၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးတက္ကသိုလ် တွေ့ဆုံပွဲ တက်ရောက်၊ ကျောင်းတိုက်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်
မုံရွာ၊ ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ ဒေသကွပ်ကဲမှုစစ်ဌာချုပ်(ကလေး)ဒေသကွပ်ကဲရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့၊ သူနာပြုသားဖွားသင်တန်းကျောင်းရှိ အစည်း အဝေးခန်းမတွင် ကျင်းပသော ကလေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူး များ၊ ဆရာ/မများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး ကလေး တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းလတ်က ကလေးတက္ကသိုလ်၏ သင်ကြား ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်း လင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ထံ ငွေကျပ် ( ၁၀ )သိန်းအား ထောက်ပံ့ပေးအပ်ပြီး သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်း လင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင် ရွက်ပေးကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးတက္ကသိုလ် သို့တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား/သူများ စိတ်းအေးချမ်းသာစွာ ပညာ သင်ကြားနေမှုများနှင့် ဌာနမှူး/ဌာနခွဲမှူးရုံးခန်းများ၊ စားရိပ်သာနှင့် ဝန်ထမ်းအိမ်ရာများအား လိုက်လံကြည့်ရှုစစ်ဆေး ပြီး ဆရာ/ဆရာမများနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကာ အခြေခံပညာအတန်းအလိုက် ကျောင်း သား/သူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ ပြီးသင်ကြားရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ ရွှေရ တုခန်းမတွင် ကျင်းပပြုလုပ်သော စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးလှုပ်ရှားမှုအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ပညာ ဘဏ်တိုက်စာကြည့်တိုက်” တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး အမှတ်(၁)၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းစာကြည့်တိုက်များ အတွက် ကျောင်းအုပ်ကြီးများထံ ထောက်ပံ့ငွေများပေးအပ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အထိမ်း အမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြ သော ကျောင်းသား/သူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက် ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ မြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကလေးမြို့နယ်၊ ကျောင်းတိုက်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး အိမ်ထောင်စု(၇၂)စု အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးထံ ငွေကျပ် ၂၁၆ သိန်းအားပေးအပ်ကာ တိုင်းဒေသကြီး လူမှု ရေးရာဝန်ကြီးက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် မီးဘေးသင့်ပြည်သူ( ၃၀၃ )ဦးအတွက် ကိုယ်စားလှယ်တစ်ဦးထံ ငွေကျပ် ၁၀၁၃၆၃၀၀ (တစ်ရာ့တစ်သိန်း သုံးသောင်းခြောက်ထောင် သုံးရာ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ကယ်ဆယ်ရေးပစ္စည်းပုံး (၇၂) ပုံးအား ထောက် ပံ့ပေးအပ်သည်။
ဆက်လက်ပြီး မီးဘေးသင့်ပြည်သူများမှ ကျေးရွာပြန်လည်ထူထောင်ရေး လုပ်ငန်းများ အပေါ် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ အခမ်းအနားသို့ တက် ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။






စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၃၇)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲနှင့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း အခ
မုံရွာ၊ ဇွန် ၂၆
(၃၇)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆုချီးမြှင့်ပွဲနှင့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ နှင့်ဓာတု ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများနှင့် ကျောင်း သား/သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မူးယစ်ဆေးဝါး၏ ဆိုးကျိုးပြဿနာ များအားပြည်သူလူထုအတွင်း ထိုးဖောက်သိမြင်ရှောင်ရှားနိုင်ရန် လူထုလှုပ်ရှားမှုအသွင်ဖြင့် ပြည် နယ်၊တိုင်းဒေသကြီးအလိုက် တူညီသည့်ရည်ရွယ်ချက်များနှင့် တက်ကြွစွာဖြင့်လှုပ် ရှားခဲ့သည်မှာ (၃၇)နှစ် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ဖျက်ဆီးသွားရန် တင်ပြထားရှိသည့် မြို့ နယ် ၁၁ မြို့နယ်တွင်လည်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများအား မီးရှို့ဖျက်ဆီးသည့် အခမ်းအနားများအား ယခုအချိန်တွင်တစ်ပြိုင် တည်းကျင်းပနေပြီဖြစ်ပါ ကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်သည် ပြည်သူ့ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် လုံခြုံရေးကဏ္ဍများတွင် အဓိကခြိမ်းခြောက်နေသည့် စိတ်ခေါ်မှုတစ်ရပ်ဖြစ်သည့်အတွက် လူသား အားလုံနှင့်သက်ဆိုင်ပြီး ကိုယ်စီတာဝန်ရှိစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်နှင့် သက် ဆိုင်ရာဌာနအသီးသီးမှလည်း ပြည်သူတစ်ရပ်လုံး၏ပူးပေါင်းပါဝင်မှုအားကိုယူကာ ချမှတ်ထား သည့်မူဝါဒများနှင့်အညီ မူးယစ်ဆေးဝါး အန္တရာယ်လျော့ပါးရေးအတွက် ကဏ္ဍအလိုက် ဝိုင်းဝန်း ကြိုးပမ်းအကောင်းအထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြား ခဲ့သည်။
ယင်းနောက် ၂၀၂၄-ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေး ဗဟိုအဖွဲ့ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ထံမှပေးပို့သည့် သဝဏ်လွှာအား ကလေးခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကြည်ဝင်းက ဖတ်ကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့်ကွန်ပျူ တာပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေ နှင့်ဂုဏ်ပြု လက်မှတ်များအား အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ စုပေါင်းမှတ်တမ်း ဓါတ်ပုံ ရိုက်ကူးကြပြီး မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများအား ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မူးယစ်ဆေးဝါးများနှင့် ဓာတု ပစ္စည်းများ အား စက်ခလုတ်နှိပ်၍ မီးရှို့ဖျက်ဆီးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် ဆုရပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့်ကွန်ပျူတာ ပန်းချီများ အား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ကလေးမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်သော (၃၇)ကြိမ် မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့်ဓာတု ပစ္စည်းများဖြစ်
သည့် ဘိန်း၊ ကဖင်း၊ စိတ်ကြွဆေးဝါး၊ အိုက်(စ်) စုစုပေါင်းကာလတန်ဖိုး ငွေကျပ် – (သိန်းပေါင်း တစ်သိန်း နှစ်ထောင်ကျော်)အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။












သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



