၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၂၅)ကြိမ် မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့အား အောင်နိုင်ရေး အလံပေးအပ်
မုံရွာ အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ ၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး အပြည်ပြည်ဆိုင်ရာ သီတဂူဝိပဿနာကမ္ပဌာန်းဌာနသို့ ရောက် ရှိရာ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သောဠ သမရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးထံ တာဝန်ရှိသူများနှင့်အတူ လှူဖွယ်ပစ္စည်းများနှင့်ဝတ္ထုငွေ များဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရများသည် စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ ဘွဲ့နှင်း သဘင်ခန်းမတွင် ကျင်းပြုလုပ်သော (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ် ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်း တိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့အုပ်ချုပ်သူထံ အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားသို့ တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြိုင်ပွဲဝင်အနုပညာရှင်များအနေ ဖြင့်မိမိတို့ပါဝင်ယှဉ်ပြိုင်ရမည့် ဘာသာရပ်အား ဆရာကြီး/ဆရာမကြီးများ သင်ကြားပြသထား သည့်အတိုင်း ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ယှဉ်ပြိုင်နိုင်အောင် ပြင်းပြင်းထန်ထန် လေ့ကျင့်ယှဉ်ပြိုင် သွားကြရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲဝင်များအား သင်ကြားပြသပေးသည့် အနုပညာရှင်ကြီးများ၊ မိဘအုပ်ထိန်းသူများ၏ ကျန်းမာရေး၊ နေထိုင်ရေး၊ စားသောက်ရေး၊ ဝတ်စုံများ ဝတ်ဆင်ရေးက
အစလုပ်ငန်းကိစ္စအရာအားလုံးအား မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အလေး အနက်ထား ကြိုတင်စီမံမှုများဖြင့် ပြည့်စုံအောင် လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ အုပ်ချုပ်နည်း ပြများနှင့် ပြိုင်ပွဲဝင်များအနေဖြင့် ယခုကာလရာသီဥတုသည် မိုးနှောင်းကာလဖြစ်သည့်အတွက် ရာသီဥတုကပူလွယ်၊အေးလွယ် အပြောင်းအလဲ မြန်ဆန်လွန်းခြင်းကြောင့် ဖျားနာရောဂါ၊ တုတ်ကွေးရောဂါနှင့် နှာစေးချောင်းဆိုးရောဂါများ မဖြစ်ရလေအောင် တစ်ဦးချင်း၏ ကျန်းမာရေး အား အလးထားဂရုစိုက်နေထိုင်သွားကြရန် လိုအပ်ပါကြောင်း၊ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြပြီး တစ်နေရာထဲတွင် စုစည်းပူးပေါင်းနေထိုင် ကြကာ အတူတကွသွားရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည့်အတွက် တစ်လှေထဲစီးတစ်ခရီးထဲသွား မိသားစုစိတ်ဓာတ်များဖြင့် ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီး နေထိုင်သွားကြရန်နှင့် အပြန်အလှန် ကူညီမှု လေးစားမှုရှိကြကာ မိမိတို့တိုင်းဒေသကြီး၏ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရှင်များစွာဖြစ်အောင် အချိန်ရှိခိုက်တွင် သင်ယူလေ့ကျင့်ပြီး အကောင်းဆုံးဝင်ရောက်ယှဉ်ပြိုင်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်း တိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့အုပ်ချုပ်သူထံ အောင်နိုင်ရေးအလံအားပေးအပ်ပြီး ပြိုင်ပွဲဝင်အနု ပညာရှင်၊ဝါသနာရှင်များက ပြိုင်ပွဲဝင်ရန် အသင့်ပြင်ဆင်လေ့ကျင့်ထားသည့် အဆို၊ အက၊ အတီးများဖြင့် ဧည့်ခံဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး အခမ်းအနားသို့ တက် ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြသည်။
အဆိုပါ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက ၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ပြိုင်ပွဲဘာသာရပ်ပေါင်း ၈၉ မျိုး၌ ပြိုင်ပွဲဝင်စုစုပေါင်း ၂၅၀ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။













မုံရွာမြို့၌၂၀၂၄ခုနှစ်၊အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကျင်းပ
မုံရွာ၊ အောက်တိုဘာ ၂
၂၀၂၄ခုနှစ်၊အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူး နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီး ၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂုဏ်ပြုခံဘိုးဘွားများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး က ယခု ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အတွက် ကုလသမဂ္ဂက ချမှတ်ပေးထားတဲ့ ဆောင်ပုဒ်ကတော့ “သက်ကြီး ပုဂ္ဂိုလ်များ ဂုဏ်သိက္ခာရှိစွာ ရပ်တည်ရေး ကမ္ဘာအနှံ့ ဘက်စုံပြုစု စောင့် ရှောက်ပေး” ဖြစ်ပါကြောင်း။သက်ကြီးပုဂ္ဂိုလ်များ၏ အဖိုး မဖြတ်နိုင်တဲ့ အတွေ့အကြုံ၊ ဗဟုသုတများကို အခြေပြု၍ ၄င်းတို့၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးပြီး လူမှုပတ်ဝန်းကျင်တွင် လိုအပ် လျက်ရှိသော ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များတွင် ပါဝင်စေခြင်းဖြင့် သာယာ လှပ ငြိမ်းချမ်းပြည့်စုံသော အနာဂတ်အသစ်တစ်ခု ဖန်တီးပေးဖို့ ဖြစ်ပါကြောင်း။ မြန်မာတို့ရဲ့ မြတ်နိုးဖွယ်ရာ ဓလေ့ဖြစ်တဲ့ သက်ကြီးပုဂ္ဂိုလ် မိဘများအပေါ် လေးစား ချစ်ခင်မှုများနှင့်အတူ ယုယပြုစုစောင့်ရှောက်ပေးခြင်း၊ တိုင်းဒေသကြီးအတွင်း ဌာန အခြေပြု စောင့်ရှောက်နည်းဖြစ်တဲ့ ဘိုးဘွားရိပ်သာများမှ ဘိုးဘွားများ ကိုလည်း ပြုစုမှု နည်းစနစ်မှန်ကန်စွာဖြင့် ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်း၊ ဒါ့အပြင် ရပ်ရွာအခြေပြု စောင့်ရှောက်နည်းများ တိုးပွားများပြားလာအောင် ပူးပေါင်းဆောင်ရွက်ပေးခြင်းနှင့် အားမာန်အဖွဲ့တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းပြီး လုပ်ငန်းရပ် များ သွက်လက်မြန်ဆန်လာအောင် ဆောင်ရွက်နိုင်ဖို့ ပံ့ပိုးကူညီပေးကြ ပါလို့ တိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ ဘိုးဘွားရိပ်သာ(၉)ခုသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆန်ဖိုးထောက်ပံ့ ငွေကျပ် ၃၃၄ သိန်း ၂ သောင်း ၃ ထောင် အား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ကအသက်အကြီးဆုံး ဘိုးဘွား (၂)ဦးအား တစ်ဦးလျှင် အလှူငွေကျပ်(၃၀၀၀၀ဝိ/-)နှုန်းဖြင့် လည်းကောင်းအသီးသီးပေးအပ်ခဲ့ပြီးနောက်အခမ်းအနားသို့ တက်ရောက်လာသော တိုင်းဒေသကြီး အဆင့်တာဝန်ရှိသူများက ဘိုးဘွားများအား ဂါရဝလက်ဆောင်များ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့်အဖွဲ့က အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားအား ဂုဏ်ပြုသောအားဖြင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မုံရွာ)မှ စကားဝါမြေ သီချင်းနှင့် ခြိမ့်ခြိမ့်သဲ သီချင်းတို့ဖြင့် တေးသရုပ်ဖော် အကအလှကပြဖျော်ဖြေမှုတို့အားလည်းကောင်း၊အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားအတွက် လူမှုဝန်ထမ်းဦးစီးဌာန မှ ပေးပို့သည့် Video Clipပြသမှုတို့အားလည်း ကောင်း ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ဘိုးဘွားများ၏ ကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့်အဖွဲ့က ဂုဏ်ပြုခံဘိုးဘွားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ၂၀၂၄ခုနှစ်၊အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ မှ မုံရွာမြို့ပေါ်ရှိ ဂုဏ်ပြုခံဘိုးဘွား ၁၇၅ ဦးအတွက် ငွေကျပ် ၈၇ သိန်း ၅ သောင်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။










သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



