slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာတက္ကသိုလ်(မုံရွာ)၌ သတ္တမအကြိမ် တီထွင်ဖန်တီးမှုပြ ပွဲအခမ်းအနား ကျင်းပ

မုံရွာ၊ စက်တင်ဘာ ၁၁

အစဉ်အမြဲတိုးတက်နေသည့် နည်းပညာများအား အမီလိုက်နိုင်ရန်နှင့် မိမိတက်သိ ထားသောပညာရပ်များဖြင့် ဖန်တီးနိုင်သည့် ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု ပရောဂျက် များပေါ်ထွက်လာစေရန် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် အရည်အသွေးပြည့်၀ သော IT ပညာရှင်များအဖြစ် မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ) သတ္တမအကြိမ် တီထွင်ဖန်တီးမှုပြပွဲ အခမ်းအနားကို စက် တင်ဘာလ ၁၁ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပ ရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္ကသိုလ် (မုံရွာ)ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်း သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ကမ္ဘာသည် IT နည်း ပညာအားအသုံးချပြီး အသစ်၊အသစ်သောနည်းပညာများအား အပြိုင်အဆိုင် ပြုလုပ်လျှက် ရှိပါကြောင်း၊ ကျောင်းသူ/ကျောင်းသားများအနေဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင် အောင်အစဉ်တစိုက် အားထုတ်ကြိုးပမ်းသွားကြရန် လိုအပ်ပါကြောင်း၊ ကမ္ဘာတဝှမ်းမှ တိုင်းပြည်များတွင်လည်း ပြည်သူလူထုအား ဝန်ဆောင်မှုတိုးမြှင့်နိုင်ရေးအတွက် ဒစ်ဂျစ် တယ်စနစ်ဖော်ဆောင်မှုအား အရေးကြီးကဏ္ဍအနေဖြင့် ဦးစားပေးဆောင် ရွက်လျက်ရှိ ပါကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် ကျောင်းသားဗဟိုပြု သင်ကြား/သင်ယူမှုစနစ် အားကျင့်သုံးပြီး ကျောင်းသား/သူများ၏ စဉ်းစားတွေးခေါ်မှု၊ ဆန်းသစ်တီထွင်ဖန်တီးမှု စွမ်းရည်များအား အားပေးသည့် သင့်တော်မည့်သင်ခန်းစာများကို လေ့ကျင့်ခန်းများ၊ သင်ကြားနည်းစနစ်များ၊ လုပ်ငန်းစဉ်များအား ရွေးချယ်အသုံးပြုပြီး ကျောင်းသား/သူများ ၏နိုးကြားတက်ကြွသည့် Active Learning ဖြစ်အောင် လေ့ကျင့်သင်ကြားပေးသွားကြရန် လိုအပ်ပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့်လည်း စုပါင်းစွမ်းအားဖြင့် IT နယ် ပယ်အား ဆက်လက်တိုးတက်စေရန် အနာဂတ်မျိုးတက်သစ် နည်းပညာဆိုင်ရာ ခေါင်း ဆောင်ကောင်းများ ဖြစ်လာကြစေရန် အလေးထားကြိုးစားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ်မှ သတ္တမအကြိမ် တီထွင် ဖန်တီးမှုပြပွဲ အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကွန်ပျူ တာတက္ကသိုလ်(မုံရွာ)မှ ကျောင်းသား/သူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြ သည်။

ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ပါမောက္ခချုပ်ထံ တေးသီချင်းများဖြင့် ကပြဖျော်ဖြေပေးသွားကြသော ကျောင်းသား/သူများအတွက် ဂုဏ် ပြုချီးမြှင့်‌ငွေများပေးအပ်ကာ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက် ကူးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသော ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ကျောင်းသား၊ကျောင်းသူများ ကိုယ်တိုင်စုပေါင်းတီထွင်ဖန်တီးထားသည့် ပရောဂျက်ပြခန်း ၃၃ ခန်းတို့အား လိုက်လံ ကြည့်ရှုအားပေးရာ ကျောင်းသား/သူများက မိမိတို့နှင့်သက်ဆိုင်သည့် ပရောဂျက်ပြခန်း များနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းပြသကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

20240911 01

20240911 01

20240911 01

20240911 01

20240911 01

20240911 01

20240911 01

20240911 01

20240911 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ၊ စက်တင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်များ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ ၉ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ ကားကြီးကွင်းဖြတ်လမ်း ရတနာပုံလမ်းမှ နှစ် ၇၀၀ ပြည်သူ့အားကစားကွင်းလမ်းဆုံအထိ လမ်းသားချဲ့၍ အခြေခံအလွှာပြုပြင်ခြင်းနှင့် နိုင်လွန် ကတ္တရာခင်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိကြသည်။

ဦးစွာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က စစ်ကိုင်းမြို့ပေါ်ရှိ ကားကြီးကွင်းဖြတ်လမ်း၊ ရွှေမင်းဝံလမ်း၊ ထူပါရုံလမ်းနှင့် မင်းလမ်းရပ် ကွက်ရှိ ဇေယျာမန်းလမ်းများအား လမ်းသားချဲ့၍ အခြေခံအလွှာပြုပြင်ခြင်းနှင့် နိုင်လွန် ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်း လင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ လမ်းသားချဲ့၍ အခြေခံအလွှာပြုပြင်ခြင်းနှင့် နိုင်လွန်ကတ္တရာခင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်ရှိ မြို့သစ်ရေဆိုးထုတ်ကန်သို့ ရောက်ရှိရာ တာဝန်ရှိသူများမှ မြို့သစ် ရေဆိုးထုတ်ကန် ကျောက်စီရေဆိုးထုတ်မြောင်း ဆောင်ရွက်မည့်လုပ်ငန်း အခြေအနေ များအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရပ်ကွက်နေပြည်သူများ စိတ် အေးချမ်းသာစွာဖြင့် ကျန်းမာစွာနေထိုင်နိုင်ရေးနှင့် သန့်ရှင်းသောလေရရှိစေရေးအတွက် လုပ်ငန်းများ စနစ်တကျဆောင်ရွက်သွားကြရန် မှာကြားကာ တင်ပြချက်များအပေါ် လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ လေး ကျွန်းမြေအုဌ်ကျောင်း ကျောင်းတိုက်ကြီးအတွင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း ရွေ့လျားဆေးခန်းမှ စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်များနှင့်ကျေးရွာများမှ ဒေသခံပြည်သူများ အား သြဂုတ်လ ၂၃ နေ့မှ စတင်၍ အခမဲ့ ဆေးကုသပေးနေမှုအား သွားရောက်ကြည့်ရှု အားပေးပြီး ဒေသခံပြည်သူများနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆရာဝန်များ၊ သူနာ ပြုများနှင့် တာ ဝန်ရှိသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်မာသက္က ရာဇ် ၆၇၃ ခုနှစ်တွင် စစ်ကိုင်းမြို့၊ မင်းဝံတောင်ရိုး၌ တည်ထားခဲ့သည့် နှစ်ပေါင်း ၇၁၃ နှစ် ကြာ မင်္ဂလာထွဋ်ခေါင်စေတီတော်ကြီးသို့ ရောက်ရှိရာ စေတီတော်ကြီးပတ်ဝန်းကျင် သန့် ရှင်းသပ်ရပ်ရေးအား လိုက်လံကြည့်ရှုစစ်ဆေးပြီး စေတီတော်ကြီးအား ရှေးမူမပျက်ထိန်း သိမ်းစောင့်ရှောက်ရေးနှင့် ယိုယွန်းပျက်စီးနေသည်များအား ပြန်လည်ပြုပြင်ရေးလုပ်ငန်း များဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20240910 08

20240910 08

20240910 08

20240910 08

20240910 08

20240910 08

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.