၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ဆုတောင်းပြည့်စေတီတော်ကြီးနှင့် မဟာလယ်တီကျောင်းတိုက်ကြီးအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု လိုက်လံကြည်ရှု၊ ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
မုံရွာ၊ စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဆုတောင်းပြည့်စေတီတော်ကြီးအား လာရောက်ဖူး မျှော်ကြမည့် မုံရွာမြို့အနီးဝန်းကျင်ရှိကျေးရွာများမှ ပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည် သူများ စေတီတော်ကြီးအား စိတ်အေးချမ်းသာစွာဖြင့် ဖူးမျှော်ကြည်ညိုနိုင်ရန်အတွက် စက်တင် ဘာလ ၂၁ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး ရင်ပြင်တော်နှင့်ပတ်ဝန်းကျင်အား တိုင်း ဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့များ၊ အထေွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီး သတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြသူများအား နံနက်စာများဖြင့်ဧည်ခံခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ လယ်တီ ရပ်ကွက်ရှိ မဟာလယ်တီကျောင်းတိုက်ကြီးရှိ ဆရာတော်၊သံဃာတော်များ ဝါတွင်းကာလ အတွင်း စိတ်အေးချမ်းသာစွာဖြင့် တရားဘာ၀နာများ ပွားများနိုင်စေရန်အတွက် ကျောင်းတိုက် ကြီးအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင် သည့်ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၊ အထေွ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေးလုပ် ငန်းများဆောင်ရွက်နေသူများ၊ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တန်ဖိုး သင့်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှင့်စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးကာ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက် ခဲ့ကြသူများနှင့်အတူ နံနက်စာအတူတကွ သုံးဆောင်ခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၀ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၃၀၀ ကျော်ဖြင့် ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုးများအား စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မဟာလယ်တီ ကျောင်းတိုက်ကြီးရှိ ဆရာတော်၊သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းအခက်အခဲမရှိ စေရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဖွယ်ပစ္စည်းများနှင့် တစ်လစာ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြ ပြီး မုံရွာမြို့၊ လယ်တီရပ်ကွက်၊ မဟာလယ်တီကျောင်းတိုက် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသက်များက ငါးပါးသီလခံ ယူဆောက်တည်ကြသည်။
ထို့နောက် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများနှင့် တစ်လစာ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး အား ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက် ထားခဲ့ကြောင်း သိရသည်။









စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၅/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
မုံရွာ၊ စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း (၅/၂၀၂၄)သင်တန်း ဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂၀ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း ဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဝင်များ၊ မိခင်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပညာခေတ်လို့ခေါ်ရ သည့်နည်းပညာခေတ်ကြီးထဲတွင် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသ ကြီးအတွင်းမှာရှိကြသည့် လူငယ်လူရွယ်များအား ခေတ်နှင့်လိုက်လျောညီထွေစွာ တတ် ကျွမ်းသင့်သည့် ကွန်ပျူတာပညာရပ်များအား သင်ယူလေ့လာနိုင်စေရန် မုံရွာမြို့အပါ အဝင် မြို့ပေါင်း(၆)မြို့တွင်ရှိသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများ တွင်ဖွင့်လှစ်သင်ကြားနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် ဒေသတွင်းလူငယ်လူရွယ်များ စဉ်ဆက်မပြတ် နည်းပညာများ လေ့လာသင်ယူ နိုင်ရေး ကွန်ပျူတာအခြေခံသင်တန်းများအား ဖွင့်လှစ်ပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်အတွင်း သင်တန်းအကြိမ်ရေပေါင်း(၁၇)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား/သူ စုစုပေါင်း (၂၅၄) ဦးတက်ရောက်သင်ယူနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင်လည်း အမှတ်စဉ်(၅)အထိ သင်တန်း အကြိမ်ရေပေါင်း(၂၄)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ရာ သင်တန်းသား/သူ စုစုပေါင်း (၄၀၂)ဦးအား တက်ရောက်သင်ယူနိုင်ခဲ့ပါကြောင်း၊ လူငယ်များအနေဖြင့် သင်ယူတတ်မြောက်ထားရမည့် အခြေခံကျွမ်းကျင်မှုများ အပြင် အနာဂတ်အတွက်ပါမျှော်မှန်းပြီး အမြဲတမ်းသင်ယူလေ့ကျင့်ထားခြင်းဖြင့် မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးများအား တိုးတက်သထက် တိုးတက်အောင် အစဉ်အမြဲသင်ယူ လေ့ကျင့်နေကြရန်နှင့် ကွန်ပျူတာနည်းပညာများ ပိုမိုကျယ်ပြန့်စွာ အသုံးပြုမှသာ အလုပ် အကိုင်အခွင့်အလမ်းများရရှိကာ နည်းပညာဘက်တွင်လည်း ကျွမ်းကျွမ်းကျင်ကျင်၊ မှန်မှန်ကန်ကန် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့် အနာဂတ်တွင် နိုင်ငံတော်တာဝန်များအား ပခုံးပြောင်းထမ်းဆောင်ကြမည့် နိုင်ငံတော်၏ ခေါင်းဆောင်များ ဖြစ်လာကြမည့် လူငယ်လူရွယ်များအား အသိပညာ၊ အတတ် ပညာများတိုးပွားရရှိစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂ ဗလဆိုသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့်လည်း မိမိတို့ သင်ယူခဲ့သည့် ကွန်ပျူတာပညာရပ်များဖြင့် မိမိတို့ဘဝတိုးတက် အောင်မြင်ရေးအတွက် ကြိုးစားဆောင်ရွက်ကာ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုအောင် ကြိုးပမ်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက မုံရွာခရိုင် ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးထံ ကွန်ပျူတာအခြေခံသင် တန်း များဖွင့်လှစ်မှုအတွက် ငွေကျပ် – ၁၀၇၇၀၀၀ (တစ်ဆယ်သိန်း ခုနှစ်သောင်းခုနှစ်ထောင် ကျပ်)အား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရေးဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက သင်တန်းနည်းပြထံ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့် ငွေအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က သင်တန်သား/သူများထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများနှင့် သင်တန်း သား/သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး အဆိုပါရုံးဝန်းအတွင်း ခင်းကျင်းပြ သထားသော လှပသာယာပြည်မြန်မာရောင်စုံဓါတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။










သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



