၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ် သင်တန်းဖွင့်ပွဲ ကျင်းပ
မုံရွာ၊ ဇွန် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ၂၀၂၄-၂၀၂၅ ပညာသင် နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၃ ရက်နေ့၊ နံနက် ပိုင်းက အဆိုပါကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ကျောင်းအုပ်ကြီး၊ နည်းပြဆရာ/ဆရာမများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံ့အားကစားအဆင့် အတန်းတိုး တက်မြင့်မားရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစား နှင့်ကာယပညာသိပ္ပံ ကျောင်းများအနေဖြင့် ဒေသအသီးသီးမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရွက်ပုန်းသီး လူငယ်အားကစားသမားများရှာဖွေဖော်ထုတ်ပြီး လေ့ကျင့်ဆောင်ရွက်ပေးရာတွင် လူငယ်အားက စားသမားများ ရွေးချယ်ရေး၊အားကစားကွင်း/ရုံများတွင် လေ့ကျင့်ရေးနှင့်ပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရေးလုပ်ငန်းများအား စနစ်တကျစီမံဆောင်ရွက်ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ ယခုသင်တန်းတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်းရှိမြို့နယ်အသီး သီးမှတိုင်းရင်းသားလူငယ်များ တက်ရောက်နေကြသည်ဖြစ်၍ တိုင်းရင်းသားအချင်းချင်း စည်း စည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ပြည်ထောင်စုစိတ်ဓာတ် မွေးမြူနေထိုင်သွားကြရန် လိုအပ်ပါ ကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ ပညာရေးတွင်ထူးချွန်ပြီး အားကစားဖြင့် နိုင်ငံ့ ဂုဏ်ဆောင်နိုင်မည့် လူချွန်လူကောင်းများ ပေါ်ထွက်လာနိုင်ရေးအတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအနေဖြင့်လည်း လိုအပ်သည်များအား ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ ကျောင်းအုပ်ကြီးအပါအဝင် အရာထမ်း/အမှုထမ်းများအားလုံးမှလည်း စွမ်းအားရှိသမျှဝိုင်းဝန်း လက်တွဲ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးထံ အား ကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းအတွက် ထောက်ပံ့ငွေများအားပေးအပ်ပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ကာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးထံ အလှူရှင်များက ထောက်ပံ့ငွေများအားပေးအပ်ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အားကစားနှင့် ကာယပ ညာသိပ္ပံ(မုံရွာ)ကျောင်းမှ ကျောင်းသား၊ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖြေ ဖျော်မှုများအား ကြည့်ရှုအားပေးကြပြီး ကျောင်းသား၊ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ခန်းမအတွင်းခင်းကျင်းပြသထားသည့်အား ကစားသင်ထောက်ကူပစ္စည်း များ၊ ကျောင်းသား၊ကျောင်းသူများ၏ အသုံးအဆောင်ပစ္စည်းများနှင့် ကျောင်း၏လှုပ်ရှားမှုမှတ် တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝနှ်ရှိသူများသည် အဆိုပါ ကျောင်းဝန်း အတွင်းရှိ အားကစားရုံများတွင် ကျောင်းသား၊ကျောင်းသူများ၏ ကရာတေးဒို၊ Gym၊ အလေးမနှင့် လက်ဝှေ့အားကစားနည်းများ လေ့ကျင့်နေမှုများနှင့် ကျောင်းစာကြည့်တိုက်အတွင်း လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်း၏လေ့ကျင့်သင်ကြားရေးလုပ်ငန်းများအတွက် လိုအပ်သည် များကို တာဝနှ်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ စားရိပ် သာဆောင်၌ ကျောင်းအုပ်ကြီးနှင့် နည်းပြဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူရင်းရင်းနှီးနှီး နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။










၂၀၂၄-ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာပတ် ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူများအား အရိပ်ရပျိုးပင်များပေးအပ်ပွဲ ကျင်းပ
မုံရွာ၊ ဇွန် ၁
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိမ်းသိန်းရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး အပူ ပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄-ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင်ကျ ရောက်မည့် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူများအား အရိပ် ရပျိုးပင်များပေးအပ်ပွဲကို ဇွန်လ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ အမှတ် (၂၅)အခြေခံပညာအလယ်တန်းကျောင်းခွဲအနီးတွင် ကျင်းပရာပေးအပ်ပွဲသို့ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆ ရာမများနှင့်ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမှ မယ်ဇယ်၊ တမာ၊ တပေဘူတ၊ ဇန်ဒါ၊ ဆီသပြေ၊ ကုက္ကို အရိပ်ရပျိုးပင်ပေါင်း ၅၀၀ အား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများနှင့် ရပ်ကွက်နေပြည်သူများအား အသီးသီးပေးအပ်ခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ အမှတ်(၂၅)အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းပတ်ဝန်းကျင်နှင့်ကျောင်းဝန်းအတွင်း သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ် မြောင်းများရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုး သမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၊ အ ထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ ရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့် ရှုအားပေးကြသည်။
ထို့နောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ရပ်ကွက်နေပြည်သူ များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များ နှင့်စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်း များဆောင်ရွက်နေကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၄ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၆၀၀ ကျော်ဖြင့် ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်း များကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



