slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်း သိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်

မုံရွာ၊ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင် များ၊ ဆုရကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အိုဇုန်းလွှာထိန်းသိမ်းရေးအပါ အဝင်ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင်ကောင်းများရရှိနိုင်ရေး တာဝန်ရှိသူအားလုံးမှ ဘက်ပေါင်းစုံကနေ ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ပြီး ထိခိုက်ပျက်စီးစေ မည့်ကိစ္စရပ်များ အား ဥပဒေ၊စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်သွားကြရန် အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းအားလုံးကို ကဏ္ဍအားလုံးမှ ပေါင်း စပ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ရာတွင် ပြည်သူများအနေ ဖြင့်လည်း မိမိတို့တတ်နိုင်သည့်အပိုင်းကနေ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြ ရန်လို အပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့်လည်း ပျော်ရွှင်ဖွယ်ကောင်းသည့် ပတ်ဝန်း ကျင်၊ ကောင်းမွန်သန့်ရှင်းသည့် ဂေဟစနစ်များအား သားစဉ်မြေးဆက် လက်ဆင့်ကမ်း ရပ်တည်နိုင်ရန် မိမိတို့အားလုံး သဘာဝပတ်ဝန်းကျင်အား တန်ဖိုးထားထိန်းသိမ်းသွားကြ ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်းအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများ က ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်း သိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်း၊အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ ဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသော ကျောင်းသား/သူများအား လည်းကောင်း၊ တိုင်း ဒေသကြီး တရားသူကြီးချုပ်က မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသော ကျောင်းသား/သူများအား လည်းကောင်း ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆုငွေများအား ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများ အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရကျောင်းသား /သူများအတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ခန်းမအတွင်းခင်းကျင်းပြသထား သော လေ၊ ရေ၊ မြေ တိုင်းတာရေးစက်ကိရိယာများ၊ အအေးပေးပစ္စည်းများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေး စာအုပ်များနှင့်လက်ကမ်းစာစောင်များ၊ ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော ပန်းချီလက်ရာများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

20240917 01

20240917 01

20240917 01

20240917 01

20240917 01

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မုံရွာမြို့၊ လေးတောင်ပြင်ကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

မုံရွာ၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလုံရပ်ကွက်ရှိ လေးတောင်ပြင်ကျောင်းတိုက်ကြီးရှိ ဆရာတော်၊သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းအခက်အခဲမရှိစေရေးတို့အတွက် တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ လှူဖွယ်ပစ္စည်းများနှင့် တစ်လစာ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်း တိုက်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူ များသူ တက်ရောက်ကြသည်။

ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြ ပြီး မုံရွာမြို့၊ အလုံရပ်ကွက်၊ လေးတောင်ပြင်ကျောင်းတိုက် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံ ယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက လေးတောင်ပြင်ကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာတော်များအတွက် လှူ ဖွယ်ပစ္စည်းများနှင့် တစ်လစာ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးအား ဆက်ကပ်လှူဒါန်း ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရ သည်။

20240916 16

20240916 16

20240916 16

20240916 16

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.