၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး
မုံရွာ၊ အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဉက္ကဌများနှင့် အတူ အောက်တိုဘာလ ၂ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ သာသနာ့ဇောတိက မြို့မကျောင်းတိုက်သို့ ရောက်ရှိရာ ဘဒ္ဒန္တဣန္ဒဝံသ ဆရာတော်ထံ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေ သကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
ဆက်လက်၍ ဟုမ္မလင်းမြို့၊ သာသနာ့ဇောတိက မြို့မကျောင်းတိုက် ဘဒ္ဒန္တ ဣန္ဒဝံသ ဆရာတော်ဦးဆောင်မှုဖြင့် အဆိုပါကျောင်းတိုက်အနီး၌ ဟုမ္မလင်းမြို့ ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးနှင့် အမှတ် ၁၉ ကုတင် ၁၀၀ ဆံ့ တပ်မတော်ဆေးရုံကြီးတို့ရှိ ဆရာဝန်များ၊ သူနာပြုများမှ ဟုမ္မလင်းမြို့နှင့်အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ ရက်သတ္တ တစ်ပတ်လျင် ၂ ရက်အခမဲ့ကုသိုလ်ဖြစ် ကျန်းမာရေးစောင့်ရှောက်ပေးနေမှု များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုအား ပေးခဲ့ကြပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ် ဆက်အားပေးကြသည်။
ထို့နောက် ဟုမ္မလင်းမြို့၊ သာသနာ့ဇောတိက မြို့မကျောင်းတိုက် ဘဒ္ဒန္တဣန္ဒဝံသ ဆရာတော်ထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တွင်အသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ် သိန်း ၁၀၀ အား ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ အမှတ် ၁၉ ကုတင် ၁၀၀ ဆံ့ တပ်မတော်ဆေးရုံကြီးသို့ ရောက်ရှိရာ တာဝန်ရှိသူများနှင့် အတူ ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ် ဆက်ကာ အဟာရဖြည့်စွက်စာများ အသီးသီးပေးအပ်ခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ နားနုန်းကျေးရွာရှိ တောင်သူ ဦးအောင်စိုးလွင် စိုက်ပျိုးထားသည့် ဆင်းဧကရီ ၃ မိုးစပါး စံပြကွက် ၁၅ ဧကအတွင်း မျိုးကွဲနုတ်ပယ်ခြင်းနှင့် သဘာဝမြေသြဇာကျွေးခြင်း ကွင်း သရုပ်ပြပွဲသို့ သွားရောက်၍ ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုအားပေးကြပြီး ဒေသ ခံတောင်သူများအား မိုးစပါးအပြီး သီးထပ်သီးနှံအဖြစ် နေကြာစိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့်အတူ ရေဆင်းနေကြာမျိုးစေ့များအား ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့်တာဝန်ရှိသူ အသီးသီးမှ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နေသည့် ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်ရှိ ဦးဂျိုးဇက် စိုက်ပျိုးထားသော ဉယျာဉ်ခြံသီးနှံစိုက်ခင်း သို့ရောက်ရှိရာ ဉယျာဉ်ခြံအတွင်း အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် နဂါးမောက်သီးနှံများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ထွက်ရှိသည့်သီးနှံများ ဈေးကွက်အတွင်း တင်ပို့ရောင်းချနိုင်ရေး အတွက် လိုအပ်သည်မျာကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေသည့် ဟုမ္မလင်းမြို့၊ ဟုမ္မလင်း ရပ်ကွက်ရှိ ဦးဆားနွဲ့၏ အသားတိုးကြက်မွေးမြူရေးခြံသို့ ရောက်ရှိရာ အသားတိုးကြက် များမွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဟုမ္မလင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေး ရွာများမှ ဒေသခံပြည်သူများ အသားစားသုံးမှု ဖူလုံစေနိုင်ရန်အတွက် စနစ်တကျ ရှင်သန်ကြီးထွားအောင်မွေးမြူကာ စားသုံးသူများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချနိုင် ရေးအတွက် မွေးမြူရေးဆိုင်ရာလိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။






စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့ပေါ်ရှိ ရပ်ကွက်/ကျေးရွာ များ၌ ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှု လုပ်ငန်းများအား လိုက်လံကြည့်ရှုအားပေး
မုံရွာ၊ အောက်တိုဘာ ၁
၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၌ ကောက်ကွက် ပေါင်း ၁၅၁ ကွက်တွင် စာရင်းစစ် ၁၄ ဦး၊ စာရင်းကောက် ၅၀ ဦးဖြင့် အောက်တိုဘာလ ၁ ရက်၊ နံနက် ၇ နာရီအချိန်မှစတင်၍ ကောက်ယူဆောင်ရွက်လျက်ရှိရာသို့ စစ်ကိုင်းတိုင်း ဒေသကြီး သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဉက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများမှ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအား တစ်အိမ်တက်ဆင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှု များအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့ နယ်၊ ခေါင်ခမ်းကျေးရွာအတွင်းရှိ အိမ်ထောင်စုများအား တစ်အိမ်တက်ဆင်း လူဦးရေ နှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ကျေးရွာနေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
၂၀၂၄-ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နံနက် ၇ နာရီအချိန်တွင် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဟုမ္မလင်းခရိုင်ဦးစီးမှူးနှင့် စာရင်းစစ်၊စစ်ရင်း ကောက်များမှ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် ရန် ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရိပ်သာ၌ ခေတ္တရောက်ရှိနေသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအား သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ ကောက်ယူခြင်းအား ဆောင် ရွက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအား တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသနှင့် ခရိုင် ၁၃ ခရိုင်အတွင်းရှိ မြို့နယ်ပေါင်း ၂၇ မြို့နယ်၌ ကောက်ကွက်ပေါင်း ၁၉၇၆ ကွက်၊ စာရင်းစစ် ၂၅၂ ဦး၊ စာရင်းကောက် ၇၇၄ ဦး စုစုပေါင်း ၁၀၂၆ ဦးဖြင့် ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



