slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

မုံရွာမြို့၌ ၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ် အောက် အမျိုးသား/အမျိုးသမီးဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မုံရွာ၊ ဇွန် ၁၃

၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ် အောက် အမျိုးသား/အမျိုးသမီးဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန်လ ၁၂ ရက်နေ့၊ ညနေပိုင်းက မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အမျိုးသား ဗိုလ်လုပွဲစဉ်အဖြစ် ရွှေဘိုခရိုင်အသင်းနှင့် ကန့်ဘလူခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုနှင့် အမျိုးသမီး ဗိုလ်လုပွဲ စဉ်အဖြစ် ကလေးခရိုင်အသင်းနှင့် မုံရွာခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှု အားပေးကြရာ အမျိုးသားဗိုလ်လုပွဲတွင် ရွှေဘိုခရိုင်အသင်းမှ ကန့်ဘလူခရိုင်အသင်း အနိုင်ရရှိ သွားကာ အမျိုးသမီးဗိုလ်လုပွဲတွင် ကလေးခရိုင်အသင်းမှ မုံရွာခရိုင်အသင်းအား အနိုင်ရရှိသွား သည်။

ယင်းနောက် ဆုချီးမြင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ပွဲစဉ်တစ်လျှောက်နေရာ အလိုက်အကောင်းဆုံးဆုရရှိကြသည့် အားကစားသမားများအား ဆုတံ ဆိပ်နှင့်ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက အမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွင် တတိယဆုရရှိသော ကသာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေ သားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက အမျိုးသားဖူဆယ် ပြိုင်ပွဲတွင် တတိယဆုရရှိသော မုံရွာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးမှ အမျိုးသမီးဖူ ဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော မုံရွာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေ သားဆု များအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အမျိုးသားဖူ ဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ကန့်ဘလူခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေ သားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီးတရားသူ ကြီးချုပ်၏ဇနီးမှ အမျိုးသမီးဖူဆယ် ပြိုင်ပွဲတွင် ပထမဆုရရှိသော ကလေးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေ သားဆုများ အားလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် ပထမဆု ရရှိသော ရွှေဘိုခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေ သားဆုများအား လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် ပထမ ဆုရရှိသော ကလေးခရိုင်အသင်းအား တံခွန်စိုက်ဒိုင်းဆုအား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေဘိုခရိုင်အသင်းအား ဂုဏ်ပြုချီး မြှင့်ငွေနှင့်တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

20240426 14

20240426 14

20240426 14

20240426 14

20240426 14

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အခြေခံကွန်ပျူတာသင်တန်း (၄/၂၀၂၄)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း (၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ၊ ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်ဖွင့်လှစ်သည့် တိုင်းဒေသကြီး ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အခြေခံကွန်ပျူတာသင်တန်း(၄/၂၀၂၄)နှင့် အဆင့် မြှင့်စက်ချုပ်သင်တန်း (၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၁၃ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့ နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား/သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အချိန်နှင့်အမျှ ပြောင်းလဲတိုးတက် နေသည့် ယနေ့ကမ္ဘာကြီးတွင် လူငယ်မောင်မယ်များအနေဖြင့် မိမိတို့၏ ဘဝတက်လမ်းအတွက် အရည်အချင်းများ အစဉ်တိုးတက်နေအောင် လေ့လာသင်ယူနေကြရမှာ ဖြစ်ပါကြောင်း၊ လူငယ် များအနေဖြင့် သင်ယူတတ်မြောက်ထားရမည့် အခြေခံကျွမ်းကျင်မှုများအပြင် အနာဂတ် အတွက်မျှော်မှန်းပြီး လုပ်ငန်းခွင်တွင် ကျွမ်းကျင်စွာလုပ်ကိုင်နိုင်ရန်နှင့် လုပ်ငန်းခွင်တိုင်းတွင် အသစ်အသစ်ပေါ်ထွန်းလာသည့် နည်းပညာရပ်များအား စဉ်ဆက်မပြတ်လေ့လာနေရန် လိုအပ် ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း ရုပ်ပိုင်း ဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ လူစွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များအလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်းတွင် တက်ရောက်ကြ မည့် သင်တန်းသား/သူများအနေဖြင့် လူငယ်ဘဝမှသင်ယူသင့် သင်ယူထိုက်သည်များအား သင် ယူတတ်မြောက်ကြမှသာလျှင် အရည်အချင်းရှိသည့် လူငယ်တွေဖြစ်လာကြမှာ ဖြစ်ပါကြောင်း၊ အရည်အချင်းရှိမှသာလျှင် မိမိအကျိုး၊ မိမိပတ်ဝန်းကျင်အကျိုး၊ မိမိနိုင်ငံ၏အကျိုးအား သယ်ပိုး ထမ်းရွက်နိုင်ပြီး စွမ်းရည်ပြည့်ဝသည့် လူချွန်လူမွန်ကောင်းများဖြစ်လာမှာ ဖြစ်ပါကြောင်း ပြော ကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့နာယကမှ အခြေခံကွန်ပျူတာသင်တန်းနှင့် အဆင့်မြှင့်စက်ချုပ်သင်တန်းများမှ သင်တန်းသူ များထံ သင်ထောက်ကူပစ္စည်းများအား ပေးအပ်ကာ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေး မှူးထံ တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၆ ခရိုင်တွင် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၄/၂၀၂၄) သင်တန်းများဖွင့်လှစ်နိုင်ရေးအတွက် ငွေကျပ်- ၁၀၇၅၀၀၀ (တစ်ဆယ်သိန်းခုနှစ် သောင်းငါးထောင်)ကျပ်အား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးထံ အဆင့်မြှင့်စက် ချုပ်သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ငွေကျပ်- ၁၉၉၈၀၀၀ (တစ်ဆယ်ကိုးသိန်းကိုးသောင်း ရှစ် ထောင်)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက် ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

20240216 01

20240216 01

20240216 01

20240216 01

20240216 01

20240216 01

20240216 01

20240216 01

20240216 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.