slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

မုံရွာစီးပွားရေးတက္ကသိုလ်၌ ၂၀၂၄-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား ကျင်းပ

မုံရွာ၊ ဇွန် ၄

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ် ဓါတ်ဖြစ်ပေါ်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ်ညီညွှတ်မျှ တစေရေး၊ ရာသီဥတုကောင်းမွန်ရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေး အတွက် ရည်ရွယ်၍ ဇွန်လ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစီးပွားရေး တက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ၂၀၂၄-ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော် အခမ်း အနားကိုကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေ သကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး /ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ မုံရွာစီးပွားရေးတက္ကသိုလ် ဒုတိယပါမော က္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ မုံရွာစီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ထံ တမာပင်အား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးမှ တိုင်းဒေသကြီး ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးထံ မယ်ဇယ်ပင်အား လည်းကောင်း၊ တိုင်းဒေ သကြီး တရားသူကြီးချုပ်မှ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌထံ မယ်ဇလီပျိုးပင်အား လည်း ကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးထံ ခရေပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီး သယံ ဇာတရေးရာဝန်ကြီးမှ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးထံ ကံ့ကော်ပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးထံ ကျွန်းပျိုးပင်အား လည်းကောင်း အသီးသီးပေးအပ်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မဟော်ဂနီပျိုးပင်အား စိုက်ပျိုးပေးပြီး တိုင်း ဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒုတိ ယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများမှ သက်မှတ်နေရာများတွင် ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှု အားပေးကာ တာဝန်ရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ တိုင်းဒေသကြီး ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ လာရောက်ကြသည့် ဌာနဆိုင် ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ နေအိမ်များတွင် စိုက်ပျိုးနိုင်ရန် အတွက် အရိပ်ရပျိုးပင် ၅၀၀ အား အခမဲ့ ဖြန့်ဝေနေမှုများအား ကြည့်ရှုအားပေးပြီး တာဝန်ရှိ သူများနှင့် အရိပ်ရပျိုးပင်များအား ပေးအပ်ခဲ့ကြသည်။

အဆိုပါ မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ကျင်းပသော ၂၀၂၄-ခုနှစ်၊ မိုးရာ သီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ၂ ပေနှင့်အထက် ၂ နှစ်သားအရွယ်ရှိ တမာကျွန်း၊ ကုက္ကိုလ်၊ ခရေ၊ စိန်ပန်းကြီး၊ တပေဘူတ၊ မယ်ဇယ်၊ မယ်ဇလီ၊ မာတာကွတ်၊ ငုရွှေဝါ၊ ပိတောက်၊ ဝါး၊ စုစုပေါင်းပျိုးပင် ၁၀၀၀ ပင်အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။

20240605 01

20240605 01

20240605 01

20240605 01

20240605 01

20240605 01

20240605 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး အတွင်း အခြေခံပညာကျောင်းများဖွင့်လှစ်မှုနှင့် ကျောင်းအပ်နှံပြီးစီးမှု ညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ၊ ဇွန် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တိုင်းဒေသကြီးအတွင်း အခြေခံပညာ ကျောင်းများဖွင့်လှစ်မှုနှင့် ကျောင်းအပ်နှံပြီးစီးမှု ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၃ ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်း အဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမများကြီးများနှင့် ဆရာ/ဆရာမများ တက်ရောက်ကြပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်းရှိခရိုင်/ မြို့နယ်များတွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်မှု၊ ကျောင်းသား၊ကျောင်းသူများ ကျောင်း အပ်နှံပြီးစီးမှုအခြေအနေများ အခြေခံပညာကျောင်းများနှင့် စက်မှု၊စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင် ကြားနိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် အလေးထားပူးပေါင်းဆောင်ရွက်သွားကြ ရန်လို အပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့လည်း လိုအပ်ချက်များရှိပါက အချိန်နှင့် တပြေးညီ တင်ပြပေးသွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးသိုက်က တိုင်းဒေ သကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားရှိ မှုနှင့်ကျောင်း သား၊ကျောင်းသူများ ကျောင်းအပ်နှံပြီးစီးမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင် ပြသည်။

ဆက်လက်ပြီး နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက မိမိတို့ခရိုင်အတွင်း ရှိမြို့နယ်များတွင် အခြေခံပညာကျောင်းများဖွင့်လှစ်နေမှု၊ ကျောင်းအပ်နှံပြီးစီးမှု၊ သင်ကြားရေးလုပ်ငန်းများ ဆောင် ရွက်နေမှုအခြေအနေများအား Video Conferencing စနစ်ဖြင့် ရှင်းလင်းတင်ပြကြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ခရိုင်အတွင်းရှိ မြို့နယ်များ၌ အခြေခံပညာကျောင်းများ ဖွင့်လှစ် ထားရှိမှုများနှင့် ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်နှံပြီးစီးမှုအခြေအနေများအား ရှင်း လင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူ များမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများဖွင့်လှစ် ထားရှိမှုနှင့် ကျောင်းအပ်နှံပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို အထ ွေထွေဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

20240604 12

20240604 12

20240604 12

20240604 12

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.