slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းခရိုင်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ၊ မေ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ် ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၆ ရက်နေ့၊ နံနက်ပိုင်းက စစ်ကိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာများ နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက စစ်ကိုင်းခရိုင်အတွင်း သီးနှံများစိုက် ပျိုးထားရှိမှု အခြေအနေများအားလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ကစစ်ကိုင်းခရိုင်အတွင်း တိရိစ္ဆာန်များမွေးမြူထားရှိမှုနှင့် အသား/ဉထုတ်လုပ်မှု အခြေအနေများ အားလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ဆည်မြောင်း) ခရိုင်ဦး စီးမှုးက ရေရရှိမှုနှင့်ဖြန့်ဝေမှု အခြေအနေများအားလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ခရိုင်ဦးစီးမှုးက စစ်ကိုင်းခရိုင်အတွင်းရှိ လျှပ်စစ်မြစ်ရေ တင်များနှင့်ဆိုလာမြစ်ရေတင် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လည်း ကောင်း၊ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက မြေယာကိစ္စရပ်များနှင့် ပတ်သက် ၍လည်းကောင်း၊ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌက ခရိုင်အတွင်း သီးနှံများစိုက်ပျိုး ထားရှိမှုများနှင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာ သူများမှ စစ်ကိုင်းခရိုင် အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ကုတင် ၂၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ စစ်ကိုင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ အသက် ၅ နှစ်အောက် ကလေးငယ်များအား ဆေးရုံအခြေပြုကာကွယ်ဆေးထိုနှံပေးနေမှုများ အားကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ ကာကွယ်ဆေးများလာရောက်ထိုးနှံသည့် မိခင်နှင့်ကလေးငယ်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အဟာရဖြည့်စွက်စာများ၊ ဆေးများနှင့် လက်ဆောင်ပစ္စည်းများအား အသီးသီး ပေးအပ်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါဆေးရုံကြီးရှိ ကလေးအထူးကုသဆောင်၊ ထိခိုက်ဒဏ်ရာနှင့်အရိုး/အကြောဆောင်၊ ဖျားနာလူနာဆောင်တို့တွင် ဆေးကုသမှုခံယူနေကြသည့် ဒေသပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အဟာ ရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြပြီး ကျောက်ကပ်တုသွေးသန့်စင်ခန်းအတွင်း လူနာများအား ဆေးကုသနေမှုများအား ကြည့်ရှုအားပေးကာ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံအုပ်ကြီးထံ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

20240520 07

20240520 07

20240520 07

20240520 07

20240520 07

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ နိုင်လွန်ကတ္တရာစက်ရုံအမှတ်(၂) ဖွင့်ပွဲ တက်ရောက်

မုံရွာ၊ မေ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၌ နိုင်လွန်ကတ္တရာစက်ရုံ အမှတ်(၂) ဖွင့်ပွဲအခမ်းအနားကို မေလ ၁၆ ရက်နေ့၊ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက် အဆိုပါ စက်ရုံတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းမြို့သည် ဘာသာ၊သာသနာ ထွန်းကားရာမြို့တော်ဖြစ်ပြီး စိမ်းလန်းစိုပြေသည့်မြို့ကြီးဖြစ်ကာ နိုင်ငံခြားခရီးသည်များလည်း များစွာလာရောက်လည်ပတ်သည့် ခရီးသွားမြို့တော်ဖြစ်သည်နှင့်အညီ ဘက်စုံဖွံဖြိုးတိုးတက်စေ ရန်အတွက် နိုင်လွန်ကတ္တရာစက်ရုံနှင့် ဆက်စပ်ယာဉ်ယန္တရားများအား ဦးစားပေးလျာထား ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စစ်ကိုင်းမြို့ တွင် နိုင်လွန်ကတ္တရာစက်ရုံသစ်ကြီး တည်ဆောက်ဆောင်ရွက်ပေးသကဲ့သို့ စည်ပင်သာယာရေး အဖွဲ့များမှလည်း စနစ်တကျလုပ်ငန်းဆောင်ရွက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းတို့အား စေတနာ ထားဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ စစ်ကိုင်းမြို့နေ ပြည်သူလူထုအနေဖြင့်လည်း ဆောင်ရွက်ပေးသွားမည့်လမ်းများအား ရေရှည်တည်တံ့ရေး၊ သန့်ရှင်းသာယာလှပရေးကိစ္စရပ် များတွင် နိုင်ငံကြီးသားပီသစွာဖြင့် မိမိမြို့ရွာဒေသဖွံ့ဖြိုးသာယာစေလိုသည့်ဆန္ဒဖြင့် ဝိုင်းဝန်းကူ ညီထိန်းသိမ်း ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူး ဦးသစ်ထူးမြင့်က စစ်ကိုင်းမြို့၊ နိုင်လွန်ကတ္တရာစက်ရုံ အမှတ်(၂) တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ည့န်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် စစ်ကိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးမျိုးအောင်တို့က နိုင်လွန်ကတ္တ ရာလမ်းစက်ရုံ အမှတ်(၂)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၁ နာရီလျှင် တန် ၆၀ ဖျော် စပ်နိုင်သည့်ယတ္တရားစက်များဖြင့် နိုင်လွန်ကတ္တရာဖျော်စပ်နေမှုနှင့် စက်ရုံထိန်းချုပ်ခန်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ တက်ရောက်လာသူများနှင့်အတူ နံနက်စာအတူတကွ သုံးဆောင်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သမ တက္ကသိုလ်လမ်း နိုင်လွန်ကတ္တရာလမ်းခင်းကျင်းခြင်း လုပ်ငန်းခွင်သို့ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက သမတက္ကသိုလ်လမ်း အရှည် – ၅၆၀၀ ပေ၊ အကျယ် – ၃၂ ပေ၊ နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းများနှင့် စစ်ကိုင်းမြို့အတွင်း ဆက်လက် ဆောင်ရွက်သွားမည့် နိုင်လွန်ကတ္တရာလမ်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်လွန်ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ခေတ်မီစက်ယန္တရားများဖြင့် နိုင်လွန်ကတ္တရာခင်းကျင်း နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

20240520 01

20240520 01

20240520 01

20240520 01

20240520 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.