slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့မရွှေဂူဘုန်းတော်ကြီးကျောင်းတိုက်၊ စန္ဒရံသီကျောင်း ဆောင်ပြုပြင်မွမ်းမံခြင်းနှင့် ကျောင်းဝင်းအတွင်းကတ္တရာ လမ်းခင်းခြင်း ရေစက်ချလှူဒါန်းပွဲ အခမ်းအနား ကျင်းပ

မုံရွာ၊ သြဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မုံရွာမြို့၊ မြို့မရွှေဂူဘုန်းတော်ကြီးကျောင်း တိုက်အတွင်းရှိ လွန်ခဲ့သော(၇၄)နှစ်ကတည်ဆောက်ခဲ့ပြီး ပျက်စီးယိုယွင်းနေသည့် စန္ဒရံ သီကျောင်းဆောင်အား ရှေးမူလပုံစံမပျက်ပြုပြင်မွမ်းမံခြင်းနှင့် ကျောင်းဝင်းအတွင်းရှိ လမ်းများအား ကတ္တရာလမ်းခင်း၍ ရေစက်ချလှူဒါန်းပွဲ အခမ်းအနားကို သြဂုတ်လ ၂၉ ရက်၊ နံနက်ပိုင်းက အဆိုပါကျောင်းတိုက်ကြီးရှိ သီရိရံသီကျောင်းဆောင်၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ “ နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့် လှစ်ကြပြီး မုံရွာမြို့၊ မြို့မရွှေဂူကျောင်းတိုက် ပဓာန နာယက ဘဒ္ဒန္တပဏ္ဍိတ ဆရာတော် ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက် တည်ကြသည်။

ဆက်လက်ပြီး ဆရာတော်အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူ သော မေတ္တာသုတ်ပရိတ်တရား တော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ် များက နာယူကြည်ညိုပြီး ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီးတရား သူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဝါဆို သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။

ထို့နောက် မုံရွာမြို့၊ မြို့မရွှေဂူကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တပဏ္ဍိတ ဆရာ တော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာ တရားနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓ သာသနံစိရံတိဌတု”သုံးကြမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းတိုက်ကြီးအတွင်းရှိ စန္ဒရံသီကျောင်းဆောင်အား ရှေးမူလပုံစံမပျက် အမိုးများ၊ မျက်နှာကျက်များ၊ ကြမ်းခင်းများနှင့် လျှပ်စစ်မီးလိုင်းများ ပြန်လည်ပြုပြင်မွမ်းမံထားရှိမှု များနှင့် ကျောင်းတိုက်ကြီးအတွင်းရှိ ပတ်လမ်းအရှည် ၂၂၂၀ ပေ၊ အကျယ် ၁၁ ပေအား ကတ္တရာလမ်းခင်းကျင်းပြီးစီးမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20240830 01

20240830 01

20240830 01

20240830 01

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာ ဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနား ကျင်းပ

မုံရွာ၊ သြဂုတ် ၂၈

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို သြဂုတ်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိက ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘ များတက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးသက်လေးဦး၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းနှင့် မုံရွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းတို့ က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါမုဒ်ဦးရှေ့ တွင် စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကာ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူများက “အလှကမ္ဘာမြေ”တေးသီချင်းဖြင့် ကပြဖျော်ဖြေနေမှု၊ ကရာတေးနှင့် မြန်မာ့သိုင်းအဖွဲ့များမှ သရုပ်ပြသမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းရှိ သလာ္လဝတီခန်းမတွင် ကျင်းပပြုလုပ်သော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ မုံရွာမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ များက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” တေးသီချင်းသီဆို၍ အခမ်းအနား အား ဖွင့်လှစ်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကျောင်းစာကြည့်တိုက် များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များအား ကျင်းပရခြင်းအနေဖြင့် ကျောင်းသားလူငယ်များ စာကြည့်တိုက်အားအသုံးပြုတတ်စေရန် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ဘက်စုံဖွံ့ဖြိုးပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပ ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ယနေ့လူငယ်များအပါ အဝင်ကျောင်းသား/သူများ၊ ပြည်သူများစာဖတ်ကြစေရန် စာပေဖတ်ရှုလေ့လာနိုင်သည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးသွားကြရန် လိုအပ်ပါကြောင်း၊ ကျောင်းသား/သူ များအနေဖြင့် စာတတ်ရုံ အတတ်ပညာပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်ဖြင့် အသိ ပညာပြည့်ဝပြီး ဗလငါးတန်ပြည့်ဝသည့် လူငယ်များပေါ်ထွက်လာစေရန် တာဝန်ရှိသူများ နှင့်မိဘ၊ ဆရာများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြော ကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးထံ မုံရွာခရိုင်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ အတွက် စာအုပ်စာစောင် ၁၁၂၀ အုပ်နှင့် မုံရွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌထံ မုံရွာမြို့နယ်၊ တောပုကျေးရွာ စာကြည့်တိုက်ဆောက်လုပ်ရန်အတွက် အလှူငွေကျပ်သိန်း ၁၅၀ နှင့် မုံရွာမြို့နယ် ပညာရေးမှူးထံ မုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း ကျောင်း ၁၀ ကျောင်းအတွက် တစ်ကျောင်းလျှင်ငွေကျပ် ၅ သိန်းတန်ဖိုးရှိ စာအုပ်စာ စောင်များဝယ်ယူရန်အတွက် ငွေကျပ်သိန်း ၅၀ အား ပေးအပ်လှူဒါန်းပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက ကျောင်းစာကြည့်တိုက်များဖွံ့ ဖြိုးတိုးတက်ရေး နှင့်စာဖတ်ရှိန်မြှင့် တင်ရေးပွဲတော်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ် ပြုမှတ်တမ်းလွှာများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက “စာပဒေသာဝေ ဆာစေမည်” Video Clip အား ကြည့်ရှုအားပေးကာ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်း မှ ကျောင်းသား/သူများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက မုံရွာမြို့နယ် ပညာရေးမှူးထံ သီဆိုကပြဖျော်ဖြေပေးသွားကြ သော ကျောင်းသား/သူများအတွက် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းသား /သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် အဆိုပါကျောင်းဝန်းအတွင်း ခင်း ကျင်းပြသထားသည့် ဌာနဆိုင်ရာပြခန်းများအား တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့် ရှုအားပေးပြီး ကျောင်းသား/သူများ၏ အားကစားပြိုင်ပွဲများကျင်းပနေမှုများနှင့် စာသင် ခန်းများအတွင်း ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်ဝိုင်းဆွေးနွေးပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကလေးစာဖတ်ခန်း၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ
နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သုတရသစာအုပ်များအား စေျးနှုန်းသက်သာစွာဖြင့် ရောင်းချနေမှုများနှင့် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် မှတ်တမ်းဓါတ်ပုံများအား လိုက် လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းရှိ ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား၊ကျောင်းသူများ စာပေဖတ်ရှုလေ့ လာနေမှုများနှင့် စာအုပ်/စာစောင်များ စနစ်တကျထားရှိမှုများအား လိုက်လံကြည့်ရှုစစ် ဆေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား နေ့လည်စာများ ဝေငှပေးကာ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရ သည်။
တိုင်းဒေသကြီး၊ပြန်/ဆက်။

20240829 01

20240829 01

20240829 01

20240829 01

20240829 01

20240829 01

20240829 01

20240829 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.