slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၆-ခုနှစ်၊ (၂၁)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းပွဲကျင်းပ

မုံရွာ ဇူလိုင် ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၆-ခုနှစ်၊ (၂၁)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင်လ ၂၀ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ “ နမောတဿ” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ သာစံကျောင်းတိုက် ပဓာနနာယက၊ သက်တော်ရှည် ဆရာတော် ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက် တည်ကြသည်။
ယင်းနောက် ဆရာတော်၊ အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူသော ပရိတ်တရားတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက နာယူကြည် ညိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားကာ ဆရာတော်၊ သံဃာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူ များက သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး၊ဆရာလေးများအား ဝတ်ရုံအထည်များ ဆက်ကပ် လှူဒါန်းကြသည်။

ဆက်လက်၍ မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ ရန်ကင်းကျောင်းတိုက် ပဓာနနာယက ဒွိပိဋက ဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဌတု “ သုံးကြိမ်ရွတ်ဆို ဆုတောင်း ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် ပင့်သံဃာ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၆-ခုနှစ်၊ (၂၁)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက် ၂၅၅ တိုက်၌ ဝါဆိုဝါကပ်တော်မူကြသည့် သံဃာ တော် ၂၂၃၉ ပါးတို့အား ဝါဆိုသင်္ကန်း ၂၂၃၉ စုံနှင့် သီလရှင် ကျောင်း ၃၈ ကျောင်း တို့မှ သီလရှင်ဆရာကြီး ၁၁၆၃ ပါးတို့အား သီလရှင်ဝတ်စုံ ၁၁၆၃ စုံနှင့် ယင်းမာပင်မြို့နယ် ရွှေတောင်ဦးတိပိဋက ဓမ္မပါလမဟာဝီဟာရ ကျောင်းတိုက်မှ ရဟန်း ၄၀ ပါး၊ တောင်တန်းသာသနာပြုဒေသများဖြစ်သည့် ကလေးခရိုင်၊ တမူးခရိုင်၊ ခန္တီးခရိုင်နှင့် နာဂဒေသ များမှ သာသနာပြုရဟန်း ၁၂၉ ပါး၊ သီလရှင် ၇ ပါးတို့အား လှူဒါန်းဆက်ကပ်ခြင်းဖြစ်ရာ ယခုလှူ ဒါန်းမှု ဝါဆိုသင်္ကန်းစုစုပေါင်း ၂၄၆၂ စုံနှင့် သီလရှင်ဝတ်စုံ ၁၁၇၀ စုံအား ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

20240722 09

20240722 09

20240722 09

20240722 09

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးနှင့် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးရေးဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

မုံရွာ၊ ဇူလိုင် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး နှင့်သီးနှံပုံစံပြောင်းလဲစိုက်ပျိုးရေး ဆွေးနွေးပွဲအခမ်းအနားကို ဇူလိုင်လ ၁၈ ရက်နေ့၊ နံနက်ပိုင်း တွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ တက်ရောက်ကြပြီး တိုင်းဒေသ ကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦး ခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက် ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လယ်ယာစိုက်ပျိုးရေးကဏ္ဍ အနေဖြင့် မိမိတို့တိုင်းဒေသကြီးသည် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ၂၄,၄၅,၄၀၈ ဧက စိုက်ပျိုးသွားမည် ဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ မုန် ညင်း၊ ပန်းနှမ်း၊ ပဲပုပ်သီးနှံများအား စိုက်ပျိုးထုတ်လုပ်ကာ ပြည်တွင်းစားသုံးဆီဖူလုံရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ဒေသတွင်းစားသုံးဆီဖူလုံစေရန်အတွက် စပါးအခြေခံစိုက်ပျိုးသည့် သီးနှံပုံစံများနှင့် အခြားသီးနှံ အခြေခံစိုက်ပျိုးသည့် သီးနှံပုံစံများမှာဆီထွက်သီးနှံများအား ပြောင်းလဲစိုက်ပျိုးခြင်းနှင့် သီးနှံပုံစံ ပြောင်းလဲခြင်းတို့အား ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊
ပြည်တွင်းမှစိုက်ပျိုးထုတ်လုပ်သည့် ဆီထွက်သီးနှံများအား ကြိတ်ခွဲခြင်းဖြင့် ပြည်တွင်း စားသုံးဆီဖူလုံစေရန်၊ တစ်နှစ်ပတ်လုံးဆီထွက်သီးနှံ ကုန်ကြမ်းများထွက်ရှိစေရန် နှင့်သီးထပ်စွမ်း အားတိုးတက် မြင့်မားလာစေရန် ရည်မှန်းဆောင်ရွက်လျက်ရှိရာ မိမိတို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့်လည်း မျိုးစေ့၊ဓာတ်မြေဩဇာနှင့် သွင်းအားစုလိုအပ်ချက်များအား အပြည့်အဝပံ့ပိုး ကူညီပေးသွားမှာ ဖြစ်သကဲ့သို့ သက်ဆိုင်ရာဌာနများ အနေဖြင့်လည်း တောင်သူများလိုအပ်သည့် မျိုးကောင်းမျိုးသန့်များရရှိရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး နှင့်နည်းစနစ်တကျ စိုက်ပျိုးရေးစသည့် အခြေခံလိုအပ်ချက်များအား နည်းပညာပေးဆောင်ရွက်
သွားကြရန်နှင့် တောင်သူများ လိုက်နာကျင့်သုံးကြစေရေးတို့အား စည်းရုံးဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီး အတွင်း ဆီထွက်သီးနှံစိုက်ပျိုးထားသည့် လယ်ယာမြေလုပ်ငန်းများအား လည်းကောင်း၊ တိုင်းဒေ သကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ တွင် ဆီထွက်သီးနှံစိုက်ပျိုးထားရှိမှုများအား လည်းကောင်း၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း)မှညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီး ဆည် မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဒုတိယညွှန်ကြားရေးမှူးတို့က ဆည်၊တမံများနှင့် မြစ်ရေတင်လုပ်ငန်းများမှ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း စိုက်ပျိုးရေခွဲဝေပေးနေမှု အခြေအနေများအား လည်းကောင်း Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီ ဆီထွက် သီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး က တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးရေး လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များ ဆွေးနွေးတင်ပြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

20240722 05

20240722 05

20240722 05

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.