slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၄-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နိုင်ငံတော်အဆင့် ထူး ချွန်ဆုနှင့်ဂုဏ်ထူးရ ကျောင်းသား/သူများ၊ အောင်ချက်အကောင်းဆုံးဆုရ မြို့နယ်များနှင့် ကျောင်းများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မုံရွာ၊ ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နိုင်ငံတော်အဆင့်ထူးချွန်ဆု နှင့်ဂုဏ်ထူးရ ကျောင်းသား/သူများ၊ အောင်ချက်အကောင်းဆုံးဆုရမြို့နယ်များနှင့် ကျောင်းများ အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ဂုဏ်ထူးရကျောင်း သား/သူများနှင့် မိဘများတက်ရောက်ကြသည်။

ဦးစွာ မုံရွာမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “မြို့တော်သလ္လာဝတီ”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကျောင်းသား/သူများနှင့်မိဘ များ ပညာရေးအပေါ်ပိုမိုစိတ်ဝင်စား၍ ကြိုးစားအတုယူလိုစိတ် ဖြစ်ပေါ်လာစေရန်၊ အရည် အချင်းရှိနိုင်ငံ့သားကောင်းများအား မိမိတို့တိုင်းဒေသကြီးမှ ယခုထက်များပြားစွာ မွေးထုတ်ပေး နိုင်စေရန်နှင့် ထူးချွန်စွာအောင်မြင်အောင် ကြိုးစားခဲ့သူများအား အသိမှတ်ပြုအားပေးပြီး ပိုမိုထူး ချွန်သူများထွက်ပေါ်လာစေရန် ယခုအခမ်းအနားအား ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတစ်ခုဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်စေရန် အဓိကအချက်သည် ပညာရေးဖြစ်ပြီး လူတိုင်းလူ တိုင်းပညာတတ်ကာ အတွေးမှန်၊အသိမှန်၊အလုပ်မှန်လျှင် မိမိတို့လူ့အသိုက်အဝန်းသည် သာယာ ပျော်ရွှင်ဖွယ်ရာ လူနေမှုဘဝများအား ရရှိကြမှာဖြစ်ပါကြောင်း၊ ဂုဏ်ပြုသင့်ဂုဏ်ပြုထိုက်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းသည် ဗုဒ္ဓတရားတော်နှင့်အညီ ပြု လုပ်ခြင်းဖြစ်သကဲ့သို့ အောင်မြင်သူများအတွက်လည်း နောက်တဆင့်အားဆက်လက် တက် လှမ်းရန် ခွန်အားများဖြစ်စေပါကြောင်း၊ ဆရာ/ဆရာမများအနေဖြင့်လည်း ကိုယ်တိုင် အရည်အသွေးရှိအောင် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ယခုထက်ပိုပြီး ထူး ချွန်ထက်မြက်သည့် ကျောင်းသား/သူများ ပေါ်ထွန်းလာအောင် သင်ကြားသွန်သင် ဆုံးမသွားကြ ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်အဆင့် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ၁၀ ဦးဝင် ဆုရကျောင်းသူ ၂ ဦးနှင့် ၆ ဘာသာဂုဏ်ထူးရှင် ကျောင်းသား/သူ ၅ ဦးအား လည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက ၅ ဘာသာဂုဏ်ထူးရှင် ကျောင်းသား/သူ ၆ ဦးအား လည်းကောင်း၊ တိုင်းဒေ သကြီး တရားသူကြီးချုပ်က ၅ ဘာသာဂုဏ်ထူးရှင် ကျောင်းသား/ သူ ၇ ဦးတို့အား လည်း ကောင်း ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်များအား ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက တိုင်းဒေသကြီး အဆင့် သိပ္ပံဘာသာတွဲနှင့် ဝိပ္ပံဘာသာတွဲ အမှတ်အများဆုံးဆုရရှိကြသော ကျောင်းသား/ သူ ၆ ဦးအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးက တိုင်းဒေ သကြီးအဆင့် ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံးဆုရရှိကြသော ကျောင်းသား/သူ ၃ ဦးနှင့် ၄ ဘာ သာဂုဏ်ထူးရှင် ကျောင်းသား/သူ ၃ ဦးအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီးက ၄ ဘာသာဂုဏ်ထူးရှင် ကျောင်းသား/သူ ၆ ဦးတို့အား လည်းကောင်း ဂုဏ်ပြုချီးမြှင့် ငွေနှင့် ဂုဏ်ပြုလက်မှတ်များအား အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက ၄ ဘာသာဂုဏ်ထူးရှင် ကျောင်း သား/သူ ၆ ဦးအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ၄ ဘာသာဂုဏ်ထူးရှင် ကျောင်းသား/သူ ၆ ဦးအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ၄ ဘာသာဂုဏ်ထူးရှင် ကျောင်းသား/သူ ၆ ဦးအား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်က ၄ ဘာသာဂုဏ်ထူးရှင် ကျောင်းသား/သူ ၆ ဦးတို့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု လက်မှတ် များအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၏ဇနီးက ၄ ဘာသာဂုဏ်ထူးရှင် ကျောင်းသား/သူ ၂ ဦးနှင့် ၃ ဘာသာဂုဏ်ထူးရှင် ၄ ဦးအား လည်းကောင်း၊ တိုင်းဒေသကြီး လွှတ် တော်ရုံးအကြီးအမှူးက ၃ ဘာသာဂုဏ်ထူးရှင် ကျောင်းသား/သူ ၆ ဦးတို့အား လည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်များ အားအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်/ဒုတိယပါမောက္ခချုပ်များက ၃ ဘာသာဂုဏ်ထူးရှင်များအား လည်းကောင်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ၃ ဘာသာ ဂုဏ်ထူးရှင် ၃ ဦးနှင့် တိုင်းဒေသကြီး အောင်ချက်အကောင်းဆုံးမြို့နယ် ၃ မြို့နယ်အား လည်း ကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူးက တိုင်းဒေသကြီး အောင်ချက်အကောင်းဆုံး အထက် တန်းကျောင်း ၃ ကျောင်းနှင့် အထက်တန်းကျောင်းခွဲ ၃ ကျောင်းတို့အား လည်းကောင်း ဂုဏ်ပြု ချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်များအား အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ၂၀၂၄-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်(၂)အခြေခံပညာ အထက် တန်းကျောင်းမှ ၆ ဘာသာဂုဏ်ထူးရှင် မအိမ့်အိမ့်ရွှန်းလဲ့ဝေက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ အမှတ်(၅)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသူများက “ဆီမီးခွက်” အကဖြင့်ဧည့်ခံဖျော်ဖြေမှုနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ များက “လူချွန်လူကောင်း” တေးသီချင်းဖြင့် သရုပ်ပြဖျော်ဖြေကြပြီး တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီးက ဂုဏ်ပြုချီးမြင့်ငွေများ ပေးအပ်ချီးမြင့်ကာ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ် တမ်းဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးခဲ့ကြသည်။

၂၀၂၄-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် နိုင်ငံတော် အဆင့် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ၁၀ ဦးဝင် ဆုရကျောင်းသူ ၂ ဦးနှင့် ၆ ဘာသာ ဂုဏ်ထူးရှင် ၅ ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၁၃ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၃၅ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၄၃ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၀၃ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၂၈၀ ဦး ရရှိခဲ့ပြီး ဂုဏ်ထူးရရှိသူစုစုပေါင်း ၄၇၉ ဦးရရှိကာ အောင်ချက်ရာခိုင်နှုန်း ၅၅.၆၈ % ရရှိခဲ့ကြောင်း သိရ သည်။

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

20240310 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အစိုးရနည်းပညာအထက်တန်း ကျောင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

မုံရွာ၊ ဇူလိုင် ၁၃

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဉပဓိရုပ်ကောင်းမွန်စေရေးအတွက် ဇူလိုင်လ ၁၃ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းဝန်းအတွင်း သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက် ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီးရေ လာကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ် ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်း သားမိဘများနှင့် ကျောင်းသား/သူများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေ သူများ၊ ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီ၊ တန်ဖိုးသင့်စား သောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများ အားကြည့်ရှုအားပေးကာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများနှင့် နံနက်စာ များအားတပျော်တပါး စုပေါင်းစားသုံးခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၄ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ် ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၄၀၀ ကျော်ဖြင့် ကျောင်းများဉပဓိရုပ်ကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပ်ရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

20240715 12

20240715 12

20240715 12

20240715 12

20240715 12

20240715 12

20240715 12

20240715 12

20240715 12

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.