၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီး အခွန် ကောက်ခံမှုအထောက်အကူပြုအဖွဲ့၏ အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲ အခမ်းအနား တက် ရောက်
မုံရွာ၊ ဇူလိုင် ၂၂
၂၀၄-၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့၏ အခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ဇူလိုင်လ ၂၂ ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ အခွန်ထမ်းဆောင်ပြည်သူများနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သည့်အခွန်ငွေ များအပြည့်အဝရ ရှိမှသာ ပြည်သူ့အကျိုးပြုသုံးစွဲငွေများအား သုံးစွဲနိုင်မည်ဖြစ်ကာ အခွန်ငွေများတိုးတက်ကောက် ခံရရှိရန်လိုအပ်ပါကြောင်း၊ အခွန်ပေးဆောင်ရသူများ အနေဖြင့်လည်း မိမိပေးဆောင်သည့် အခွန် နှင့်ပတ်သက်၍ ပြဌာန်းထားသည့် ဥပဒေ၊နည်းဥပဒေများအရ ပေးဆောင်ရန်တာဝန်ရှိပြီး ရှင်းရှင်း လင်းလင်းသိရှိမှသာ အခွန်ငွေများအား လိုလားစွာပေးဆောင်လာမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် အနေဖြင့် အခွန်ကောက်ခံမှုအပေါ် အလေးထားဆောင်ရွက်နေမှုများအား တွေ့မြင်နိုင်မှာဖြစ် သကဲ့သို့ တိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့အနေဖြင့်လည်း အခွန် ကောက်ခံမှုလုပ်ငန်းများအား မျက်ခြေမပြတ်ကြီးကြပ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အခွန်ထမ်းပြည်သူများအနေဖြင့် တစ်ဦးချင်းစီအလိုက် အခွန်တာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် ပြည်သူအများလိုလားတောင်းတသည့် စည်ပင်သာယာဝပြောသည့် လူမှု့ဘဝအစစ် အမှန်များအား ရရှိမှာဖြစ်သလို နောင်လာမည့်မျိုးဆက်သစ်များအပေါ် တာဝန်ကျေပွန် မည်ဖြစ်ကာ ကောင်းမွန်ပြည့်စုံသည့် လက်ဆင့်ကမ်းတာဝန်များကိုလည်း လွှဲပြောင်းပေးအပ်နိုင် မည်ဖြစ်ပါကြောင်း၊ အခွန်ဝန်ထမ်းများအနေဖြင့် ကောက်ခံရန်သတ်မှတ်ပေးထားသည့် လျာထား ချက်များအား ပြည့်မီကျော်လွန်စွာကောက်ခံရရှိရေး၊ ရသင့်ရထိုက်သည့်အခွန်ငွေများအား တိမ်း ရှောင်နေသည့် စီးပွားရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုရယူသူများထံမှ အခွန်အခလွတ်ကင်း လျော့နည်းမှုမရှိစေရန် ပြည့်ပြည့်ဝဝကောက်ခံရရှိနိုင်ရေး တာဝန်ရှိသူအားလုံးမှ အလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးစောဆွေက အခွန်ဆိုင်ရာသိကောင်းစရာများအား လည်းကောင်း၊ မုံရွာမြို့နယ် ပြည်တွင်း အခွန်များဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်းက တင်ဒါနှင့်ပတ်သက်သည့် အခွန်ကိစ္စရပ်များနှင့် ပြေစာအပေါ်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ အားလည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက် ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။








စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် များသို့ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံများဆက်ကပ် လှူဒါန်း
မုံရွာ၊ ဇူလိုင် ၂၁
မုံရွာမြို့ပေါ်ရှိကျောင်းတိုက်ကြီး၌ သီတင်းသုံးတော်မူကြသည့် ဆရာတော်၊သံဃာတော် များဝါတွင်းကာလအတွင်း စိတ်နှလုံးချမ်းမြေ့စွာဖြင့် တရားဘာဝနာများ ကျင့်ကြံအားထုတ်ပွား များနိုင်စေရန်နှင့် ဆွမ်းအခက်အခဲမရှိစေရေးတို့အတွက် ဇူလိုင်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ မုံရွာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များသည် မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ မြို့မရွှေဂူကျောင်းကြီးသို့ ရောက်ရှိရာ ဘဒ္ဒန္တပဏ္ဍိတ ဆရာတော်ကြီးနှင့် ပင့်သဃာဆရာတော်များထံ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုးတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာ ရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
ယင်းနောက် မြို့မရွှေဂူကျောင်းတိုက်ရှိ ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြန်လည်ပြုပြင်တည်ဆောက်ပေးမည့် အဆိုပါကျောင်းတိုက်ကြီးအတွင်းရှိ နှစ်ပေါင်း ၇၄ နှစ်ရှိ စန္ဒရံသီဘုန်းကြီးကျောင်း နံကပ် ၂ ထပ် ကျောင်းဆောင်အဆောက်အဦ ယိုယွန်းပျက်စီးနေမှုများအား ကြည့်ရှုစစ်ဆေးပြီး ဆက်လက်၍ ကျောင်းတိုက်ကြီးအတွင်းရှိ ပျက်စီးနေသည့် ကျောင်းအတွင်းပတ်လမ်း အရှည် ၂၂၂၀ ပေ၊ အကျယ် ၁၁ ပေ၊ ကတ္တရာလမ်းထပ်ပိုးလွှာ ခင်းကျင်းမည့်နေရာများအား လိုက်လံကြည့်ရှုစစ် ဆေးကာ ပြန်လည်ပြုပြင်ဆောင်ရွက်မည့် အခြေအနေများအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိဂြောဓာရုံကျောင်း တိုက်ကြီးရှိ ဝိဇ္ဇာမဂ္ဂဒိပနီဗိမာန်တော်ကြီး၌ မဏိရတနာပုံကျောင်းတိုက်ကြီးနှင့် နိဂြောဓာရုံ ကျောင်းတိုက်ကြီးများရှိ ဆရာတော်၊သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းအခက်အခဲမရှိ စေရေးတို့အတွက် လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုးတို့အား ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရား သူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြာဇံ အမယ် ၅ မျိုးတို့အား ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
အဆိုပါ ကျောင်းတိုက်ကြီး ၃ တိုက်ရှိ ဆရာတော်၊သံဃာတော် ၃၀၂ ပါးအား စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆွမ်းဆန်တော် – ၄၉ အိတ်၊ ဆီ – ၉၀ ပိဿ၊ ဆား – ၃၇ ပိဿ၊ ပဲ – ၉၀ ပိဿနှင့် ကြာဇံ – ၃၇ ပိဿအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



