၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီ စိုက်ဧက ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးစေ့နှင့်သွင်းအားစုများ ပေးအပ်
မုံရွာ၊ ဇွန် ၁၁
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီ စိုက်ဧကပြည့်မီစွာ စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးစေ့နှင့်သွင်းအားစုများ ပေးအပ်ပွဲ အခမ်း အနားကို ဇွန်လ ၁၁ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး၏ စိုက်ပျိုး စွမ်းအားမြှင့်တင်နိုင်ရေး နည်းလမ်းပေါင်းစုံနှင့် ဆောင်ရွက်လျက်ရှိရာတွင် သီးနှံစိုက်ပျိုးရာသီ အလိုက် လျာထားဧကပြည့်မီစွာစိုက်ပျိုးနိုင်ရေးသည် အခြေခံကျသည့် အဓိကလုပ်ငန်း တစ်ခုဖြစ် ခြင်းကြောင့် လာမည့်မိုးရာသီတွင်စိုက်ပျိုးရမည့် သီးနှံများအားလျာထားချက်ထက် ပြည့်မီကျော် လွန်အောင် စိုက်ပျိုးနိုင်ရေး၊ သီးနှံများအောင်မြင်ဖြစ်ထွန်းမှုရှိစေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများအား ယခုအချိန်မှ စတင်ဆောင်ရွက်ထား ကြရန်လိုအပ်ပါကြောင်း၊ ယခုလိုမိုးရာသီ စိုက်ဧကများလျာထားချက်ပြည့်မီရေး ဆောင်ရွက်နေ သကဲ့သို့ စိုက်ပျိုးသီးနှံများ၏ စိုက်ပျိုးမြေဧရိယာ အသုံးချမှုတိုးတက်ရေး၊ တစ်ဧကထုတ်လုပ် မှုစွမ်းအား တိုးတက်ရေးနှင့် အဓိကစိုက်ပျိုးသီး နှံများပန်းတိုင်အထွက်နှုန်း ရရှိရေးကိုလည်း တချိန်တည်းမှာတွင် ကြိုးစားဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့တာဝန်ခံက စပါးမျိုးစေ့ မျိုး သန့်ထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒ သကြီး ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)၊ တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးများမှ စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီ စိုက်ဧကပြည့်မီစွာ စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မိမိတို့ဌာနများအလိုက်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံတောင်သူတစ်ဦးထံ မိုးစပါးမျိုးစေ့များ အားထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်က ဒေသခံတောင်သူတစ်ဦးထံ နေကြာမျိုးများအား ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မုံရွာခရိုင်စီမံ အုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌထံ Drum Seeder များအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီးက ဒေသခံတောင်သူတစ်ဦးထံ နေကြာမျိုးစေ့များအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက ဒေသခံတောင်သူတစ်ဦးထံ ပိုက်ဆံလျှော်မျိုးစေ့များအား လည်း ကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ဒေသခံတောင်သူတစ်ဦးထံ ပိုက်ဆံလျှော်မျိုး စေ့များအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ဒေသခံတောင် သူတစ်ဦးထံ ချည်မျှင်ရှည်ဝါမျိုးစေ့များအား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်က ဒေသခံတောင်သူတစ်ဦးထံ ချည်မျှင်ရှည်ဝါမျိုးစေ့များအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ အတွင်းရေးမှူးက ဒေသခံတောင်သူတစ်ဦးထံ မိုးစပါးမျိုးစေ့များအား လည်းကောင်း အသီး သီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်း အတွင်း ရှိ လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးပြခန်း၊ စားသုံးသူရေးရာဦးစီး ဌာနပြခန်း၊ ငါးလုပ်ငန်းဦးစီးဌာနပြခန်းနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြခန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုး ရအဖွဲ့မှ မုံရွာခရိုင်သို့ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)များအား တတိယအကြိမ် ၅၀ လက် လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ မုံရွာခရိုင်အတွင်းရှိ ဒေသခံတောင်သူများထံ လက်ဆွဲမျိုးစေ့ချကိရိယာ Drum Seeder များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြခန်းများသို့လာရောက် လေ့လာကြသည့် မုံရွာမြို့၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများအား နှစ်ရှည်စားသုံးသီးပင်များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံ တောင်သူများအား နှစ်ရှည်စားသုံးသီးပင်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာ-သူနာပြုသားဖွားသင်တန်း ကျောင်း သူနာပြုသားဖွားဒီပလိုမာ(၃၀)ကြိမ်မြောက် သင်တန်းသား/သူများ ဂျူတီကုတ်နှင့်ဦးဆောင်းအပ် နှင်းပွဲ တက်ရောက်
မုံရွာ၊ ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-သူနာပြုသားဖွားသင်တန်းကျောင်း သူနာပြုသားဖွားဒီပလို မာ(၃၀)ကြိမ်မြောက် သင်တန်းသား/သူများ၏ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနား ကိုဇွန်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာ-သူနာပြုသားဖွားသင်တန်းကျောင်း ကျောင်း အုပ်ကြီးနှင့်နည်းပြများ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်သူများအားလုံး ကျန်းမာကြံ့ခိုင် ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် သူနာပြု-သားဖွားများ ၏အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးပါကြောင်း၊ စိတ်ဓါတ်ခံယူချက်မှန်ကန်ပြီး ပြည်သူ့ အကျိုးပြုလုပ်ငန်များ ဆောင်ရွက်နိုင်သည့် သူနာပြုကောင်းများ ဖြစ်အောင်ယခုအချိန်မှစပြီး စာတွေ့လက်တွေ့များအား စဉ်ဆက်မပြတ် ဆည်းပူးလေ့လာသွားကြရန် လိုအပ်ပါကြောင်း၊ မိမိ တို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမုံရွာ၏ လိုအပ်ချက်များအား အခါအခွင့်သင့်တိုင်း ကူညီပံ့ပိုးပေးလျှက်ရှိပါကြောင်း၊ ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်းသည် ကျန်းမာရေးဝန်ထမ်း အင်အားနှင့်လုပ် ဆောင်မှုများ ကောင်းရင်ကောင်းသလို မြင့်မားလာမှာဖြစ်ပြီး အရည်အချင်းပြည့်ဝသည့် ကျန်းမာ ရေးစောင့်ရှောက်သူများအား မွေးထုတ်ပေးနေသည့် ယခုလိုသင်တန်းကျောင်းများတွင်လည်း ပြည်သူများ၏ လိုအပ်ချက်နှင့်အညီ ပညာရည်မြင့်မားအောင်၊ အသိအလိမ္မာဖွံဖြိုး တိုးတက်လာ အောင်၊ ဝေဖန်ပိုင်းခြားနိုင်သည့်အသိအမြင်ရှိလာအောင် သင်ကြားလေ့လာသွားကြရန် လိုအပ်ပါ ကြောင်း၊ ပြည်သူများကြားတွင် လက်တွေ့ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်အခါ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာ၊ ကရုဏာ-နာ(၅)နာနှင့် ပြုစုစောင့်ရှောက်မှုပေးသွားကြရန် လိုအပ် ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အပတ်စဉ်(၃၀)သူနာပြုသားဖွား သင်တန်း သား/သူ ၇၆ ဦးအတွက် တစ်ဦးလျှင်ငွေကျပ်- ၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် – ၃၈၀၀၀၀၀ (သုံးဆယ့်ရှစ်သိန်း)အားထောက်ပံ့ ပေးအပ်ပြီး နောက် ၂၀၂၃-ခုနှစ်၊ ပထမနှစ်(Senior) အတန်းတင်စာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အတန်းတင်စာမေးပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော သင်တန်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအား ပေးအပ်ချီးမြှင့် ကာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က မုံရွာ-သူနာပြုနှင့်သားဖွားသင် တန်းကျောင်းအတွက် ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ငွေများပေးအပ်ပြီး မုံရွာ-သူနာပြု နှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ် နှင်းရခြင်းနှင့် ပတ်သက်၍ ရှင်း လင်းပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိ သူများက သူနာပြုသားဖွားဒီပလိုမာ(ပထမ)နှစ် သင်တန်းသား/သူများအား ဂျူတီကုတ် နှင့်ဦးဆောင်းများအပ်နှင်းကြပြီး သင်တန်းသား/သူများက သူနာပြုသစ္စာအဓိဌာန်ရွတ်ဆိုကြပြီးနောက် သင် တန်းသား/သူများ၏ တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေမှုအား ကြည့်ရှူအားပေးပြီး တိုင်းဒေ သကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ စုပေါင်းမှတ် တမ်းတင်ဓါတ်ပုံရိုက်ကူးကာ သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ ထမင်းစားဆောင်တွင် ကျောင်းအုပ်ဆရာမကြီး၊ နည်းပြများ၊ သင်တန်းသား သင်တန်းသူများနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။









သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



