၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ (၁၀၂)နှစ်ပြည့်၊ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အခမ်း အနား ကျင်းပ
မုံရွာ ဇူလိူင် ၆
(၁၀၂)နှစ်ပြည့်၊ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားကို ဇူလိူင်လ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်း ပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရား သူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ သမဝါယမဦးစီးဌာနမှဝန်ထမ်းများ၊ သမဝါယမအသင်းစုချုပ် အမှု ဆောင်များနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နှစ်စဉ်အပြည်ပြည်ဆိုင်ရာ သမဝါယမ နေ့၌သမဝါယမအကြောင်း အသိပညာပေးမှုအား တိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံတကာ စည်းလုံးညီညွှတ်ရေး ရည်မှန်းလှုပ်ရှားဆောင်ရွက်ခဲ့ရာ အချိန်တိုအတွင်း စီးပွားရေးအကျိုးဖြစ် ထွန်းမှု တန်းတူညီမျှမှုနှင့် ကမ္ဘာကြီးငြိမ်းချမ်းပြီး သာယာဝပြောမှုများကို အားပေးမြင့်တင်ရန် ရည်ရွယ်ပြီး ကမ္ဘာတစ်ဝန်းလုံး ကျင်းပလာခြင်းဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း ဖွဲ့စည်းပြီး သမဝါယမအသင်းများရှိ အသင်းသူ၊အသင်းသား တောင်သူများ၏ စိုက်ပျိုးရေးလုပ် ငန်းများသို့ အရင်းအနှီးပံ့ပိုးချေးငွေ ထုတ်ချေးခြင်းလုပ်ငန်း လယ်ယာသုံးနှင့် လုပ်ငန်းသုံးစက် ကရိယာများအား စနစ်တကျအရစ်ကျဖြင့် ရောင်းချပေးခြင်း၊ မျိုးစေ့၊ဓါတ်မြေသြဇာများ ဖြန့်ဖြူး ရောင်းချပေးခြင်း၊ လယ်ယာမြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ လယ်ယာထွက် ကုန်များ ဖြန်ဖြူးရောင်းချခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သမဝါယမနှင့်အသင်းစုများအနေဖြင့် ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သမဝါ ယမဆောင်ပုဒ်နှင့်အညီ သမဝါယမလုပ်ငန်းများနှင့် သမဝါယမအသင်များ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ကျေးလက်နှင့်မြို့ပြ အခြေခံပြည်သူများ၏ အနာဂါတ်ဘ၀ ပိုမို ကောင်းမွန်ရေးအား သမဝါယမကဏ္ဍမှ ကြိးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြော ကြားသည်။
ယင်းနောက် (၁၀၂)နှစ်ပြည့်၊ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အတွက် အပြည်ပြည်ဆိုင် ရာသမဝါယမအဖွဲ့ချုပ် ဥက္ကဌမှပေးပို့သည့်သဝဏ်လွှာအား တိုင်းဒေသကြီး သမဝါယမအသင်းစု ချုပ် ကိုယ်စားလှယ် ဦးထွန်းမြင့်က ဖတ်ကြားသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ သည့် ဝန်ထမ်းသား/သမီးများအား ဆုများချီးမြှင့်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၄ ဘာသာ ဂုဏ်ထူးရှင်အား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး အမျိုးသမီး ရေးရာအဖွဲ့ နာယကမှ ၂ ဘာသာဂုဏ်ထူးရှင်အား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်က ၁ ဘာသာဂုဏ်ထူးရှင်အား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရိုးရိုးအောင်မြင်သူများအား လည်းကောင်း ဂုဏ် ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (၁၀၂)နှစ်ပြည့်၊ အပြည် ပြည်ဆိုင်ရာ သမဝါယမနေ့ ဂုဏ်ပြုတေးသီချင်း Video Click အား ကြည့်ရှုအားပေးကြပြီး တာဝန် ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။






စစ်ကိုင်းမြို့ ရွှေမင်းဝံဒိုင်း အလွတ်တန်းဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီး မြှင့်ပွဲ ကျင်းပ
မုံရွာ၊ ဇူလိုင် ၄
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာ ယပညာဦးစီးဌာနှင့် တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ရွှေမင်းဝံဒိုင်း အလွတ်တန်းဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် စစ်ကိုင်းမြို့၊ နှစ် ၇၀၀ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဆင့် ဌာဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် မဟာယူ နိက်တက်အသင်းနှင့် ကယားလူငယ်ယူနိုက်တက် အသင်းတို့ယှဉ်ပြိုင်ကစားနေမှုများ အားကြည့် ရှုအားပေးကြရာ မဟာယူနိက်တက်အသင်းမှ ကယားလူငယ်ယူနိုက်တက် အသင်းအား ၂ ဂိုး၊ ၁ ဂိုး ဖြင့် အနိုင်ရရှိသွားသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်း ရေးမှူးက ပြိုင်ပွဲတစ်လျှောက် တာဝန်ယူစောင့်ရှောက်ပေးသည့် ကြက်ခြေနီ၊ မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့အား ဂုဏ်ပြုချီးမြင့်ငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက မဟာယူနိက်တက်အသင်းနှင့် ကယားလူငယ်ယူနိုက်တက်အသင်းများမှ အုပ်ချုပ်သူများထံ လာရောက်ယှဉ်ပြိုင်မှု ခရီးစရိတ် များအား ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့က နေရာအလိုက်နှင့်ပွဲစဉ်တစ်လျှောက် အကောင်း ဆုံးအားကစား သမားများနှင့် ပြိုင်ပွဲတွင်အသန့်ရှင်းဆုံးဆုရရှိသော စစ်ကိုင်းယူနိုက်တက်အသင်းအား ဂုဏ်ပြုချီး မြှင့်ငွေနှင့်ဆုတံဆိပ်အား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဒုတိယဆုရရှိသော ကယားလူငယ်ယူနိုက်တက်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့် ငွေကျပ်-၇၅ သိန်းနှင့် ဆုဖလားအားလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပထမဆုရရှိသော မဟာယူနိုက်တက်အသင်းအား တစ်ဦးချင်းဆုတံဆိပ်းများနှင့် ဂုဏ်ပြုချီး မြှင့်ငွေကျပ်သိန်း- ၁၀၀ (သိန်းတစ်ရာ)နှင့်ဆုဖလားအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



