၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကျောက်မီးသွေးတူးဖော် လုပ်ကိုင်လျှက်ရှိ သည့်ကုမ္ပဏီများ လျာထားချက်အပြည့် ထုတ်လုပ်ရေး/သယ်ယူရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
မုံရွာ၊ ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျောက်မီးသွေးတူးဖော်လုပ်ကိုင်လျှက်ရှိသည့်ကုမ္ပဏီများလျာထား ချက်အပြည့် ထုတ်လုပ်ရေး/သယ်ယူရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကုမ္ပဏီများမှလုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်များသည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ကလေးဝ၊မော်လိုက်၊ တမူးမြို့နယ်များတွင် ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းများ လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များအနေဖြင့် သက်မှတ်ကာလအတွင်း ထုတ်လုပ်ရမည့် လျာထားချက်အပြည့် ထုတ်လုပ်ရေးနှင့် ထုတ်လုပ်ပြီးကျောက်မီးသွေးများအားလုံး သယ်ယူနိုင်ရေးအတွက် မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လိုအပ်သည်များကိုပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောက်မီးသွေးတူးဖော် ထုတ်လုပ်ပြီးစီးခဲ့သည့် မြေနေရာများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်ကြီးမြန်သစ်ပင်များပြန်လည်စိုက်ပျိုးသွားကြရန်လိုအပ်ပါကြောင်း၊ မိမိတို့၏လုပ်ငန်းဆောင်ရွက်နေမှုများနှင့်လိုအပ် ချက်များအားယခုအစည်းအဝေးတွင်ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက မိမိတို့ဌာန အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအခြေဘအနေများနှင့် ပတ်သက်၍ Video Conferencing စနစ်ဖြင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ကျောက်မီးသွေး လုပ်ငန်းရှင်များနှင့်တာဝန်ခံများက မိမိတို့လုပ်ငန်းများ၏ ကျောက်မီးသွေး ထုတ်လုပ်နေမှု၊ သယ်ယူရေး ဆောင်ရွက်နေမှုနှင့် သက်မှတ်လျာထားချက်ပြည့်မီအောင်ထုတ်လုပ်သယ်ယူမည့်အခြေအနေများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီပေးရန်လိုအပ်မှုများနှင့် ပတ်သက်၍ အသီးသီးဆွေး နွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကျောက်မီးသွေးတူးဖော် လုပ်ကိုင်လျှက်ရှိသည့်ကုမ္ပဏီများ လျာထားချက်အပြည့် ထုတ် လုပ်ရေး/သယ်ယူရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဖြည့်စွက်ဆွေးနွေး တင်ပြ ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။



စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်ထမ်းအိမ်ရာဝန်းအတွင်း စိန်တလုံးသရက်ပင်များ စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
မုံရွာ၊ ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်ထမ်းအိမ်ရာဝန်းအတွင်း စိန်တလုံးသရက်ပင် များ စိုက်ပျိုးပွဲအခမ်းအနားကို ဇွန်လ ၂၂ ရက်နေ့၊နံနက်ပိုင်းတွင် အဆိုပါရုံးဝန်းအတွင်း ကျင်းပ ရာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးထံ စိန်တ လုံးသရက်ပင်အား လည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးမှ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌထံ စိန်တ လုံးသရက်ပင်အား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်မှ တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးထံ စိန်တလုံးသရက်ပင်အား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးထံ စိန်တလုံး သရက်ပင်အား အသီးသီးပေးအပ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးများက သက်မှတ်နေရာများတွင် စိန်တလုံး သရက်သရက်ပင်များအား တပျော်တပါးစိုက်ပျိုးပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး ကြပြီး တိုင်းဒေသကြီးအစိုးရဖွဲ့ရုံးရှိ အရာထမ်း/အမှုထမ်းများအား နံနက်စာများဖြင့် ဧည့်ခံကျွေး မွေးခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဝန်ထမ်းအိမ်ရာဝန်းအတွင်း ကိုင်းကူး စိန်တလုံးသရက် ၂၇၀ ပင်အား စိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



