၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး
မုံရွာ၊ အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် အောက်တို ဘာလ ၂၂ ရက်၊ မွန်းလွဲပိုင်း တွင် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ ထူပါရုံလမ်း အရှည် – ၂၇၅၀ ပေ၊ အကျယ် – ၁၆ ပေအား ၁၈ ပေလမ်းသားချဲ့၍ အခြေခံအလွှာပြုပြင်ခြင်းနှင့် နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိ ရာတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ထူပါရုံလမ်းနှင့် စစ်ကိုင်းမြို့အတွင်း နိုင်လွန်ကတ္တရာလမ်းများ ခင်းကျင်းနေမှုလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်း လင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းများအား သက်မှတ်အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပြီးစီးရေးအား မှာကြားကာ ရှင်းလင်းတင် ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ နိုင်လွန်ကတ္တရာခင်းကျင်းနေမှုလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှုဇုန်ရှိ တစ်ရက်လျှင် ၁ တင်းအိတ် ၃၀၀ အိတ်ကြိတ်ခွဲနိုင်သည့် ကိုပြားကြီးပဲခွဲစက်သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ကုလားပဲကြိတ်ခွဲမှုမှ ထွက်ရှိလာသည့် ကုန်ချောနှင့်တိရိစ္ဆာန်အစားအစာအဖြစ် ရောင်းချနိုင်သည့် ဘေးထွက်ကုန်များအား ရှင်းလင်းပြသသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စက်ရုံအတွင်း ကုလားပဲကြိတ်ခွဲနေမှုများနှင့် ကုန်ကြမ်းစုဆောင်းထားရှိမှုများအား လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှုဇုန်ရှိ စစ်ကိုင်းစတီး သံရည်ကျို ပန်းလုံးနှင့်ဟင်းဂလိုင်းစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှစက်ရုံအတွင်း သံရည်ကျိုနေမှုများ၊ ပန်းလုံးနှင့်ဟင်းဂလိုင်းအမျိုးမျိုး ထုတ်လုပ်နေမှုများအား လိုက်လံ ရှင်းလင်းပြသသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများသူနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။









စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ကျောင်းစာကြည့်တိုက် များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနား ကျင်းပ
မုံရွာ၊ အောက်တိုဘာ ၂၂
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို အောက်တိုဘာလ ၂၁ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ကလေးတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကလေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းအုပ်ကြီး များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘများတက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ကလေးမြို့ပေါ်ရှိ အခြေ ခံပညာကျောင်းများမှ ဘင်ခရာ/ပန်းပွားအဖွဲ့နှင့် ကဗျာလွတ်အကအဖွဲ့များ၏ တီးမှုတ်က ပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးခင်မောင်အေး၊ ကလေးတပ်နယ်မှူးနှင့် ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌတို့က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲ တော်မုဒ်ဦး အားဖဲကြိုးဖြတ်ဖွင့်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘင်ခရာ/ပန်းပွားအဖွဲ့၊ ကဗျာလွတ် အကအဖွဲ့များနှင့် အားကစားအဖွဲ့များအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့်အတူ အဆိုပါမုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကြ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းရှိ နီလာခန်းမတွင် ကျင်းပပြုလုပ်သော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုး တက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဒုတိယ ပိုင်းအခမ်းအနားသို့ တက်ရောက် ကြသည်။
ဦးစွာ ကလေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား/ သူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” တေးသီချင်းသီဆို၍ အခမ်း အနားအားဖွင့်လှစ်ကြ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက “စာပဒေသာဝေ ဆာစေမည်” Video Clip အား ကြည့်ရှုအားပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကျောင်းစာကြည့်တိုက် များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များအား ကျင်းပရခြင်းအနေဖြင့် ကျောင်းသားလူငယ်များ စာကြည့်တိုက်အားအသုံးပြုတတ်စေရန် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ဘက်စုံဖွံ့ဖြိုးပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပ ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ယနေ့လူငယ်များအပါ အဝင်ကျောင်းသား/သူများ၊ ပြည်သူများစာဖတ်ကြစေရန် စာပေဖတ်ရှုလေ့လာနိုင်သည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးသွားကြရန် လိုအပ်ပါကြောင်း၊ ကျောင်းသား/သူ များအနေဖြင့် စာတတ်ရုံ အတတ်ပညာပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်ဖြင့် အသိ ပညာပြည့်ဝပြီး ဗလငါးတန်ပြည့်ဝသည့် လူငယ်များပေါ်ထွက်လာစေရန် တာဝန်ရှိသူများ နှင့်မိဘ၊ ဆရာများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြော ကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကလေးမြို့ အခြေခံပညာကျောင်း များရှိကျောင်းစာကြည့်တိုက် ၉ တိုက်အတွက် တစ်ကျောင်းလျှင် ငွေကျပ်- ၅ သိန်းနှုန်း ဖြင့် စုစုပေါင်းငွေကျပ် – ၄၅ သိန်းတန်ဖိုးရှိ သုတ/ရသစာအုပ်အား ကလေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းအုပ်ကြီးများထံ ထောက်ပံ့ပေးအပ်ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အထိမ်းအမှတ် အထက်တန်း/ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများတွင် ပထမဆုရရှိကြ သော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအား ပေး အပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ကလေးတပ်နယ်မှ အရာရှိကြီးများ နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဂုဏ်ပြုချီး မြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကလေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းမှ ကျောင်းသား/သူများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေ မှုအား ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက သီဆိုကပြဖျော် ဖြေပေးသွားကြသော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့် ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းသား /သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် အဆိုပါကျောင်းဝန်းအတွင်း ခင်း ကျင်းပြသထားသည့် လူမှုဝန်ဦးစီးဌာနပြခန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနပြခန်း၊ မီးသတ်ဦးစီးဌာနပြခန်း၊ ဘေးအန္တာရာယ်စီမံခန့်ခွဲမှုဦးစီးဌာနပြခန်း၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနပြခန်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ပြခန်းနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ပြခန်းများအား တာဝန် ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။








သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



