slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကုန် ဈေးနှုန်းတည်ငြိမ် ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်း အစည်း အဝေး(၃/၂၀၂၄) တက်ရောက်

မုံရွာ၊ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကုန် ဈေး နှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၃/၂၀၂၄)ကို စက်တင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် မုံရွာမြို့ပေါ်ရှိ ကုန်သည်/စက်မှုအသင်း၊ ကြက်/ငုံး/နို့စားနွားမွေးမြူရေးလုပ်ငန်းရှင်များနှင့် မုန့်လုပ်ငန်း ရှင်များတက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အတွင်း ကုန်စေျးနှုန်းတည်ငြိမ်ရေးအတွက် စားသာက်ကုန်နှင့်လူသုံးကုန်များအား ဖူလုံ ပြည့်ဝစွာထုတ်လုပ်နိုင်ပါက ကုန်ဈေးနှုန်းတည်ငြိမ်မည်ဖြစ်ပါ၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် MSME လုပ်ငန်းများကို တိုးမြှင့်ထုတ်လုပ်သွားကြရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊သားငါးကဏ္ဍနှင့် MSME ထုတ်ကုန်လုပ်ငန်းများအား တိုးမြှင့်ထုတ်လုပ်ခြင်း ဖြင့်ပြည်သူများအလုပ်အကိုင်အခွင့် အလမ်းများရရှိခြင်း၊ ထုတ်ကုန်များပေါများခြင်းနှင့် ကုန်ဈေးနှုန်းမြင့်မားမှုမရှိစေရေးအတွက် အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ ပြည််ပမှတင်သွင်းဖြန့်ဖြူးရသည့် စက်သုံးဆီ၊စားသုံးဆီများကို လည်းသတ်မှတ်ရည် ညွှန်းဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ် စနစ်တကျမှန်ကန်စွာ ဖြန့်ဖြူးရောင်းချသွားကြ ရန်နှင့် ဆန်နှင့်ဆေးဝါးများအား ဈေးနှုန်းမြှင့်တင် ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ဈေး ကစားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ မရှိစေရေးအတွက် တာဝန်ရှိသူများမှ မြေပြင် အထိကွင်းဆင်း၍ အနီးကပ်ကြီးကြပ်မှုများ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးမွေးမြူထုတ်လုပ်မှုအား အား ပေးပံ့ပိုးခြင်း၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်များအား ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ တရား မဝင်ကုန်သွယ်မှုနှင့် ဥပဒေနှင့်မညီသည့် မတော်လောဘစီးပွားရေး၊ ကုန်ဈေးနှုန်းတည် ငြိမ်မှုအား ပျက်ပြားစေမည့်ကိစ္စရပ်များ မဖြစ်အောင်ထိန်းကျောင်းကြပ်မတ်ခြင်း၊ ကုန် စည်စီးဆင်းမှုမှန်ကန်စေရေး၊ ကုန်ကြမ်းလုံလောက်စွာ ဝင်ရောက်စေရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ်မှုများမရှိအောင် တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မိမိတိုင်းဒေသကြီးအတွင်း ကုန်စေျးနှုန်းတည်ငြိမ်ရေး အတွက် ဌာနဆိုင်ရာများ၊ MSME လုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် စိုက် ပျိုးရေးတောင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကာ တိုင်းဒေသကြီး၏ ကုန်စေျးနှုန်း တည်ငြိမ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအနေဖြင့် တိုင်းဒေသကြီးအတွင်း ကုန် ဈေးနှုန်းတည်ငြိမ်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မုံရွာမြို့ပေါ်ရှိ ကုန်သည်/ စက်မှုအသင်း၊ ကြက်/ငုံး/နို့စားနွားမွေးမြူရေးလုပ်ငန်းရှင်များနှင့် မုန့်လုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ထုတ်လုပ်တင်ပို့ ဖြန့်ဖြူးရောင်းချနေမှုများနှင့် ပူးပေါင်းဆောင်ရွက် ပေးလိုသည်များအား အသီးသီးဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့မှ မိမိတို့ခရိုင်အတွင်း မြို့နယ်များ၌ ကုန်စေျးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ အား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ကုန်စေျးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ ဆောင် ရွက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူ များ၏ အသီးသီးဖြည့်စွက်ဆွေးနွေး အကြံပြုတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ ကြောင်း သိရသည်။

20240916 01

20240916 01

20240916 01

20240916 01

20240916 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ၊ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်များ၊ မုံရွာခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ ၁၂ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာလေဆိပ်သို့ ရောက်ရှိကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာလေဆိပ်အတွင်းရှိ လေယာဉ်ပြေးလမ်းတစ်လျောက် လေယာဉ်အတက်အဆင်း အဆင်ပြေချောမွေ့စေရန် ပြေးလမ်းများနှင့်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ လေဆိပ်အတွင်းရှိ ခရီးသည် နားနေဆောင်များတွင် ခရီးသည်များစိတ်အေးချမ်းသာစွာဖြင့် နားနေနိုင်ရေးအတွက် သန့်ရှင်းသပ်ရပ်မှုနှင့်စနစ်တကျရှိစေရေး၊ လေဆိပ်အတွင်းရှိ အဆောက်အဦများအတွင်း အပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့နှင့် လေဆိပ်အဆောက်အဦအပြင်ရှိ လမ်းများပေါ် တွင်ရေဝပ်မှုမရှိစေရေးအတွက် ရေနှုတ်မြောင်းများဖောက်လုပ်ရေး၊ ယာဉ်ရပ်နားမည့် နေရာများ စနစ်တကျရှိစေရေး၊ လေဆိပ်ပတ်ဝန်းကျင် အရိပ်ရသစ်ပင်များနှင့် အလှပန်း ပင်များစိုက်ပျိုးရေးတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ မုံရွာလေဆိပ်တာဝန်ခံမှ လေဆိပ်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိ စေရေးအတွက် နေ့စဉ်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အမှတ် (၂) အခြေခံပညာနှင့်စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(အလုံ)သို့ ရောက်ရှိရာ ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုများအား လိုက်လံ
ကြည့်ရှုအားပေးခဲ့ကြပြီး ဆရာ/ဆရာများနှင့် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှတ်(၂)အခြေခံပညာနှင့်စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၏ အဆောင်များတွင် သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး၊ စား သောက်ရေးနှင့်နေထိုင်ရေးများ အဆင်ပြေစေရန်အတွက် လိုအပ်သည်များအား တာဝန် ရှိသူများအား မှာကြားကာ ဆရာ/ဆရာမများနှင့် ကျောင်းသာ/သူများ၏ တင်ပြချက်များ အပေါ်လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20240913 01

20240913 01

20240913 01

20240913 01

20240913 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.