slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄)ကျင်းပ

မုံရွာ၊ မေ ၉

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄)ကို မေလ ၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားသည်။

ယင်းနောက် ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံး ဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းအခြေအနေများနှင့် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Shwe Ngwe Aye Toe Co,Ltd မှ စစ်ကိုင်းမြို့တွင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနှင့်အညီ ဆောက်လုပ်ငန်းရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရောင်ချခြင်းလုပ် ငန်းဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက် ထားလွှာတင်ပြလာခြင်းကိစ္စ လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြပြီး Shwe Ngwe Aye Toe Co,Ltd မှ တာဝန်ရှိသူတစ်ဦးက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်း တင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ဖြည့်စွက်အကြံ ပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20240510 01

20240510 01

20240510 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ မိုးရာသီသစ်ပင်စိုက် ပျိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ၊ မေ ၈

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄-ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေလ ၈ ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်ကျောင်း များမှ ပါမောက္ခချုပ်များနှင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ကလေးခရိုင်၊ ကသာ ခရိုင် ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့အချိန်သည် ကမ္ဘာ့ပတ်ဝန်း ကျင်ယိုယွင်းပျက်စီးလာမှုနှင့်အတူ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး သည်ရာသီဥတု ပြောင်းလဲမှုများနှင့် နောက်ဆက်တွဲအကျိုးဆက်များအား ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်ပြီး သစ်တောဖုံးလွှမ်းမှုကောင်းမွန်လာစေရေး၊ ရာသီဥတုပြောင်းလဲမှု လျော့ချနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ် ပြန်လည်ကောင်းမွန် လာစေရေးအပြင် အစားအသောက်နှင့် ဆေးဝါးအကျိုးပြုစေရန်အတွက် တမာပင်များစိုက်ပျိုးရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ၂၀၂၂ခုနှစ် မှ ၂၀၂၄ ခုနှစ်အထိ (၃)နှစ်တာကာလ အတွင်း တမာ(၃၀၀,၀၀၀) ပင်စိုက်ပျိုးသွားရန် လမ်းညွှန်ခဲ့မှုအပေါ် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် မိုးရာသီတို့တွင် တမာ(၃၀၀,၀၀၀)ပင်အား အပြည့်အဝစိုက်ပျိုးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျေး လက်နေပြည်သူများ၏ ထင်းလိုအပ်ချက်အားဖြည့်ဆည်းနိုင်ရေးနှင့် သစ်တောဖုံးလွှမ်းမှုအား အထောက်အကူဖြစ်စေရေးအတွက် တစ်ရွာ(၂)ဧကထင်းစိုက်ခင်းများအား တိုးချဲ့စိုက်ပျိုးနိုင်ရေး အတွက် မြေနေရာရရှိရေးနှင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် လည်းဆောင်ရွက် သွားကြရန်နှင့် စိုက်ပျိုးပြီးသစ်ပင်များ ရှင်သန်အောင်မြင်စေရေး တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်း ကူညီပြုစုထိန်းသိမ်းသွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ် ကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများမှ ၂၀၂၄-ခုနှစ်၊ မိုးရာသီသစ်ပင်စိုက် ပျိုးရေး မိမိတို့ဌာနများနှင့်ကျောင်းများအလိုက် စီမံဆောင်ရွက်ထားရှိမှုများ နှင့်ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ကလေးခရိုင်၊ ကသာခရိုင် စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် မိမိတို့ ခရိုင်/မြို့နယ်များအတွင်း ၂၀၂၄-ခုနှစ်၊ မိုးရာ သီသစ်ပင်စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်‌ ရေးမှူးက ၂၀၂၄-ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ် သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာ သူများမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၂၀၂၄-ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးရေး လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ အထွေထွေဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာလေဆိပ်ရှိ ဧည့် ခန်းမဆောင်တွင် ဒုတိယအကြိမ် စစ်မှုထမ်းဆောင်မည့် မုံရွာမြို့မှပြည်သူ့စစ်မှုထမ်းများနှင့် တွေ့ ဆုံပွဲနှုတ်ဆက်ပွဲသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိတ်ဆက်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များမှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့် အကျိုးခံစားခွင့်များနှင့် သင် တန်းတွင်လိုက်နာလုပ်ဆောင်ရမည့်အချက်များအား ရှင်းလင်းပြောကြားကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စစ်မှုထမ်းများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြပြီး စစ်မှုထမ်းများနှင့် မိသားစုဝင်များအား ရင်းရင်း နှီးနှီးဖြင့် နွေးထွေးစွာ လိုက်လံနှုတ်ဆက်ခဲ့သည်။

အလားတူ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ဟုမ္မလင်းခရိုင်တို့မှ ဒုတိယအကြိမ် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းဆောင်မည့် စစ်မှုထမ်းများအား သက်ဆိုင်ရာ ခရိုင်/မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများမှ ရင်းရင်းနှီးနှီးဖြင့် နှုတ်ဆက်ပြီး သက်ဆိုင်ရာတာဝန် ရှိသူများနှင့် မိသာစုဝင်များမှလည်း သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြောင်း သိရသည်။

20240509 01

20240509 01

20240509 01

20240509 01

20240509 01

20240509 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.