slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ လျာထားဧကပြည့်မီရေးနှင့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား တက်ရောက်

မုံရွာ၊ ဧပြီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ လျာထားချက် ပြည့်မီရေးနှင့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ဧပြီလ ၂၆ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူ များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးမူဝါဒများ ခိုင်မာစွာချမှတ်ပြီး စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ထုတ်လုပ်နိုင်ရေး၊ လယ်ယာကဏ္ဍ ကုန်ထုတ်စွမ်းအားများ မြင့်မားလာစေရေး၊ တောင်သူများဝင်ငွေတိုးတက်ရရှိစေရေးနှင့် ဘေးကင်းလုံခြုံပြီး အာဟာရ ပြည့်ဝသည့် စားရေရိက္ခာများထုတ်လုပ်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးကူညီဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးနည်းလမ်း ပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိရာတွင် သီးနှံစိုက်ပျိုးရာသီအလိုက် လျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးသည် အခြေခံကျသည့် အဓိကလုပ်ငန်းတစ်ခုဖြစ်ခြင်းကြောင့် လာမည့်မိုးရာသီ တွင် စိုက်ပျိုးရမည့်သီးနှံများအား လျာထားချက်ထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး၊ သီးနှံများအောင်မြင်ဖြစ်ထွန်းမှုရှိစေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများအား ယခုအချိန်ကတည်းမှ စတင်ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် အခြား သီးနှံများအား ပန်းတိုင်ရည်မှန်းချက်ကို ပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဆိုပါက တိုင်း ဒေသကြီး၏ ဆန်၊ ဆီ၊ ပဲ ဖူလုံမှုများ ပိုမိုတိုးတက်လာနိုင်မှာ ဖြစ်သကဲ့သို့ ဝါသီးနှံစိုက်ပျိုးမှု ပန်းတိုင်အထွက် နှုန်းရရှိစေခြင်းဖြင့် ပြည်သူများ ဝတ်ရေးဖူလုံစေပြီး ပြည်ပမှချည်ထည် များတင်သွင်းမှုအား လျော့ချနိုင်မှာ ဖြစ်ပါကြောင်း၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တိုင်းဒေသ ကြီး၏ သီးနှံစိုက်စွမ်းအားမြှင့်တင်ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်း ၄ သွယ်ဖြင့် သတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်းချက်များအတိုင်းထွက်ရှိစေရေး တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေသူရဇော်က တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသင့်သည့် သီးနှံပုံစံများအား လည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲမှ ဒုတိယဦးစီးမှူး ဒေါ်စောသန္တာနွယ်က သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရေး မျိုးကောင်း၊မျိုးသန့် ပြောင်းလဲစိုက်ပျိုး ခြင်းနည်းပညာများအား လည်း ကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ဖြူဇာဝင်းက သီးထပ်သီးညှပ်စွမ်းအားမြှင့်တင်ရေးမြေဆီလွှာ အစိုဓါတ်ထိန်းသိမ်းရေးအား လည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းဌေးက မိုးသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့်ပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းရေး နည်းပညာများအား Power Point ဖြင့် ရှင်းလင်း တင်ပြကြသည်။

ဆက်လက်ပြီး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းဒေ သကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး ဆည် မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း) ညွှန်းကြားရေးမှူး၊ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံး ချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) ဒုတိယညွှန်ကြားရေးမှူးတို့က ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးရာသီ လျာထားချက်ပြည့်မီရေးနှင့် သီးနှံများပန်းတိုင်အထွက်နှုန်း ရရှိရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက တိုင်းဒေသကြီးအတွင်း မိုးသီးနှံစိုက်ပျိုးရာသီ လျာထားချက်ပြည့်မီရေးနှင့် သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရေး လုပ်ငန်းအခြေအနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်းအတွင်း ရှိ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စွမ်းအားတိုးတက်ရေး နည် ပညာပေးပြခန်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးပြခန်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ထောက်ပံ့ပေးအပ်မည့် လက်ကိုင်ရှည်လက်တွန်းထွန်စက်၊ လက်တွန်းမြေဖွစက်နှင့် လက်ဆွဲမျိုးစေ့ချကိရိယာများ ပြသထားရှိမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

20240429 01

20240429 01

20240429 01

20240429 01

20240429 01

20240429 01

20240429 01

20240429 01

20240429 01

20240429 01

20240429 01

20240429 01

20240429 01

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ၂၀၂၄-ခုနှစ်၊ နွေရာသီအခြေခံနှင့်အဆင့်မြင့်အားကစား သင်တန်းများဖွင့်ပွဲအခမ်းအနား ကျင်းပ

မုံရွာ၊ ဧပြီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄-ခုနှစ်၊ နွေရာသီအခြေခံနှင့်အဆင့်မြင့် နွေရာသီ အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နည်းပြများ၊ သင်တန်းသား/သူများနှင့်မိဘများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အစိုးရအနေဖြင့် အားကစားကို အမျိုးသားရေးတာဝန် တစ်ရပ်အနေနှင့် အဘက်ဘက်မှ အားပေးမြှင့်တင်လျှက်ရှိရာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစားအဆင့်အတန်း မြင့်မားလာစေရေးအတွက် မူဝါဒချမှတ်ပြီး အားကစားဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသကဲ့သို့ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း နိုင်ငံတော်၏ အားကစားမူဝါဒများကိုအကောင်အထည်ဖော်နိုင်ရန်အတွက် အစွမ်းကုန်ပံ့ပိုးကူညီ ဆောင်ရွက်လျှက်ရှိပါကြောင်း၊ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များအားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန် အားကစားနည်း (၉)မျိုးအား ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ယခုသင်တန်းများမှနည်းပြများ၏ သင်ကြားပို့ချချက်များအား ကြိုးစားသင်ယူလေ့ကျင့်ပြီး ရပ်ကွက်၊ကျေးရွာ၊မြို့နယ်အဆင့်မှ နိုင်ငံတော်မှအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များအဆင့်အထိ ရောက်ရှိအောင်ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သင်တန်းသား/သူများ၏ မြန်မာ့သိုင်း၊ ရိုးရာခြင်းလုံး၊ ကရာတေး၊ Fitness Dance တို့ဖြင့် သရုပ်ပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သရုပ်ပြသဖျော်ဖြေခဲ့ကြသည့် မြန်မာ့သိုင်းအဖွဲ့ အား ဂုဏ်ပြုချီးမြှင့်ငွေများ အားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ရိုးရာခြင်းလုံးအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက ကရာတေးအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက Fitness Dance အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက အားကစားပစ္စည်းများအား အသီးသီးထောက်ပံ့ ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အားကစားသမား သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ ၂၀၂၄-ခုနှစ်၊ နွေရာသီအခြေခံနှင့်အဆင့်မြင့် နွေရာသီအားကစားသင်တန်းများ အား ၁ လကြာ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် ဘောလုံး၊ Fitness Dance၊ ကရာတေး၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘော၊ တင်းနစ်၊ ကာယဗလနှင့်ကာယအလှ၊ မြန်မာ့သိုင်း၊ ကြက်တောင်၊ အားကစား (၉)မျိုး၌ သင်တန်းသား/သူ ၃၅၀ ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

20240426 01

20240426 01

20240426 01

20240426 01

20240426 01

20240426 01

20240426 01

20240426 01

20240426 01

20240426 01

20240426 01

20240426 01

20240426 01

20240426 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.