slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

မုံရွာ၊ ဧပြီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူရည်ချွန် မောင်မယ်များအား ဂုဏ် ပြုပွဲအခမ်းအနားကို ဧပြီလ ၂၃ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဆရာ/ဆရာမများနှင့် လူရည်ချွန်မောင်မယ်များနှင့်မိဘများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် ဘက်စုံပညာထူးချွန်ပြီး အကျင့်စာရိတ္တကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် ကျောင်းသားလူငယ်များအဖြစ် လေ့ ကျင့်ပျိုးထောင်ရန်ရည်ရွယ်ကာ လူရည်ချွန်စီမံကိန်းကို ၁၉၆၄ ခုနှစ်မှစတင်၍ နှစ်စဉ်ဆောင် ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်၏ လူစွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားရေးနှင့် နိုင်ငံ့သားကောင်းများအဖြစ် ပေါ်ထွန်းလာစေရေးအတွက် အခြေခံပ ညာကျောင်းသား၊ကျောင်းသူများထဲမှ ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်းပြီး စာရိတ္တကောင်း မွန်သူများအား လူရည်ချွန်၊ လူရည်မွန်များအဖြစ် သတ်မှတ်ရွေးချယ် ဂုဏ်ပြုချီးမြှင့်သည့် လူရည် ချွန်စီမံကိန်းအား နှစ်စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးမှ ရွေးချယ်ခြင်းခံရ သည့်လူရည်ချွန်များအနေဖြင့် မိမိတိုင်းဒေသကြီး၏ ဂုဏ်သိက္ခာ၊ မိမိခရိုင်၊ မိမိမြို့နယ်၊ မိမိ ကျောင်းဂုဏ်သိက္ခာ ကောင်းမွန်စေရေးအတွက် စခန်းအတွင်းလိုက်နာရမည့် စည်းကမ်းများ၊ စခန်းအတွင်းပြိုင်ပွဲများ၊ လေ့လာရေးလုပ်ငန်းများ၊ သွားလာနေထိုင်စားသောက်ရေး ကိစ္စရပ်များ တို့တွင်အများနှင့်အတူ အချိန်ကိုက် လိုက်ပါလုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လူရည်ချွန်ရွေးချယ်ခြင်းလုပ်ငန်း၊ လူရည်ချွန်အပန်းဖြေ စခန်းများသို့ စေလွှတ်ခြင်းစသည့် လူရည်ချွန်စီမံကိန်းလုပ်ငန်းများအား ငွေကြေးအမြောက် အများရင်းနှီးမြှုပ် နှံ၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းသည် နိုင်ငံတော်အတွက် အားထားရသည့် လူငယ်များအား မွေးထုတ်ပေးနေခြင်းဖြစ်သည့်အတွက် လူရည်ချွန်များသည် နိုင်ငံတော်အတွက် ဟူသည့်ခံယူချက်ဖြင့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် အားထားရသည့် ထာဝရလူရည်ချွန်များဖြစ်အောင် အစဉ်အမြဲကြိုးပမ်းအားထုတ်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြော ကြားခဲ့သည်။

ယင်းနောက် ၁၉၈၁ ခုနှစ်၊ သတ္တမတန်းနှင့် ၁၉၈၃ ခုနှစ်၊ နဝမတန်း လူရည်ချွန်နှစ်ထပ်ကွမ်း တိုင်းဒေသကြီး စက်မှု လယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းထိုက်နှင့် ၁၉၈၅-ခုနှစ်၊ ရန်ကုန်တက္ကသိုလ် စတုတ္ထနှစ် သစ်တောပညာလူရည်ချွန် တိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်တို့က လူရည်ချွန်အတွေ့ အကြုံများအား ပြောကြားကြပြီး လူရည်ချွန်မောင်မယ်များက တစ်ဦးချင်း မိတ်ဆက်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ် ဆရာ/ဆရာမများအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြင့်ပြီး တိုင်းဒေသကြီး စက်မှုလယ် ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့မှ လူရည်ချွန်မောင်မယ်များအတွက် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီး မြှင့်ကြသည်။

ထို့နောက် လူရည်ချွန်မောင်မယ်များကိုယ်စား နှစ်ထပ်ကွမ်း လူရည်ချွန် မမြင့်မြတ်ကြည် မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက် ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး တာဝန်ရှိသူများ၊ လူရည်ချွန်မောင် မယ်များနှင့် နံနက်စာများအတူတကွသုံးဆောင်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၄-ခုနှစ်၊ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် အလုံရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း(အလုံ)ရှိ စာသင်ဝိုင်းသို့ရောက်ရှိရာ စာသင်ဝိုင်း ၃ ဝိုင်းတွင် ကြီးကြပ် ၁ ဦး၊ နည်းပြ ၃ ဦးနှင့် စာသင်သား၊စာသင်သူ ၆၀ ဦးတို့ဖြင့် စာသင်ကြားနေမှုများအား လိုက်လံ ကြည့်ရှုအားပေးပြီး စာသင်သား၊စာသင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး တာဝန်ရှိသူများနှင့်အတူ စာသင်သားတစ်ဦးချင်းအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ တိပိဋကာ လင်္ကာရသာမဏေကျော် ကျောင်းတိုက်ရှိ စာသင်ဝိုင်းသို့ရောက်ရှိရာ စာသင်ဝိုင်း ၁ ဝိုင်းတွင် ကြီးကြပ် ၁ ဦး၊ နည်းပြ ၁ ဦးနှင့်စာသင်သား၊ စာသင်သူ ၁၅ ဦးတို့ဖြင့် စာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး စာသင်သား၊စာသင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးကာ တာဝန်ရှိသူများနှင့်အတူ စာသင်သားတစ်ဦးချင်းအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြပြီး စာသင်ဝိုင်းများအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20240424 01

20240424 01

20240424 01

20240424 01

20240424 01

20240424 01

20240424 01

20240424 01

20240424 01

20240424 01

20240424 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက် ရေး ညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄)တက်ရောက်

မုံရွာ၊ ဧပြီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင် အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်း အစည်းအဝေး (၃/၂၀၂၄)ကို ဧပြီလ ၂၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၄-ခုနှစ်၊ ဧပြီ ၂၂ ရက်နေ့၊နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၄/၂၀၂၄ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်မှာကြားချက်များကို အစည်းအဝေးသို့တက်ရောက်လာသူများအား ရှင်းလင်းမှာကြားပြီးနောက် တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွား ဘ၀ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒေသတည်ငြိမ် အေးချမ်းပြီး တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိရန် တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူများ၏ စားရေရိက္ခာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းပြီး လူမှုစီးပွားဘဝ များဖွံ့ဖြိုးတိုးတက်လာအောင် သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခင်နှစ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကို ရယူကာ ယခုနှစ် တွင်လုပ်ငန်းများ ပိုမိုအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့်စီမံရေးရာဆိုင်ရာများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး ရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သာယာလှပရေးနှင့် မြို့နယ်များအတွင်း အခြေခံစားသောက်ကုန်များ ရောင်းချပေးနေမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် MSMEs လုပ်ငန်းများဆောင်ရွက်နေမှု အခြေအ နေများနှင့် ပတ်သက်၍ Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ က Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ဒေသတည် ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြပြီး မုံရွာခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌက ခရိုင်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီး ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20240423 01

20240423 01

20240423 01

20240423 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.