၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်း အရာ သန်းခေါင် စာရင်းကောက်ယူရေးညှိနှိုင်းအစည်း အဝေး (၅/၂၀၂၄) တက် ရောက်
မုံရွာ၊ စက်တင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၄)ကို စက်တင်ဘာလ ၃ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီး ကြပ်မှုကော်မတီ ဉက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ မုံရွာခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဌများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ က Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ် မှုကော်မတီ ဉက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအား ကဏ္ဍအလိုက်အချိုးညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် မူဝါဒချများမှတ်ပြီး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်းများစသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံအဖြစ်အသုံးပြုရသည့် လူဦးရေဆိုင်ရာကိန်းဂဏန်း အချက် အလက်များအား သန်းခေါင်စာရင်းမှသာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းသည် မိမိတို့နိုင်ငံ၏ ပကတိအခြေအနေ၊ နိုင်ငံအတွင်းနေထိုင်သူများ၏ ဒေသအလိုက်၊ အသက်အပိုင်းအခြားအလိုက်၊ မြို့ပြကျေးလက်အလိုက် လူဦးရေကိုသာ ရရှိနိုင်ရုံသာမက ပညာအရည်အချင်းအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက်၊ နေထိုင်မှုပုံစံအလိုက်လူဦးရေအား ခွဲခြားသိရှိနိုင်မည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ် သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်အဆင့်စီမံကိန်းအား အမျိုး သားရေးတာဝန်တစ်ရပ်အနေဖြင့်ခံယူ၍ မိမိတို့တိုင်းဒေသကြီးအတွက် အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းအောင်က တိုင်းဒေသကြီးအတွင်း ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင် ဆင်ထားရှိမှု ဆောင်ရွက်ထားရှိမှု၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆိုင်ရာ ကိစ္စ ရပ်များ၊ မဲစာရင်းပြုစုရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့ဌာနများအလိုက် ပူးပေါင်းဆောင်ရွက် သွားမည့် အခြေအနေများအား အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်နှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက မိမိတို့ခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်း ခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေနေများနှင့် ကြိုတင်ပြင်ဆင်ထားရှိမှု လုပ်ငန်းအခြေအနေများအား ရှင်းလင်းဆွေးနွေး တင်ပြကြ သည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရေး လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ ဉက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးဖြည့်စွက်ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြော ကြားခဲ့ကြောင်း သိရသည်။






စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း စပါး၊ဝါသီးနှံနှင့် ဆီထွက်သီးနှံ စိုက်ဧကပြည့်မီရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ၊ စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးအတွက် နည်း လမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိရာတွင် သီးနှံစိုက်ပျိုးရာသီအလိုက် လျာထားဧက ပြည့်မီစွာစိုက်ပျိုးနိုင်ရေးသည် ခြေခံကျသည့် အဓိကလုပ်ငန်းတစ်ခုဖြစ်ခြင်းကြောင့် ယခု မိုးရာသီတွင် စိုက်ပျိုးလျက်ရှိသည့် စပါး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံအပါအဝင် သီးနှံမျိုးစုံ လျာထားချက်ထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေ ရေးအတွက် တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ စပါး၊ဝါသီးနှံနှင့် ဆီထွက်သီးနှံ စိုက်ဧကပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂ ရက်၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေ သကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးအား အဓိကအားပြု လုပ်ကိုင်ဆောင်ရွက်နေသည့် တိုင်းဒေသကြီး တစ်ခုဖြစ် သည်နှင့်အညီ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးလျက်ရှိသည့် စပါး၊ဆီထွက်သီးနှံနှင့် ဝါသီး နှံအပါအဝင် သီးနှံမျိုးစုံအား စိုက်ဧကလျာထားချက်ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးတို့အား ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည် မှန်းချက်အတိုင်းထွက်ရှိအောင် ဆောင်ရွက်နိုင်မှသာ တိုင်းဒေသကြီးအတွင်း ဖူလုံမှုမှ သည် ပြည်ပသို့တင်ပို့နိုင်မည် ဖြစ်ပါကြောင်း၊ ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံပိုင်၊ပုဂ္ဂလိကချည်မျှင်နှင့် အထည်စက်ရုံများ ၏ဝါဂွမ်းလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်သည့်အပြင် ပိုလျှံသည့်ဝါဂွမ်းများအား ပြည်ပ သို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိမည် ဖြစ်သည့်အပြင် ဒေသတွင်းအလုပ် အကိုင် အခွင့်အလမ်းများရရှိနိုင်မည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ မိုးစပါး၊ဝါသီးနှံနှင့် ဆီထွက်သီးနှံ စိုက်ဧကများ လျာထားချက် ပြည့်မီရေးနှင့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တိုင်းဒေသကြီး၏ လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန် ရှိသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းပြီး အလေးထား ကြိုးပမ်းဆောင်ရွက်ကြ ရန်လိုအပ် ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ဌာနအသီးသီး၏ လိုအပ် ချက်များအားဖြည့်ဆည်း၍ တိုင်းဒေသကြီး၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအား ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ စပါး၊ဝါသီးနှံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုး ထားရှိမှုများအား လည်းကောင်း၊ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ကတိုင်းဒေသကြီး စိုက်ပျိုးလယ်ယာမြေအသုံးချမှုနှင့် အခြေအနေများအား လည်း ကောင်း၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးနှင့် တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူးတို့က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် များသို့ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင် ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် မုံရွာခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌတို့က မိမိတို့ခရိုင်/မြို့နယ်များအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ စပါး၊
ဝါသီးနှံနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများအား အသီးသီးရှင်းလင်း တင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ စပါး၊ဝါသီးနှံနှင့် ဆီထွက်သီးနှံများ စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် လိုအပ်သည်များကို ဖြည့် စွက်တင်ပြကြပြီး နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



