slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

ဆိုလာသုံးစွဲမှုနှင့်ပတ်သက်၍ စားသုံးသူ ( သုံးစွဲသူ) ပြည်သူများနစ်နာဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ရေး စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီက အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မုံရွာ ဇူလိုင် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီမှ ဒေသတွင်း ဆိုလာသုံးစွဲသူမိဘပြည်သူများ ဆိုလာများ ဝယ်ယူသုံးစွဲခြင်းနှင့်ပတ်သက်၍ နစ်နာ ဆုံးရှံးမှုမရှိစေရေး၊ စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင်များအကြား အငြင်းပွားမှု မရှိစေပဲ နှစ်ဦးနှစ်ဖက် အကျိုး ဖြစ်ထွန်းစေရေး ရည်ရွယ်ပြီး ဆိုလာသုံးစွဲမှု အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ မှ မွန်းလွဲ ၁ နာရီအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းရှိ ချင်းတွင်း ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူး၊ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆိုလာရောင်းချသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဆိုလာသုံးစွဲမှုနှင့်ပတ်သက်၍ စားသုံးသူ ( သုံးစွဲသူ) ပြည်သူများနစ်နာဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးစိုးအောင်က ဆိုလာများတွင်ကျယ်စွာ အသုံးပြုလာမှု အခြေအနေများနှင့် သုံးစွဲသူ မိဘ ပြည်သူများနစ်နာဆုံးရှုံးမှု မရှိစေအောင် ကာကွယ်နိုင်ရေး အတွက် အလုပ်ရုံဆွေးနွေးပွဲတွင် သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေးရမည့် အကြောင်း အရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။

ထို့နောက် ဆိုလာသုံးစွဲမှုနှင့်ပတ်သက်၍ သုံးစွဲသူ ပြည်သူများနစ်နာဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ တက်ရောက်လာကြသူများက အနာဂတ်အတွက် ဆိုလာလုပ်ငန်းစဉ် ဖွံ့ဖြိုး တိုးတက်လာမည့်အခြေအနေများ၊ ဆိုလာသုံးစွဲရာတွင် ပေးချေရသောငွေနှင့် သုံးစွဲမှု၊ ဆိုလာသုံးစွဲသူ၏ စိတ်ကူးအိပ်မက် စသည့် အကြောင်းအရာ များအပါအဝင် သုံးစွဲသူ ပြည်သူများနစ်နာဆုံးရှုံးမှုကိုကာကွယ်နိုင်ရေး အဓိက အကြောင်းအရာ ( ၆ )ချက်ကို ဆွေးနွေးခဲ့ကြကြောင်းသရှိရပါသည်။

20240717 30

20240717 30

20240717 30

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး သန်းခေါင်စာရင်းကောက်ယူ ရေးကြီးကြပ်မှုကော်မတီ၏ ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄)တက်ရောက်

မုံရွာ၊ ဇူလိုင် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၄)ကို ဇူလိုင်လ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး သန်းခေါင်စာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူးများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌများ နှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်း ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် အရေးကြီးဆုံးလုပ်ငန်းစဉ်ဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်ရေးများနစ်နာမှုမရှိစေ ရေးနှင့် နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေး၊ အရေးပေါ် ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတ သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံ တော်တာဝန် လွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ပါအတိုင်း အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် မဲစာရင်းပြုစုရာတွင် အရေးကြီးသည့်ကိန်းဂဏန်းအချက် အလက်မှန်ကန်စေရေးအတွက် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းမှရရှိသည့် လူဦးရေစာ ရင်းအားမှန်ကန်သည့် မဲစာရင်းပြုစုရန်အတွက် အထောက်အကူပြုသည့် လုပ်ငန်းဖြစ်၍ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအား အောက်တိုဘာလ ၁ ရက်နေ့ မှ ၁၅ ရက်နေ့ထိ (၁၅)ရက်ကြာ ကောက်ယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းတွင်ပါဝင်ကြမည့် စာရင်းစစ်၊ စာရင်းကောက်၊ Volunteer များကိုလည်း သက်ဆိုင်ရာမြို့နယ်များအလိုက် သတ်မှတ်အရေအတွက်အတိုင်း ကြို တင်စုဖွဲ့ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် သန်းခေါင်စာရင်း ကော်မတီများမှ နိုင်ငံတော်အဆင့်စီမံချက်အား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ခံယူ၍ တိုင်းဒေသကြီးအတွက် အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမည့်အချိန်တွင်လည်း မြေပြင်ကွင်းဆင်း စာရင်းကောက် ယူရေးလုပ်ငန်း ဆောင်ရွက်ရန်ကျန်ရှိသည့် နေရာများအား သန်းခေါင်စာရင်းကောက်ယူမည့် နေရာများ အားတစ်ပါတည်းမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးစီမံဆောင်ရွက်ထားရှိကြရန် လိုအပ်ပါကြောင်း၊ မဲစာရင်းမှန်ကန်စေရေးအတွက် လည်းလို အပ်သည့်နေရပ်လိပ်စာ ဖော်ပြရန်ကျန်ရှိသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရန် ကျန်ရှိသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ တာဝန်ရှိသူများမှ အလေးအနက်ထား ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးဆန်းအောင်က တိုင်းဒေသကြီးအတွင်း ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မြေ ပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆိုင်ရာကိစ္စရပ်များ၊ မဲစာရင်းပြုစုရေး ဆိုင်ရာကိစ္စရပ်များ နှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးဆိုင်ရာ ကိစ္စရပ်များ၊ မဲစာရင်းပြုစုရေးဆိုင်ရာကိစ္စရပ်များနှင့် အခြေအနေများအား အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များ အတွင်းရှိမြို့နယ်များ၌ ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ထားရှိမှုများ၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးဆိုင်ရာကိစ္စရပ်များ၊ မဲစာရင်းပြုစုရေးဆိုင် ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ခရိုင်အတွင်းရှိမြို့နယ်များတွင် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးဆိုင်ရာကိစ္စရပ်များ၊ မဲစာရင်းပြုစုရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ထားရှိမှုများ၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆိုင်ရာ ကိစ္စရပ်များနှင့် မဲစာရင်းပြုစုရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး သန်းခေါင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီး ဖြည့်စွက် အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

20240718 01

20240718 01

20240718 01

20240718 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.