၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပ
မုံရွာ၊ ဇူလိုင် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဇူလိုင်လ ၁၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစု ရေးအဖွဲ့ ဥက္ကဌ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုရေးအဖွဲ့ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုရေးအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်နှင့် တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းတို့က အမှာစကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုရေးအဖွဲ့ အဖွဲ့ဝင်များက မိမိ တို့ဌာနများအလိုက် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုရေး လုပ်ငန်းများကြိုတင်စီမံ ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုး တက်မှုမှတ်တမ်းပြုစုရေးအဖွဲ့ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးတို့က တိုင်းဒေသကြီး ဖွံ့ဖြိုး တိုးတက်မှုမှတ်တမ်းပြုစုရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုရေးအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသ ကြီး လူမှုရေးရာဝန်ကြီးက အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေး တင်ပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။







စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ
မုံရွာ၊ ဇူလိုင် ၁၁
မြစ်ချောင်းများအတွင်း ငါးသယံဇာတပေါများစေရေး၊ မြို့ပြနှင့်ကျေးလက်နေ ပြည်သူများ ငါးစားသုံးမှုဖူလုံစေရေးအတွက် ချင်းတွင်းမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့် ခြင်းအခမ်းအနားကို ဇူလိုင်လ ၁၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအနီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ စုမျိုးသွယ်က ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက်ထည့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့်တာဝန်ရှိသူများက ငါးမြစ်ချင်းငါးသားပေါက် ကောင်ရေ ၁ သိန်းနှင့် ငါးခုံးမကြီးငါးသား ပေါက်ကောင်ရေ ၁ သိန်းတို့အား ချင်းတွင်းမြစ်အတွင်း တပျော်တပါး စိုက်ထည့်ပေးခဲ့ကြသည်။
တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ချင်းတွင်း မြစ်အတွင်း ငါးသားပေါက်ကောင်ရေ စုစုပေါင်း- ၃၆၀၀၀၀ (သုံးသိန်းခြောက်သောင်း)နှင့် မုံရွာမြို့ ကန်သာယာကန်အတွင်း ငါးသားပေါက်ကောင်ရေ စုစုပေါင်း ၃ သိန်းတို့အား ငါးမျိုးများစိုက် ထည့်ခဲ့ကြောင်း သိရသည်။

သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



