၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ
မုံရွာ၊ ဇွန် ၅
၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား အခမ်းအနားကို ဇွန်လ ၄ ရက်နေ့၊ ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများ၊ အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဗိုလ်လုပွဲစဉ်အဖြစ် ကလေးခရိုင် အသင်းနှင့် စစ်ကိုင်းခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြရာ ကလေး ခရိုင်အသင်းမှ စစ်ကိုင်းခရိုင်အသင်းအား အနိုင်ရရှိသွားသည်။
ယင်းနောက် ဆုချီးမြင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ် ရေးဝန်ကြီးနှင့် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးတို့က ပွဲစဉ်တစ်လျှောက်နေရာ အလိုက် အကောင်းဆုံးဆုရရှိကြသည့် အားကစားသမားများအား ဆုတံဆိပ်နှင့်ငွေသားဆုများအား လည်း ကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက တတိယဆုရရှိသော ဟုမ္မလင်းခရိုင် ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသ ကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဒုတိယဆုရရှိသော စစ်ကိုင်းခရိုင်ဘောလုံးအသင်း အား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်မှ ပထမဆုရရှိသော ကလေးခရိုင်ဘော လုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပထမဆုရရှိသော ကလေးခရိုင်ဘောလုံးအား ဂုဏ်ပြုချီးမြှင့်ငွေနှင့်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။







စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသားအား ကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်နိုင်ရေး ညှိနှိုင်း အစည်းအဝေး တက်ရောက်
မုံရွာ၊ ဇွန် ၄
၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင် ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၄ ရက်နေ့၊ မွန်းလွဲပိုင်း တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေး သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေ သကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီး ဌာနမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ ကျောင်းအုပ်ကြီးနှင့်နည်းပြများ တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တာဝန်ရှိသူများအနေဖြင့် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ် ပြိုင်မည့် နည်းပြများနှင့်အားကစားသမားများအား မှန်မှန်ကန်ကန်ဖြင့် အရည်ချင်းရှိသူများ အားစနစ်တ ကျရွေးချယ်၍ စခန်းသွင်းလေ့ကျင့်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အနေ ဖြင့် အားကစားနည်း ၂၃ မျိုးတွင် ၂၁ နည်းဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပါကြောင်း၊ သွား ရောက်ယှဉ်ပြိုင်ရာတွင်လည်း အားကစားသမားများအနေဖြင့် အောင်မြင်မှုများရရှိအောင် ကြိုး စားယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း၊ ကော်မတီအသီးသီးမှ တာဝနှ်ရှိသူများအနေဖြင့် မိမိ တို့တိုင်းဒေသကြီး အောင်မြင်မှုများရရှိအောင် အလေးထားကြိုးပမ်းဆောင်ရွက်သွားကြရန် လို အပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်က ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသားအားကစားပွဲတော် အားကစားပြိုင် ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ အား ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များက ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အောင်နိုင်ရေးလုပ်ငန်းများနှင့် ပတ်သတ်၍ လိုအပ်သည်များကို အသီးသီးဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)မှ နည်းပြများမှ မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် အားကစားနည်းများအလိုက် ကြိုတင်စီမံဆောင်ရွက်သွား မည့်အခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီး ချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



