၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်း များ နှစ်ဆုံးစာမေးပွဲ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှု၊ တိုင်းဒေသကြီး လွှတ်တော်ရုံးအား သွားရောက်ကြည့်ရှု
မုံရွာ၊ ဖေဖော်ဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများသည် ဖေဖော်ဝါရီလ ၅ ရက်၊ နံနက်ပိုင်းတွင် မုံရွာ မြို့ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းသို့ ရောက်ရှိရာ Grade – 6၊Grade – 7 Grade – 8 ၊ Grade – 10 ၊ Grade – 11 ကျောင်း သား၊ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ စိတ်အေး ချမ်းသာစွာဖြင့် ဖြေဆိုနေမှုများအား လိုက်လံကြည့် ရှုခဲ့ကြပြီး လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် အဆိုပါကျောင်း ဝန်းအတွင်း အလျား – ၁၂၀ ၊ အနံ – ၃၀ ပေ၊ အမြင့် – ၁၂ ပေရှိ RC ၁ ထပ်ကျောင်းဆောင် အဆောက်အဦသစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ်ကာလတွင် စံချိန်စံညွှန်းမီစွာဖြင့် တည်ဆောက်သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်းသို့ ရောက်ရှိရာ Grade – 6 ၊Grade– 7 Grade – 8 ၊ Grade – 10 ၊ Grade – 11 ကျောင်း သား၊ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ စိတ်အေး ချမ်း သာစွာဖြင့် ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ကိုတာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၄ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံးသို့ ရောက်ရှိရာ အစည်းအဝေး ခန်းမတွင် တိုင်းဒေသကြီးလွှတ်တော်ရုံး အကြီးမှူးက လွှတ်တော်ဖွဲ့စည်းပုံအဆင့်ဆင့်၊ လွှတ်တော်ကျင်းပသွားမည့် အစီအစဉ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ ကြိုပို့သွားလာ ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တည်းခိုနေရာချထားသွားမည့် အစီအစဉ်များနှင့် ရုံးလုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင် ပြသည်။
ယင်းနောက် တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် လွှတ်တော်ကော်မတီ(၉)ခုမှ တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေး ကျင်း ပစဉ်ကာလအတွင်း မိမိတို့တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ကြိုတင်စီမံဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြကြ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွှတ်တော်အစည်း အဝေးခန်းမ၊ လွှတ် တော်ကိုယ်စားလှယ်များ နားနေခန်း၊ ရုံးခန်းများနှင့် အိပ်ဆောင် အဆောက်အဦများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအဆင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာအရှိန်အဟုန်မြှင့်တင်ရေး နှင့် တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ၊ ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီးအဆင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးပွဲ အခမ်း အနားကို ဖေဖော်ဝါရီလ ၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေ သကြီးဦးစီးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး ပြည်သူ့ကျန်း မာရေးဦးစီးဌာနအနေဖြင့် ဆောင်ရွက်နေသည့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင် များအားထံသို့ လိုအပ်သည့်ကာကွယ်ဆေးများအား အသက်အရွယ်အလိုက် ထိုးနှံတိုက် ကျွေးရေးလုပ်ငန်းများတွင် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့်ပံ့ပိုး ကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နှီးနွယ်ဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ခရိုင်၊မြို့နယ်၊ကျေးလက်ကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲများမှ ကာ ကွယ်ဆေးထိုးလုပ်ငန်းများအား အားသွန်ခွန်စိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ကာကွယ်ဆေး နှံတိုက်ကျွေးခြင်းလုပ်ငန်း စွမ်းဆောင်ရည်အကောင်းဆုံး မြို့နယ်(၃)မြို့နယ်အား ဆုတံ ဆိပ်များ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းနှင့် ပတ်သက်၍ လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦး စီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူးက တိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးထိုး နှံတိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်နိုင်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းပြောကြားကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူ များက နိုင်ငံတစ်ဝှမ်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားလာစေရေးနှင့် ကာကွယ် ဆေးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ် ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် မှတ်ထမ်းဗီဒီယိုအား ကြည့်ရှုအားပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှိးနှုတ် ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်း တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေ သကြီး ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ် သည့်အတွက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအား အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာမှုများ၊ အခက်မခဲများ၊ အားနည်းချက်များရှိသော်လည်း ကလေးအလုပ်သမားပပျောက်ရေးအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ ရေရှည်ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း၊ ကော်မတီ အတွင်းရေးမှူးများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် မိမိတို့ကော် မတီများ၏ ရည်မှန်းချက်များအား အကောင်းအထည်ဖော် ပူးပေါင်းဆောင်ရွက်သွားကြ ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက တိုင်းဒေသကြီး ကလေးအလုပ်သမားပ ပျောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီး စစ်ဆေးရေးမှူးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား ရှင်း လင်းတင်ပြသည်။
ဆက်လက်ပြီး တိုင်ဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များက တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ လုပ် ငန်းများဆောင်ရွက်မှု အခြေအနေများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားကြသည်။
ယင်းနောက် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



