၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက် ကြီး ၈ တိုက်မှ ဆရာတော်၊သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းများ လောင်းလှူပွဲကျင်းပ
မုံရွာ၊ ဇူလိုင် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ပရိယတ္တိစာသင် တိုက်ကြီး ၈ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်း လောင်းလှူပွဲ အခမ်း အနားကို ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်း ကျင်း ပရာ ဆွမ်းလောင်းလှူပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်း ဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ တိုင်းဒေသ ကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အရာထမ်း၊အမှုထမ်းများနှင့်မိသားစု ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေ သကြီးအစိုးရအဖွဲ့ရုံးရှိ အရာထမ်း၊အမှုထမ်းများက ပင့်သံဃာဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းများ၊ သစ်သီးနှင့်အချိုပွဲများ လောင်းလှူကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သံဃာတော်များအား စနစ်တကျဖြင့် ဆွမ်းနှင့်ဆွမ်းဟင်းများ၊ သစ်သီးနှင့်အချိုပွဲများတစ်ပျော်တစ်ပါး လောင်းလှူနေမှု များအား လိုက်လံကြည့်ရှုခဲ့ကြပြီး ဆွမ်းလောင်းလှူကြသူများအား ရင်းရင်းနီးနှီးလိုက်လံနှုတ် ဆက်ခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ဆွမ်းနှင့်ဆွမ်းဟင်း လောင်းလှူပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရှိ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့်မိသားစုဝင်များမှ လစဉ်လောင်းလှူသွားမည်ဖြစ်ကြောင်း သိရ သည်။




စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
မုံရွာ ဇူလိုင် ၂၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှု ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့ နံနက် (၈) နာရီခွဲက မုံရွာမြို့အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း၊(အလုံ) ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဦးဇော်လင်းထွန်း၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးသိုက် တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး နောက် စုပေါင်းမှတ်တမ်းတင်ဓါတ် ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဒုတိယပိုင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ အထက(၁)အလုံမှ ကျောင်းသား ကျောင်းသူများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့ တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် က အမှာစကားပြောကြားသည်။
ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မုံရွာမြို့နယ်အတွင်းမှ အလယ်တန်းအဆင့်ကျောင်းစာကြည့်တိုက်(၁၁) တိုက်အတွက် တစ်တိုက်လျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် ငွေကျပ်(၅၅)သိန်းကို ပေးအပ်ရာ တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေမှူး ဦးစိုးသိုက်က လည်းကောင်း၊ ကျောင်းစာကြည့်တိုက် (၁၁ )တိုက်အတွက် စာအုပ်စာစောင်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မြင့်မြင့်အောင်နှင့်အတူ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်တို့က အသီးသီးပေးအပ်ရာ သက်ဆိုင်ရာ အလယ်တန်းကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့ကြပြီးနောက် အခြေခံပညာ အလယ်တန်းကျောင်းများကိုယ်စား အခြေခံပညာလေ့ကျင့်ရေးအလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးလွင် ကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများအဖြစ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနကပြသထားသည့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ဓာတ်ပုံပြခန်းများ၊ တိုင်းဒေသကြီး ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးပြခန်းများ၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနက ကျင်းပသည့်ကျောင်းသား၊ ကျောင်းသူများ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်ဝိုင်းများ ကျင်းပနေမှုတို့ကိုလည်းကောင်း ၊ ရုပ်ပုံဆက်၊ စကားပုံဆက်၊ ခါးကွင်း လှည့်ပြိုင်ပွဲ၊ ခွက်နင်းပြိုင်ပွဲ နှင့် ပူဖေါင်း ဖောက် ပြိုင်ပွဲများတွင် ကလေးငယ်များ ပါဝင်ယှဥ်ပြိုင် နေမှုများအား လည်းကောင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး နောက် လင်းရောင်ခြည် ကျောင်းစာကြည့်တိုက် သို့ရောက်ရှိပြီး စာကြည့်တိုက်အတွင်း ကျောင်းသား ကျောင်းသူများ စာပေလေ့လာဖတ်ရှုနေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ယနေ့ကျင်းပပြုလုပ်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားသို့ မုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၂၀၀၀) ကျော်က ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြ ကြောင်းသိရသည်။






























သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



