slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ၊ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၁၉ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ လယ်တီ ရပ်ကွက်ရှိ ပြည်ထောင်စု ဈေးကြီး၌ ကုန်ဈေးပွဲရုံအခန်းပေါင်း ၉၆ ခန်းပါဝင်သည့် အလျား – ၈၀ ပေ၊ အနံ – ၆၀ ပေရှိ ကုန်ဈေးပွဲရုံ ၁၂ ရုံတည်ဆောက်ရေးလုပ်ငန်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ကုန် ဈေးပွဲရုံများ တည်ဆောက်နေမှု လုပ်ငန်းများ၊ ပွဲရုံများအတွင်း ရေးစီးရေလာကောင်းမွန်စေရေးနှင့် ကွန်ကရစ်လမ်းများခင်းကျင်းနေမှု အခြေအနေများ၊ လယ်တီကန်ပတ်လည် သာယာလှပရေးလုပ်ငန်းများဆောင်ရွက်နေ မှုများနှင့် ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ဥယျာဉ် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ကာလတွင် စံချိန်စံညွှန်းမီအရည်အသွေးကောင်းမွန်စွာ တည်ဆောက်ပြီးစီးရေး၊ ကုန် ဈေးပွဲ ရုံပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေးနှင့် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်သွားရေး၊ မီးဘေးအန္တရာယ်အား ကြိုတင်မျှော်တွေးကာ စီမံဆောင်ရွက်ထားရေးနှင့် ကုန်‌ေဈးပွဲရုံများ တည်ဆောက်ပြီးစီးပါက ကော်မတီများဖွဲ့စည်းကာ စနစ်တကျနေရာချထားသွားရေးတို့အား မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ကုန် ဈေးပွဲရုံများတည်ဆောက်နေမှုအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အရှေ့ဘက် ကန်သာယာကန်ပတ်လည် အရှည် – ၁၃၈၉၆ စတုရမ်းပေအား ၆ ပေအကျယ် လျှောက်လမ်း ချဲ့ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အနောက်ဘက်ကန်သာယာကန်သို့ ရောက်ရှိရာ ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အောင်ချမ်းသာ ဈေးသို့ ရောက်ရှိရာ မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူးက အောင်ချမ်းသာ ဈေးရှိ ဈေးဆိုင်ခန်းများ ရောင်းချနေ မှုအခြေအနေများ၊ ဈေးအတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ကာလကြာမြင့်ပြီဖြစ်သည့် ဈေးအဆောက်အဦများ ပြန်လည်ပြုပြင်ဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြုပြင်ရန်လိုအပ်သည့် ဈေးဆိုင်ခန်းများ အမြန်ပြုပြင်ဆောင် ရွက်ရေးနှင့် ဈေးအတွင်းသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရေးတို့အား မှာကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အောင်ချမ်းသာ ဈေးအတွင်း ဈေးရောင်းချနေသူများနှင့် ဈေးဝယ်လာရောက်ကြသည့် ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

20241018 01

20241018 01

20241018 01

20241018 01

20241018 01

20241018 01

20241018 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ကြည့်ရှုအားပေး

မုံရွာ၊ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ အခြေခံ ပညာကျောင်းများ သီတင်းကျွတ်ကျောင်း ပိတ်ရက် ပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရန်အတွက် အောက်တိုဘာလ ၁၉ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ် မြောင်းများရေစီးရေလာ ကောင်းမွန် စေရေးတို့အတွက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အထေွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေး အသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေသူများ၊ ရပ်ကွက်နေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ/ ဆရာမများအား တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှင့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးကာ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေကြသူများနှင့်အတူ နံနက်စာအားအတူတကွ သုံးဆောင်ခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၃ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၅၀၀ ကျော်ဖြင့် အခြေခံပညာကျောင်းများနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများအား စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

20241019 01

20241019 01

20241019 01

20241019 01

20241019 01

20241019 01

20241019 01

20241019 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.