slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦး တိပိဋကဓမ္မပါလ ကျောင်းတိုက်(၁၉)နှစ်ပြည့် ကျောင်းတိုက်နှစ်ပတ်လည် အထိမ်းအမှတ် စာအောင်သံဃာဂုဏ်ပြု ပူဇော်ပွဲ ကျင်းပ

မုံရွာ၊ ဇူလိုင် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦး တိပိဋက ဓမ္မပါလကျောင်းတိုက်(၁၉)နှစ် ပြည့်ကျောင်းတိုက်နှစ်ပတ်လည် အထိမ်းအမှတ် စာအောင်သံ ဃာဂုဏ်ပြုပူဇော်ပွဲအခမ်းအနား ကိုဇူလိုင်လ ၁၃ ရက်၊ နံနက်ပိုင်းတွင်း အဆိုပါကျောင်းတိုက် ကြီးရှိ ဓမ္မဝိနယဓမ္မာရုံ၌ ကျင်းပရာ အခမ်းအနားသို့ ပင့်သံဃာဆရာတော်ကြီးများနှင့် စာအောင် သံဃာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့်ဇနီးများ၊ အလှူရှင်များ တက်ရောက်ကြ သည်။

ဦးစွာ “ နမောတဿ ”သုံးကြိမ်ရွတ်ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ သာစံကျောင်းတိုက် ပဓာနနာယက သက်တော် ရှည်ဆရာတော် ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူတောက်တည် ကြသည်။

ယင်းနောက် ဆရာတော်၊သံဃာတော် အရှင်သူမြတ်များထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဧည့်ပရိသတ်များက ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ပင့်သံဃာဆရာတော် ကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ပြီး နိုင်ငံတော်အစိုးရမှကျင်းပသည့် (၇၆)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသည့် သာသနာ့အာဇာနည် စာအောင် သံဃာတော် ၆ ပါးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဘွဲ့လက်မှတ်နှင့်စာအောင်ဆုများ ဆက်ကပ်လှူဒါန်းကြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိ ကြီးတို့က မုံရွာမြို့၊ ရွှေတောင်ဦး တိပိဋကဓမ္မပါလကျောင်းတိုက်ကြီးအတွက် အလှူငွေများအား ပေးအပ်လှူဒါန်းကြသည်။

ဆက်လက်၍ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ပဓာနနာယက ဒွိပိဋကဓရ၊ ဒွိပိဋကကော ဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဓန္တပညာဝံသ ဆရာတော်ကြီးမှ အနုမောဒနာတရား နာယူကြညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာ သနံ စိရံ တိဌတု ”သုံးကြိမ် ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များအား တိုင်းဒေ သကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

20240715 07

20240715 07

20240715 07

20240715 07

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့်မြေ ရိုင်းများစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၄)တက်ရောက်

မုံရွာ၊ ဇူလိုင် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်း အဝေး အမှတ်စဉ်(၂/၂၀၂၄)ကို ဇူလိုင်လ ၁၂ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြေလွတ်၊မြေရိုင်းများအား အသုံးပြုပြီးစီးပွားဖြစ်စိုက် ပျိုးရေး၊မွေး မြူရေး၊ ဓါတ်သတ္တုထုတ်လုပ် ခြင်း၊အစိုးရမှခွင့်ပြုထားသည့် ဥပဒေနှင့်ညီညွတ် သည့်အခြားလုပ် ငန်းများအား ထိရောက်မှန်ကန်စွာအသုံးချ စီမံဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်များမှလည်း ဝိုင်းဝန်းပူးပေါင်းကာ နိုင်ငံ့အကျိုး၊ တိုင်းဒေသကြီး၏အကျိုးရှေ့ရှုဆောင်ရွက်ပြီး အဂတိကင်းရှင်း စွာဖြင့် အမျှတဆုံးဖြစ်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအဖွဲ့အနေဖြင့် ခွင့်ပြုထားသည့်ဧရိယာများအား စည်းကမ်း တကျမြေပြင်တွင် လုပ်ကိုင်ဆောင်ရွက်ကြခြင်း ရှိ/မရှိစိစစ်သွားကြရန် လိုအပ်ပါကြောင်းနှင့် မြေယာများအား လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိပါက အရေးယူဆောင်ရွက်သွားကြရန်လည်း လို အပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းလွင်က တိုင်းဒေ သကြီးအတွင်း မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လျှောက်ထားလာမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ လျှောက်ထားလာမှုများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာ မြို့၊ ကုတင် ၅၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာ များမှပြည်သူ ၃၀၀ ဦးအား ဇူလိုင်လ ၉ ရက်နေ့မှစတင်၍ အခမဲ့ မျက်စိစမ်းသပ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ရာ မျက်စိခွဲစိတ်ရန်လိုအပ်သည့် ခွဲစိတ်လူနာ ၃၆ ဦးအား ခွဲစိတ်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး မျက်စိခွဲစိတ်လူနာများအား ထောက်ပံ့ပေးအပ်မည့် နေကာမျက်မှန် များနှင့်ဆေးဝါးများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မျက်စီခွဲစိတ်ဆောင် ကုသတွင်ခွဲစိတ်ပြီးလူနာများအား နေကာမျက်မှန်များတပ်ဆင်ပေးခဲ့ကြပြီး ဆေးဝါးများအား ထောက်ပံ့ပေးအပ်ကာ လူနာများ၏မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ ကြောင်း သိရသည်။

20240715 01

20240715 01

20240715 01

20240715 01

20240715 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.