slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မုံရွာမြို့၊ အလုံရပ်ကွက်ရှိ ဒက္ခိဏာရုံကျောင်းတိုက်ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများနှင့် တစ်လစာ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးဆက် ကပ်လှူဒါန်း

မုံရွာ၊ အောက်တိုဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဆရာတော်၊ သံဃာတော်များ ဝါတွင်းကာလအတွင်း စိတ်အေး ချမ်းသာစွာဖြင့် တရားဘာ၀နာများ ပွားများနိုင်စေရန်နှင့် ဆွမ်းအခက်အခဲမရှိ စေရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလုံရပ်ကွက်၊ ဒက္ခိဏာရုံကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာတော်များအတွက် လှူဖွယ်ပစ္စည်းများနှင့် တစ်လစာ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီးရှိ ဓမ္မာရုံ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြ ပြီး မုံရွာမြို့၊ အလုံရပ်ကွက်၊ ဒက္ခိဏာရုံကျောင်းတိုက် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ပင့်သံဃာဆရာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများနှင့် တစ်လစာ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး အား ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။

20241010 05
20241010 06
 
20241010 07
20241010 08
 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၁၃၈၆-ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် တိုင်းဒေသကြီးအတွင်းရှိ ဘုရား၊စေတီများအား မီးထွန်းညှိပူဇော်ပွဲများကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေး တက်ရောက်

မုံရွာ၊ အောက်တိုဘာ ၁၀

၁၃၈၆-ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုရား၊ စေတီများအား မီးထွန်းညိှပူဇော်ပွဲများကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၀ ရက်၊ နံနက်ပိုင်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာအစည်း အဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ ဘုရားစေတီများမှ ဂေါပကအဖွဲ့ ဉက္ကဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့အားလုံးသည် ဗုဒ္ဓဘာသာမြန် မာလူမျိုးများဖြစ်သည်နှင့်အညီ ဘာသာတရားအား ကိုးကွယ်ယုံကြည့်မှု ရှိသူများဖြစ်ပါကြောင်း၊ အောက်တိုဘာလ ၁၇ ရက်နေ့၌ကျရောက်မည့် သီတင်းကျွတ်လပြည့်နေ့တွင် တိုင်းဒေသကြီး အတွင်းရှိ ဘုရားစေတီ ပုထိုးများအား ကုသိုလ်ကောင်းမှုများ ပြုလုပ်ကာ မီးထွန်းညှိပူဇော်ခြင်းများပြုလုပ်စေလိုသည့် အတွက် ယခုအစည်းအဝေးအား ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများစုပေါင်းအားဖြင့် နှစ်စဉ်အခါကြီး ရက်ကြီးများတွင် ဆရာတော်၊သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခြင်းများ စုပေါင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် တိုင်းဒေသကြီးရှိမြို့ရွာ များနှင့်မုံရွာမြို့ပေါ်ရှိ ဘုရားစေတီပုထိုးများ၌ မီးထွန်းညှိပူဇော်ခြင်းများအား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး တာဝန်ရှိသူအသီးသီးမှ သက်ဆိုင်ရာကော်မတီများဖွဲ့စည်းကာ လုပ်ငန်းများအောင်မြင် အောင်ပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်းနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများမှလည်း လိုအပ်သည်များ အကြံပြုဆွေးနွေးသွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်များက သီတင်းကျွတ်လပြည့်နေ့တွင် ဘုရား၊စေတီများ၌ မီးထွန်းညှိပူဇော်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့ဌာနများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး မုံရွာမြို့ပေါ်ရှိ ဘုရား၊စေတီများမှ ဂေါပကအဖွဲ့ ဥက္ကဌများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယခင်နှစ်များ၏ မီးထွန်းညှိပူဇော်ခြင်းနှင့် ယခုနှစ်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ၁၃၈၆-ခုနှစ်၊ သီတင်းကျွတ်လပြည့် နေ့တွင် ဘုရား၊စေတီများ၌ မီးထွန်းညှိပူဇော်ခြင်းအား စည်ကားသိုက်မြိုက်စွာ ကျင်းပရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

20241010 01
20241010 02
 
20241010 03
20241010 04
 

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.