slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စားသုံးဆီနှင့် ဆန်ဈေးနှုန်းမှန်ကန်တည်ငြိမ် စွာရောင်းချရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ၊ ဇွန် ၂၈

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့်ဆန်ဈေးနှုန်း မှန်ကန်တည်ငြိမ်စွာ ရောင်းချ ရေးညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၈ ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဆန်ကုန်သည်၊ဆီ ကုန်သည် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် ပြည်တွင်း ဆန်ဈေးနှုန်းများ သင့်တင့်မျှတစွာဖြင့် မှန်ကန်တည်ငြိမ်စေရေးနှင့် စားသုံးဆီဖြန့်ဖြူးရောင်းချ မှုစနစ်တကျရှိစေရေးအား အလေးထားဆောင်ရွက်နေသကဲ့သို့ မိမိတို့တိုင်း ဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆန်ဈေးကွက် အတွင်း ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းခြင်းများအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးစောင့်ကြည့်၍ လိုအပ်သည်များအား အရေးယူဆောင်ရွက် နိုင်ရေးနှင့် ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင် ရောင်းချနေမှုများအတွက် စီစစ်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းတာဝန်ပေးထားပြီး ဖြစ်ပါကြောင်း၊ စားသုံးဆီများဖြန့်ဖြူးရောင်းချရာတွင် စနစ်တကျရှိစေရေးနှင့် စားသုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများ၊ အရောင်းကိုယ်စားလှယ်များ၊ လက်လီ/လက်ကားရောင်းချသူများအား အဆင့်ဆင့်ထိန်းကျောင်း ခြင်းစသည်ဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုများဖြင့် လုပ်ငန်းများဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ ပြည်သူများ၏အခြေခံစားကုန် ဆန်နှင့်စားသုံးဆီဈေးနှုန်းများ မြင့်တက်မှုမရှိစေရေး၊ ဆန်ကုန်သည်၊ စားသုံးဆီကုန်သည်များအနေဖြင့် မိမိတို့တိုင်းဒေသကြီးအတွက် မိမိအကျိုး အများအကျိုး ညီညွတ်မျှတစွာဖြင့် ဥပဒေစည်းမျဉ်းစည်းကမ်းများကိုလည်း လေးစားလိုက်နာ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များတွင် စားသုံးဆီနှင့်ဆန်ဈေးနှုန်းမှန်ကန်တည်ငြိမ်စွာ ရောင်းချရေး နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဆန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားသုံးဆီဖြန့် ဖြူးရောင်းချမှု အခြေအနေများအား လည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဆန်ကုန်သည်၊ဆီကုန်သည် လုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများ နှင့်ပြည်သူများ ထံသို့ ဆန်၊စားသုံးဆီများ ဈေးနှုန်းမှန်ကန်စွာရောင်းချပေးနေမှု၊ လက်လီ လက်ကားရောင်းချ ပေးနေမှု၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်မီးရရှိရေး၊ စားသုံးဆီများခွဲဝေရရှိမှု ဖြန့်ဖြူးရောင်းချပေး နေမှု၊ အပတ်စဉ်ဈေးကားများဖြင့် စားသုံးဆီများရောင်းချ ပေးနေမှုအခြေအနေများနှင့် တိုင်းဒေ သကြီးအစိုးရအဖွဲ့မှ ဖြည့်ဆည်းပေါင်းစပ်ပေးရမည့် လုပ်ငန်းအခြေအနေများအား အသီးသီးဆွေး နွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာ သူများက တိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့်ဆန်ဈေးနှုန်းမှှန်ကန်တည်ငြိမ်စွာ ရောင်းချရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီး ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရ သည်။

20240701 01

20240701 01

20240701 01

20240701 01

မုံရွာမြို့၌ ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အခမ်းအနား ကျင်းပ

မုံရွာ၊ ဇွန် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမ တွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ နေ့စဉ်လူနေမှုစနစ်တွင် ဖလိုရင်းပါဝင်သည့် အအေးပေးပစ္စည်းများတီထွင်အသုံး ပြုမှုသည်ကျယ်ပြန့်လာခဲ့ပြီး လူနေအိမ်အဆောက်အဦ၊ စီးပွားရေးဆိုင်ရာလုပ်ငန်း၊ စက်ရုံအလုပ် ရုံ၊သယ်ယူပို့ဆောင်ရေးလုပ်ငန်းစသည်တို့တွင် လေအေးပေးစနစ်၊ အပူပေးစနစ်များအသုံး မပြု သည့်အဆောက်အဦကြီးများ၊ စက်ရုံများမရှိသလောက် နည်းပါးလာခဲ့ပြီဖြစ်ပါကြောင်း၊ ရာသီဥ တုပြောင်းလဲမှုနှင့် အိုဇုန်းလွှာထိခိုက်မှုမရှိဘဲ စွမ်းအင်အားအကျိုးရှိထိ ရောက်စွာအသုံးပြုနိုင် သည့်အအေးပေးစနစ်ဆိုင် ရာနည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူလူထုတစ်ဦးချင်းသာမက အဖွဲ့အစည်းများနှင့် ဌာနဆိုင် ရာများ အားလုံးနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ ဖြစ်ပေါ်လာပုံအကြောင်းအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့ အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးကြပြီး တာဝန်ရှိ သူများအတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက် ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ခန်းမအတွင်းပြသထားရှိသောအအေးပေးပစ္စည်းများ၊ အအေးပေးစက်ပစ္စည်းများဆိုင်ရာ နည်းဥပဒေ၊ဥပဒေစာအုပ်များနှင့် လှုပ် ရှားမှုမှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

20240628 11

20240628 11

20240628 11

20240628 11

20240628 11

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.