slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေများ၊ ကယ်ဆယ်ရေးပစ္စည်းများပေးအပ်၊ ချင်း တွင်းမြစ်ရိုး တစ်လျှောက်ရေထိန်းတာဘောင်များအား လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ၊ ဇူလိုင် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ ၁၀ ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ အောင်မြေလောကကျောင်း တိုက်ရှိ ဝါဆိုဓမ္မာရုံကြီး၌ ဇူလိုင်လ ၉ ရက်နေ့၊ ည ၁၀ နာရီခွဲ အချိန်ခန့်တွင် ပေါ့ဆမီး ကြောင့်မီးလောင်မှုဖြစ်ပွားခဲ့သည့် အေးသာယာရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နှုတ်ဆက်အားပေးစကား ပြောကြား သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးဘေးသင့် အိမ်ထောင်စု ၃၂ စု၊ အိမ်ခြေ ၁၇ အိမ်၊ လူဦးရေ ၁၂၃ ဦးတို့အတွက် ကိုယ်စားလှယ် ၂ ဦးထံ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံများနှင့် တိုင်း ဒေသကြီးအစိုးရအဖွဲ့ တစ်အိမ်လျင် ငွေကျပ် ၃ သိန်းနှုန်းဖြင့် အိမ် ၁၇ အိမ်အတွက် ငွေကျပ် စုစုပေါင်း- ၅၁၀၀၀၀၀ (ငါးဆယ်တစ်သိန်း)ကျပ်အား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များက စားသောက်ဖွယ်ရာများအား လည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ ကလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် အိမ်ဆောက်ပစ္စည်း၊ ဆန်ရိက္ခာဖိုး ငွေကျပ်- ၃၆၅၈၃၀၀ (သုံးဆယ်ခြောက်သိန်းငါးသောင်းရှစ်ထောင်သုံးရာ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါပုံးများအား မီးဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူ များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြပြီး မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား ချင်းတွင်း မြစ်ရေ ရောက်ရှိမှုအခြေအနေနှင့် မြစ်ရေဝင်ရောက်မှုမရှိစေရေးအတွက် ဌာနဆိုင်ရာများနှင့် ရပ် ကွက်နေပြည်သူများမှ ချင်းတွင်းမြစ်ရိုးတစ်လျှောက် ရေထိန်းတာဘောင်များအား အဆင့်မြှင့် တင်ဆောင်ရွက်နေမှုများနှင့် ရေစိမ့်ဝင်သည့်နေရာများအား သဲအိတ်များဖြင့်ကာရံနေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးပြီးလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ပြီး ချင်းတွင်းမြစ်ရိုးတစ်လျှောက် ရေထိန်းတာဘောင်များ ကြံ့ခိုင်မှုရှိစေရေးတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

20240711 01

20240711 01

20240711 01

20240711 01

20240711 01

20240711 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄) တက်ရောက်

မုံရွာ၊ ဇူလိုင် ၉

စစ်ကိုင်းတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၂၄)ကို ဇူလိုင်လ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာနိုင်ငံ အထက်ပိုင်းဒေသ များတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ အနိမ့်ပိုင်းဒေသများတွင် ရေဝင်ပြောင်းရွှေ့မှုများ ချင်းတွင်းမြစ်တွင် ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်၊ မင်းကင်းမြို့နယ်များ ဧရာဝတီမြစ်တွင် ကသာ၊ ကျောက်မြောင်း၊ စစ်ကိုင်းမြို့ များတွင်လည်း ရေဝင်ပြောင်းရွှေ့မှုများ ရှိလာခဲ့သည့်အတွက် လိုအပ်သည်များ ပူးပေါင်းဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဘေးသင့်ပြည်သူများအား နေထိုင်၊စားသောက်ရေးနှင့် ကျန်း မာရေးစောင့်ရှောက်မှုများပေးသွားကြရန်နှင့် ရေပြန်လည်ကျဆင်းချိန်တွင် ပြန်လည်ထူထောင် ရေးလုပ်ငန်းအား တာဝန်ရှိသူအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များတွင် ဖွဲ့စည်းထားသည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အသီးသီးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်မြေခံတပ်မတော်သားများ၊ လူမှု ရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် ဝိုင်းဝန်းပူးပေါင်း၍ ဘေးသင့်ပြည်သူများအား လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေး မှူးများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း သဘာဝဘေးအန္တ ရာယ်များဖြစ် ပွားလာပါက ကြိုတင်ကာကွယ်ပြင်ဆင်ထားရှိမှုလုပ်ငန်းများနှင့် ကူညီကယ်ဆယ် ရေးလုပ်ငန်း များဆောင်ရွက်နေမှု၊ နေထိုင်ရေး၊ စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပြန်လည်ထူ ထောင်ရေးနှင့် သန့်ရှင်းသောသောက်သုံးရေ ရရှိရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု လုပ်ငန်းများအား Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြ သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘို ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့်လည်း ကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးတို့က မိမိတို့ခရိုင်များအတွင်းရှိ မြို့ နယ်များ၏ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ကြိုတင်ကာကွယ်ပြင်ဆင်ထား ရှိမှုလုပ် ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်း တင်ပြကြ သည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသ ကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ပြင်ဆင်ထားရှိရေး လုပ်ငန်းအခြေအ နေများနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ အဆိုပါဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင် ဆေးရုံ အုပ်ကြီးနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့်တွေ့ဆုံရာ ဆေးရုံကြီး၏ကုသရေးလုပ် ငန်းများ၊ ဆေးဝါးများနှင့် လိုအပ်သည်များကို ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်ကြီးများမှ အသီးသီး ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆေးရုံကြီးနှင့် လူနာများ၏ကုသရေးလုပ် ငန်းများအတွက် ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးရှိ မျက်စိစမ်းသပ်ခန်း၊ အမြင်အာရုံစမ်းသပ်ခန်းတို့တွင် မုံရွာမြို့နှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ပြည်သူ ၃၀၀ ဦးအား ဇူလိုင်လ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးနေမှုများနှင့် ခွဲစိတ်ပြီးလူနာများအား ထောက်ပံ့ပေးအပ်မည့် ဆေး ဝါးများနှင့်နေကာမျက်မှန်များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လူနာများအား ရင်းရင်းနှီးနှီးနှုတ် ဆက်အားပေးခဲ့ကြောင်း သိရသည်။

20240710 22

20240710 22

20240710 22

20240710 22

20240710 22

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.