slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အလုံရပ်ကွက်ရှိ ဒက္ခဏာရုံကျောင်း တိုက်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု လိုက်လံကြည့်ရှုအားပေး

မုံရွာ၊ အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဆရာတော်၊ သံဃာတော်များ ဝါတွင်းကာလ အတွင်း စိတ်အေး ချမ်းသာစွာဖြင့် တရားဘာ၀နာများ ပွားများနိုင်စေရန်အတွက် အောက်တိုဘာ လ ၅ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အလုံရပ်ကွက်ရှိ ဒက္ခဏာရုံကျောင်းတိုက်ကြီးအတွင်း သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ် မြောင်းများရေစီးရေ လာကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုး သမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၊ အထေွထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာ ယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှှင့်စားသုံးဆီများအား စေျးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြသူများအား နံနက်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၂ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၈၀၀ ကျော်ဖြင့် ဘုန်းတော်ကြီးကျောင်းများနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

20241008 08

20241008 08

20241008 08

20241008 08

20241008 08

20241008 08

20241008 08

20241008 08

20241008 08

20241008 08

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ်အခမ်းအနား တက်ရောက်

မုံရွာ၊ အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ ၅ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်း ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ ကျောင်းအုပ် ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။

ဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “ မြတ်ဆရာ ”တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိူင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့ သည့်သဝဏ်လွှာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဖတ်ကြား သည်။

ဆက်လက်ပြီး ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ ၅ ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များမှ ပေးပို့ သည့် စုပေါင်းသဝဏ်လွှာအား တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်က ဖတ် ကြားခဲ့ပြီး နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်း ငွေသားဆုနှင့်ဂုဏ်ပြုလက်မှတ်များအား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အခြေခံပညာမူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် အခြေခံပညာအထက်တန်း/အလယ်တန်းအဆင့် ကဗျာပြိင်ပွဲ တိုင်းဒေသ ကြီးအဆင့်တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား လည်း ကောင်း ငွေသားဆုနှင့်ဂုဏ်ပြုလက်မှတ်များအား အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် မုံရွာမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ “ ပန်းကလေးများ၏ဉယျာဉ်မှူး ”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာကြ သော အသက်(၈၀)နှစ်အထက် အငြိမ်းစားဆရာကြီး/ဆရာမကြီးများအား ကန်တော့လက် ဆောင်ပစ္စည်များနှင့်ငွေများအား လက်ရောက်ပေးအပ်ခဲ့ကြပြီး အငြိမ်းစားဆရာကြီး/ဆရာမကြီး များကိုယ်စား ဆရာကြီးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တိုင်းဒေသကြီး ဉပဒေချုပ်က သီဆိုကပြ ဖျော်ဖြေပေးခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြပြီး ခန်းမအတွင်းပြသထားသော ဆုရစာစီ စာကုံးများ၊ကဗျာများနှင့် မှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အလုံရပ်ကွက် အတွင်းရှိ နေအိမ်များ၌နေထိုင်ကြသည့် ပြည်သူများအား ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုများအား သွားရောက်ကြည့်ရှုစ်စစ်ဆေးပြီး ရပ်ကွက်နေပြည်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ သန်းခေါင်စာရင်းကောက်ယူရေးလုပ် ငန်းများအောင်မြင်စွာကောက်ယူနိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20241008 01

20241008 01

20241008 01

20241008 01

20241008 01

20241008 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.