်လိုက်လျောညီထွေစွာ တတ် ကျွမ်းသင့်သည့် ကွန်ပျူတာပညာရပ်များအား သင်ယူလေ့လာနိုင်စေရန် မုံရွာမြို့အပါ အဝင် မြို့ပေါင်း(၆)မြို့တွင်ရှိသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများ တွင်ဖွင့်လှစ်သင်ကြားနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် ဒေသတွင်းလူငယ်လူရွယ်များ စဉ်ဆက်မပြတ် နည်းပညာများ လေ့လာသင်ယူ နိုင်ရေး ကွန်ပျူတာအခြေခံသင်တန်းများအား ဖွင့်လှစ်ပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်အတွင်း သင်တန်းအကြိမ်ရေပေါင်း(၁၇)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား/သူ စုစုပေါင်း (၂၅၄) ဦးတက်ရောက်သင်ယူနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင်လည်း အမှတ်စဉ်(၅)အထိ သင်တန်း အကြိမ်ရေပေါင်း(၂၄)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ရာ သင်တန်းသား/သူ စုစုပေါင်း (၄၀၂)ဦးအား တက်ရောက်သင်ယူနိုင်ခဲ့ပါကြောင်း၊ လူငယ်များအနေဖြင့် သင်ယူတတ်မြောက်ထားရမည့် အခြေခံကျွမ်းကျင်မှုများ အပြင် အနာဂတ်အတွက်ပါမျှော်မှန်းပြီး အမြဲတမ်းသင်ယူလေ့ကျင့်ထားခြင်းဖြင့် မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးများအား တိုးတက်သထက် တိုးတက်အောင် အစဉ်အမြဲသင်ယူ လေ့ကျင့်နေကြရန်နှင့် ကွန်ပျူတာနည်းပညာများ ပိုမိုကျယ်ပြန့်စွာ အသုံးပြုမှသာ အလုပ် အကိုင်အခွင့်အလမ်းများရရှိကာ နည်းပညာဘက်တွင်လည်း ကျွမ်းကျွမ်းကျင်ကျင်၊ မှန်မှန်ကန်ကန် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့် အနာဂတ်တွင် နိုင်ငံတော်တာဝန်များအား ပခုံးပြောင်းထမ်းဆောင်ကြမည့် နိုင်ငံတော်၏ ခေါင်းဆောင်များ ဖြစ်လာကြမည့် လူငယ်လူရွယ်များအား အသိပညာ၊ အတတ် ပညာများတိုးပွားရရှိစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂ ဗလဆိုသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့်လည်း မိမိတို့ သင်ယူခဲ့သည့် ကွန်ပျူတာပညာရပ်များဖြင့် မိမိတို့ဘဝတိုးတက် အောင်မြင်ရေးအတွက် ကြိုးစားဆောင်ရွက်ကာ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုအောင် ကြိုးပမ်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက မုံရွာခရိုင် ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးထံ ကွန်ပျူတာအခြေခံသင် တန်း များဖွင့်လှစ်မှုအတွက် ငွေကျပ် – ၁၀၇၇၀၀၀ (တစ်ဆယ်သိန်း ခုနှစ်သောင်းခုနှစ်ထောင် ကျပ်)အား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရေးဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက သင်တန်းနည်းပြထံ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့် ငွေအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က သင်တန်သား/သူများထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများနှင့် သင်တန်း သား/သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး အဆိုပါရုံးဝန်းအတွင်း ခင်းကျင်းပြ သထားသော လှပသာယာပြည်မြန်မာရောင်စုံဓါတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

1 10 2021 04

1 10 2021 04

1 10 2021 04

1 10 2021 04

1 10 2021 04

1 10 2021 04

1 10 2021 04

1 10 2021 04

1 10 2021 04

1 10 2021 04

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၉/၂၀၂၄) အစည်းအဝေး တက်ရောက်

မုံရွာ၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၉/၂၀၂၄) အစည်းအဝေးကို စက်တင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီအတွင်း ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရေး လုပ်ငန်းကော်မတီအနေဖြင့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း (၂)မျိုးအား မုံရွာမြို့တွင် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး စစ်ကိုင်း၊ ကလေးစသည့် ဟိုတယ်၊တည်းခိုရိပ်သာ အများ အပြားရှိသည့်မြို့များတွင် ယခုလိုဝန်ဆောင်မှုသင်တန်းများ ဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများမှ စီစဉ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့၌ မိမိတို့တိုင်းဒေသကြီးပြခန်းတွင် ခရီးစဉ်ဒေသဓာတ်ပုံများ၊ အကြောင်း အရာများ၊ ဒေသထွတ်ကုန်များ၊ စားသောက်ကုန်များနှင့် အမှတ်တရပစ္စည်းများအား စုံစုံလင် လင်ပြည့်ပြည့်စုံစုံ ခင်းကျင်းပြသနိုင်ရေး ဟိုတယ်ခရီးတိုင်းဒေသကြီးရုံးမှ ဆောင်ရွက်နေ ခြင်းဖြစ်သည့်အတွက် ဆက်စပ်ဌာနများနှင့် လုပ်ငန်းရှင်များအနေဖြင့်လည်း လိုအပ်သည် များ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး၏ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာတည်းခို နေထိုင်ရေး တို့အတွက် အခုလိုလစဉ်လတိုင်း မပျက်မကွက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာများ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ ၈/၂၀၂၄ ၏ အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲ အခြေအနေများ၊ ယခုအစည်း အဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များ၊ တိုင်းဒေသကြီး အတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများနှင့် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားတွင် တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဇုန်များ၊ အထင်ကရနေရာများနှင့် ဒေသထွက်ကုန်များပြသသွားမည့် လုပ်ငန်း များအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီး သွားလုပ် ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသများပတ်ဝန်းကျင် များတွင်သန့်ရှင်း သာယာလှပရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ လုံခြုံရေးအခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက်ရောက်လာသူများ၏ အကြံပြုဆွေး နွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

20240920 01

20240920 01

20240920 01

20240920 01

20240920 01

20240920 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.