၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာဂေါက်ကွင်းအတွင်း၌ ကျင်းပပြုလုပ် သော ၂၀၂၄-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် (တတိယအကြိမ်) အခမ်းအနား တက်ရောက်
မုံရွာ၊ ဇူလိုင် ၇
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ် ဓါတ်ဖြစ်ပေါ်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ်ညီညွှတ်မျှတစေ ရေး၊ ရာသီဥတုကောင်းမွန်ရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးအတွက် ရည်ရွယ်၍ ဇူလိုင်လ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ မုံရွာဂေါက်ကွင်းအတွင်း၌ တိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် တိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် (တတိယအကြိမ်) အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်း လန်းစိုပြည်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ မုံရွာဂေါက်ကလပ် ဘဏ္ဍာရေးကော်မတီ ဥက္ကဌနှင့် မုံရွာဂေါက်ကလပ်အတွင်းရေးမှူးထံ စိုက်ပျိုးမည့်ပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး အမျိုးသမီးရေးအဖွဲ့ နာယကမှ တိုင်းဒေသကြီး အမျိုးသမီး ရေးရာအဖွဲ့ဝင်ထံ စိုက်ပျိုးမည့်ပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်မှ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌထံ စိုက်ပျိုးမည့်ပျိုးပင်အား လည်းကောင်း၊ တိုင်းဒေ သကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးထံ စိုက်ပျိုးမည့်ပျိုး ပင်အား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးထံ စိုက်ပျိုးမည့်ပျိုးပင်အား လည်းကောင်း၊ တိုင်းဒေ သကြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးထံ စိုက်ပျိုးမည့်ပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီး အပူပိုင်းဒေ သစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးထံ စိုက်ပျိုးမည့်ပျိုးပင်အား လည်းကောင်း အသီးသီးပေးအပ်ကြ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တမာပျိုးပင်အား စိုက်ပျိုးပေးပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများမှ သက်မှတ်နေရာ များတွင် ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ တာဝန်ရှိသူ များနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
အဆိုပါ မုံရွာဂေါက်ကွင်းအတွင်း၌ ကျင်းပသော ၂၀၂၄-ခုနှစ်၊ မိုးရာသီစု ပေါင်းသစ် ပင်စိုက်ပျိုးပွဲတော် (တတိယအကြိမ်)တွင် ၂ ပေနှင့်အထက် ၂ နှစ်သားအရွယ်ရှိ ပျိုးပင် ၇၇၄ ပင်အား စိုက်ပျိုးပေးခဲ့ကြပြီး ၂၀၂၄ -ခုနှစ်၊ မိုးရာသီ၌ တိုင်းဒေသကြီး သစ်တောဦးစီးဌာန အနေဖြင့် သစ်မျိုးပေါင်း ၁၂ မျိုး၊ ပျိုးပင် ၁,၅၉,၃၉၆ ပင်နှင့် တိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် သစ်မျိုးပေါင်း ၁၄ မျိုး၊ ပျိုးပင်စုစုပေါင်း ၉၃,၂၀၀ ပင် စိုက်ပျိုးပြီးစီးခဲ့၍ တိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့် ယခုနှစ်မိုးရာသီတွင် ပျိုးပင်စုစုပေါင်း ၂,၅၂,၅၆၉ ပင်အား စိုက်ပျိုးပြီးစီးခဲ့ပြီးကြောင်း သိရသည်။






စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှု အားပေး
မုံရွာ၊ ဇူလိုင် ၆
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဉပဓိရုပ်ကောင်းမွန်စေရေးအတွက် ဇူလိုင်လ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းပတ်ဝန်းကျင်နှင့်ကျောင်းဝန်းအတွင်း သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်း လင်းခြင်း၊ ခြင်များပေါက်ပွားနိုင် သည့်ရေနုတ်မြောင်းများရေစီးရေ လာကောင်းမွန်စေရေးတို့ အတွက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ စုပေါင်း၍ သန့်ရှင်းရေးလုပ် ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေ သူများ၊ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီ၊ တန်ဖိုးသင့်စား သောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများ အားကြည့်ရှုအားပေးကာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျွေးမွေးသည့် နံနက်စာများကိုတစ်ပျော်တစ်ပါး စုပေါင်းစားသုံးခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၄ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ် ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၄၀၀ ကျော်ဖြင့် ကျောင်းများဉပဓိရုပ်ကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပ်ရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



