slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး (၂၅) ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်း- စက်တင်ဘာ- ၈

စစ်ကိုင်းတိုင်းဒေသကြီး (၂၅) ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကစစ်ကိုင်းပညာရေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင် များ နှင့် ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က(၂၅)ကြိမ်မြောက်ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အဖွင့်အမှာစကားပြောကြားရာတွင် “စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အဆင့်မီမီ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား တာဝန်ပေးကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြန်လည်ကျင်းပချိန်မှစ၍ ပြိုင်ပွဲဝင်များအနေဖြင့် ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါကြောင်း၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ ပြီးစီးသွားသည့်အခါ ဗဟိုအဆင့်သို့ ဆက်လက်ယှဉ်ပြိုင်နိုင်ရေး စခန်းသွင်းလေ့ကျင့်သွားမည်ဖြစ်ပါကြောင်း၊ ယခုပြိုင် ပွဲတွင် အကဲဖြတ်ပညာရှင်ကြီးများအနေဖြင့်လည်း သမာသမတ်ရှိရှိ ရွေးချယ်ပေးကြရန် မှာကြားလို ပါကြောင်း၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ ချမှတ်ထားသည့် ဦးတည်ချက် (၄) ရပ် နှင့်အညီ လက်ဆင့်ကမ်းထိန်းသိမ်း ခဲ့ကြသည့် ရိုးရာယဉ်ကျေးမှုအနုပညာအမွေအနှစ်တွေကို ဖော်ထုတ်ပြသမည့် ပြိုင်ပွဲဝင်များ အားလုံးသည် မိမိတို့၏ အနုပညာအရည်အသွေးတွေကို အစွမ်းကုန်ဖော်ထုတ်ယှဉ်ပြိုင် သွားကြရန် တိုက်တွန်းလိုပါ‌ကြောင်း” ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြတ်မြတ်သော်၊ အနုပညာရှင် ပန်တျာဦးမြကြည်တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်ပြီး နိုင်ငံတော်ရွှေတံဆိပ်ဆုရှင် ဒေါ်ဧကရီဗိုလ်ဗိုလ်နှင့်အဖွဲ့က နိုင်ငံတော်ရွှေတံဆိပ်ဆုရှင် တေးရေးဝန်းသိုနိုင်လင်း ရေးစပ်သီကုံးသည့် “ ပွဲ” သီချင်းအား သီဆို ဧည့်ခံဖျော်ဖြေခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအဆင့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အခြေခံပညာအဆင့်(၁၀-၁၅) (အမျိုးသား) (အမျိုးသမီး) တစ်ဦးချင်းအက၊ အခြေခံပညာအဆင့်(၁၅-၂၀) (အမျိုးသား) (အမျိုးသမီး) တစ်ဦးချင်းအက၊ အဆင့်မြင့်ပညာ (အမျိုးသား) (အမျိုးသမီး) တစ်ဦးချင်းအက၊ အဆိုပြိုင်ပွဲတွင် အခြေခံပညာ(၁၀-၁၅) (အမျိုးသား) (အမျိုးသမီး)၊ အခြေခံပညာ(၁၅-၂၀) (အမျိုးသား) (အမျိုးသမီး)၊ အဆင့်မြင့်ပညာ (အမျိုးသား) (အမျိုးသမီး)၊ ဝါသနာရှင်ပထမတန်း၊ ဒုတိယတန်း (အမျိုးသား) (အမျိုးသမီး) မဟာဂီတ၊ ခေတ်ဟောင်း/ကာလပေါ်၊ အခြေခံပညာ(၁၀-၁၅) (အမျိုးသား) (အမျိုးသမီး) ၊ အခြေခံပညာ(၁၅-၂၀) (အမျိုးသား) (အမျိုးသမီး) ၊ အဆင့်မြင့်ပညာ (အမျိုးသား) (အမျိုးသမီး)၊ ဝါသနာရှင်ပထမတန်း၊ ဒုတိယတန်း(အမျိုးသား) (အမျိုးသမီး)၊ အမျိုးဂုဏ်/ ဇာတိဂုဏ်ပြိုင်ပွဲတွင် အဆင့်မြင့် ပညာ (အမျိုးသား)(အမျိုးသမီး)၊ ဝါသနာရှင်ဒုတိယတန်း (အမျိုးသား)(အမျိုးသမီး)၊ အတီးပြိုင်ပွဲတွင် ဆိုင်းတစ်ဦးချင်း၊ စောင်း၊ ပတ္တလား၊ နှဲ၊ စန္ဒယား၊ တယော၊ ကွက်စိပ်ပြိုင်ပွဲ၊ ရုပ်သေးကြိုးဆွဲပြိုင်ပွဲ၊ ကဗျာလွတ်အက၊ ကျေးလက်ရိုးရာအကပြိင်ပွဲများနှင့် အရေးပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအဆင့် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယခုလ (၈) ရက်နေ့မှ (၁၂) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပြိုင်ပွဲဝင် (၄၂) ဦး၊ အကပြိုင်ပွဲဝင် (၁၈) ဦး၊ အရေးပြိုင်ပွဲဝင် (၆) ဦး၊ အတီး ပြိုင်ပွဲဝင် (၇၀) ဦး၊ကွက်စိပ်ပြိုင်ပွဲဝင်(၁)ဦး၊ကဗျာလွတ်(၃၆)ဦး၊ ကျေးလက်ရိုးရာအက(၁၈)ဦး၊ စုစုပေါင်းပြိုင်ပွဲဝင် (၁၄၁) ဦးပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

20240909 10

20240909 11

20240909 12

20240909 13

20240909 14

20240909 15

20240909 16

20240909 17

20240909 18

20240909 19

20240909 20

20240909 21

20240909 22

20240909 23

20240909 24

20240909 25

20240909 26

20240909 27

20240909 28

20240909 29

20240909 30

20240909 31

20240909 32

စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတော်မြတ်ကြီး လုံးတော်ပြည့် ရွှေ သင်္ကန်းကပ်လှူနိုင်ရေး (ပထမအကြိမ်) အလှူတော်ငွေပေးအပ်

မုံရွာ၊ စက်တင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော် မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး(ပထမအကြိမ်) အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၇ ရက်၊ နံနက်ပိုင်းက အဆိုပါစေတီတော်ကြီးရှိ ပုညရှင်သာသ နာ့ဗိမာန်တော် ကြီးတွင်ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာ ရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သောဠသမရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးနှင့် ပင့်သံ ဃာဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုး ရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ ပင့်သံဃာဆရာတော်ကြီးများနှင့် ဧည့်ပရိသတ်များက “နမောတဿ”သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သောဠသမရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ဆရာတော်၊သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြင့်တော် မူသော ပရိတ်တရားတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက နာ ယူကြည်ညိုကြပြီး ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက် ကပ်လှူဒါန်းကြသည်။

ထို့နောက် စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတော်မြတ်ကြီး လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူနိုင်ရေးအတွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးမှ အလှူငွေကျပ် သိန်း – ၁၀၀၀ အားလည်းကောင်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလှူငွေကျပ် သိန်း – ၅၀၀ တို့အား စစ်ကိုင်းခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဉက္ကဌထံ မတည်ပေးအပ်လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များက စစ်ကိုင်းခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဉက္ကဌထံ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် အလှူငွေများ အသီးသီးဆက်ကပ်လှူဒါန်းကြရာ ဂုဏ်ပြုမှတ် တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇော တိက သောဠသမရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက နိဂုံးချုပ်သြဝါဒကထာ နာယူကြည်ညိုကြပြီး “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူနိုင်ရေး (ပထမအကြိမ်) အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားတွင် ငွေကျပ် -၁၀ သိန်း နှင့်အထက် လှူဒါန်းသူ ၆၀ ဦး၊ ငွေကျပ် ၁၀ သိန်းအောက်၊ လှူဒါန်းသူ ၁၄၆ ဦး၊ ငွေကျပ် ၂၅၀၀၀၀ လှူဒါန်းသူ ၁၀၇ ဦးနှင့် ယနေ့ပထမအကြိမ် အလှူငွေပေးအပ်ပွဲတွင် အလှူရှင်စုစု ပေါင်း ၃၁၃ ဦးမှ ငွေကျပ်- ၄၇၆,၂၈၂,၇၀၀(ငွေကျပ် သိန်းပေါင်းလေးထောင့်ခုနှစ်ရာ ခြောက် ဆယ်နှစ်သိန်း ရှစ်သောင်းနှစ်ထောင် ခုနှစ်ရာတိတိ)အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် သီတဂူဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ဆွမ်းဦးပုညရှင်စေတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူနိုင်ရေးအတွက် စေတီတော်ကြီးပတ်လည်အား လိုက်လံကြည့်ရှုခဲ့ကြပြီး စေတီတော် ကြီးအားလာရောက်ဖူးမျှော်ကြမည့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်ကြည်ညိုနိုင်ရေးတို့အတွက် လိုအပ်သည်များကို ဆရာတော်ကြီးများမှ တာဝန်ရှိသူများ အား မိန့်ကြားခဲ့ကြသည်။

ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နင့် တာဝန်ရှိ သူများက နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြပြီး အခမ်းအနားသို့ တက်ရာက်လာသူများအား နံနက်စာများ ဧည့်ခံကျွေးမွေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသ င်္ကန်းတော်ကပ်လှူပူဇော်နိုင်ရန်အတွက် ငှက်ပျောဖူးတော်မှ ပထမပဥ္စယံအထိ ၉” ပတ်လည် ကြေးပြားအချပ်ရေပေါင်း ၂၂၇၀၀ ချပ်ခန့်နှင့် ၂” ပတ်လည်ရွှေဆိုင်း ၆၀၀၀ ကျော် အသုံးပြုကာ ငွေကျပ်သိန်းပေါင်း ၂၀၀၀၀ ကျော်ကုန်ကျခံကာ ဆောင်ရွက်သွားမည်ဖြစ်ရာ ရပ်နီးရပ်ဝေးမှ ကုသိုလ်ရှင်အလှူရှင်များအနေဖြင့် ရွှေသင်္ကန်းကပ်လှူပူဇော်၍ ကုသိုလ်ယူလိုသူများအတွက် ဂေါပကအဖွဲ့ထံသို့ဆက်သွယ်ကာ ရွှေစင်ရွှေဆိုင်းများ ကုသိုလ်ယူလှူဒါန်းနိုင်ကြောင်း သိရသည်။

20240909 01

20240909 01

20240909 01

20240909 01

20240909 01

20240909 01

20240909 01

20240909 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.