slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ခြင်း အခမ်း အနား ကျင်းပ

မုံရွာ၊ အောက်တိုဘာ ၁

ချင်းတွင်းမြစ်ကမ်းတစ်လျှောက်ရှိ မြို့နယ်/ရပ်ကွက်/ကျေးရွာများရှိ ဒေသခံပြည် သူများ ငါးစားသုံးမှုဖူလုံစေရေးနှင့် မြစ်ချောင်းများအတွင်း ငါးသယံဇာတပေါများစေရေး တို့အတွက် ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို အောက်တိုဘာ လ ၁ ရက်၊ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့၊ ချင်းတွင်းမြစ်အတွင်း ကျင်းပရာ အခမ်အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နေပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ မြို့နေပြည်သူများနှင့် ဒေသခံတိုင်းရင်းသားများမှ ချင်းတွင်းမြစ်အတွင်း ၂ လက်မအရွယ်ရှိ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၅၀၀၀၀ နှင့် ငါးခုံးမကြီး ငါးသား ပေါက်ကောင်ရေ ၅၀၀၀၀ စုစုပေါင်းကောင်ရေ ၁ သိန်းအား တစ်ပျော်တစ်ပါး ချင်းတွင်း မြစ်အတွင်း ငါးမျိုးများ စိုက်ထည့်ပေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ငါးမျိုးစိုက်ခြင်း အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

20241002 09

20241002 09

နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား မုံရွာမြို့၌ ကျင်းပ

မုံရွာ အောက်တိုဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ကြီးမှူးကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက် တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမ တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း ဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များနှင့်ဇနီးများ၊ ဆုရရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အနာဂတ်ကာလမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်လာစေဖို့အတွက် နိုင်ငံတော်အပိုင်းက ရုပ်ဝတ္ထုပစ္စည်း ပံ့ပိုးမှုတွေ ဖြည့်ဆည်းပေးနေသလို တပ်ဖွဲ့ဝင်များဘက်ကလည်း စိတ်ပိုင်းဆိုင်ရာ ခံယူချက် ယုံကြည်ချက်နှင့် ဆည်းပူးလေ့လာ ကြိုးစားနေကြဖို့ မှာကြားလိုကြောင်း ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဦးထိပ်ပန်ဆင်ထားတဲ့ “သစ္စာ၊ သမာဓိ၊ သတ္တိ”ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူအပေါ် သစ္စာရှိစွာ တာဝန်ထမ်းဆောင်သွားကြစေကြောင်း၊ တာဝန်ထမ်းဆောင်ရာ မှာလည်း အဂတိကင်းရှင်းပြီး ဖြောင့်မတ်တည်ကြည်သော သမာဓိဖြင့် အမှန်တရားအတွက် စွန့်လွှတ် စွန့်စားတဲ့စိတ်နှင့် သတ္တိရှိရှိ ရဲရင့်စွာ ကြိုးပမ်းဆောင်ရွက်သွားကြပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ရည်မှန်းချက်တာဝန်(၄)ရပ်ကို ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့ ပြည်သူလူထုရဲ့ လိုအပ်ချက်များကို ဥပဒေနှင့်အညီ အကူအညီ ပေးပြီး ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ ရဲလုပ်ငန်းစနစ်ကို အလေးထားအကောင်အထည် ဖော် ဆောင်ရွက်သွားကြစေ လို ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်ပေးတဲ့ တပ်ဖွဲ့ဝင်များ ဖြစ်စေရေးအတွက် လုပ်ငန်းတာဝန်များ ထမ်းဆောင် ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြောင့်မတ်တည်ကြည် မှန်ကန်စွာ၊ အဂတိကင်းရှင်းစွာ ဆောင်ရွက်သွားကြရန်နှင့် အမိနိုင်ငံတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် ပေးအပ်တဲ့ တာဝန်တွေကို ဦးလည်မသုန် ထမ်းရွက်နိုင်တဲ့ တပ်ဖွဲ့ဝင်ကောင်းများ ဖြစ်အောင် အစဉ်ကြိုးပမ်းသွားကြ ရန် အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နိုင်လင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏သဝဏ်လွှာအား ဖတ်ကြားပြီး နောက် စစ်ကိုင်းတိုင်းဒေသကြီး၊တရားသူကြီးချုပ်ဦးဇော်ထူးက တစ်ဆင့်မြင့်ရာထူး ရရှိသူ(၂)ဦး၊ ရဲသူရတံဆိပ် ရရှိသူ(၁)ဦး၊ ရဲဗလတံဆိပ်ရရှိသူ(၁)ဦးကျပ်သိန်း(၁၀၀၀၀)နှင့်အထက်မူးယစ်းဆေးဝါးများဖမ်းဆီးရမိ အောင်ဆောင်ရွက်နိုင်သူ(၁)ဦးအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး က ရဲသူရတံဆိပ် ရရှိသူ(၁)ဦး၊ တစ်ဆင့်မြင့်ရာထူး ရရှိသူ(၂)ဦး၊ ရဲဗလတံဆိပ်ရရှိသူ(၁)ဦး၊ ကျပ်သိန်း (၁၀၀၀၀)နှင့်အထက် မူးယစ်ဆေးဝါးဖမ်းဆီးရမိ အောင်ဆောင်ရွက်နိုင်သူ(၁)ဦးအားတို့အားလည်းကောင်း၊အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ ဦးစီး ဗိုလ်မှူးကြီး စစ်ရေးဗိုလ်မှူးကြီးဇော်လင်းထွန်းကတစ်ဆင့်မြင့်ရာထူးရရှိသူ(၂)ဦးရဲဗလတံဆိပ်ရရှိသူ(၂)ဦးကျပ်သိန်းပေါင်း(၁၀၀၀၀) နှင့်အထက် မူးယစ်ဆေးဝါးများဖမ်းဆီးရမိသူ (၁)ဦးတိုအားလည်းကောင်း အသီးသီးဆုချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တာဝန်ရှိသူများက နှစ်(၆၀)ပြည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Click အားကြည့်ရှုအားပေးပြီး ဆုရရဲတပ်ဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကာ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ အသိပညာပေးနံရံကပ်ဓာတ်ပုံပြခန်းများအား ကြည့်ရှုအားပေးခဲ့သည်။

20241002 01

20241002 01

20241002 01

20241002 01

20241002 01

20241002 01

20241002 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.