၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၁၃၈၄-ခုနှစ် ၂၀၂၃-ခုနှစ် စစ်ကိုင်းတိုင်းဒေသ ကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ကန်သာယာရှိ ဗဟိုမဏ္ဍပ်၊ တိုင်းဒေသကြီးအစိုးရအဖွွဲ့ ဝန်ကြီးဌာနမဏ္ဍပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် အလုံတပ
မုံရွာ ၊ ဧပြီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ လိုက်ပါလျက် ၁၃၈၅-ခုနှစ်၊ ၂၀၂၄-ခုနှစ် မြန်မာ့ရိုးရာယဉ် ကျေးမှု မဟာသင်္ကြန်ပွဲတော် ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်သို့ ရောက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးဌာနများမှ ရှပ်ရှင်ရုပ်ဆောင်များ၊ နိုင်ငံကျော်အဆိုတေ်များ၏ ဖျော်ဖြေမှုနှင့် ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေနေမှုများအားအား ကြည့်ရှုအားပေးကာ မုံရွာမြို့နေပြည်သူ များနှင့် ရပ်ကွက်နေပြည်သူများ မိသားစုဝင်များ၊ ပြည်သူများနှင့် သင်္ကြန်ချစ်သူများမှ ပျော်ရွှင် စွာဖြင့် ရေကစားနေမှုများ ကြည့်ရှုအားပေးခဲ့ကြပြီး ရေသဘင်ပွဲတော်ပွဲတော်သို့ လာရောက် ကြသူများအား စတုဒီသာကျွေးမွေးခဲ့ကြဧည့်ခံခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဌာန အသီးသီမှ မဏ္ဍပ်များမှ ယိမ်းအလှ၊အကအဖွဲ့များများမှ သင်္ကြန်ပွဲတေး သီချင်းများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ၁၃၈၄-ခုနှစ် ၂၀၂၃-ခုနှစ် စစ်ကိုင်းတိုင်းဒေသ ကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ကန်သာယာရှိ ဗဟိုမဏ္ဍပ်သို့ ရောက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွွဲ့ ဝန်ကြီးဌာန မဏ္ဍပ်များမှ ဧည့်သည်တော်များ၊ ယိမ်းအလှပျိုဖြူများနှင့် တက်ရောက်လာသူများအား နှစ်သစ် ကူးအမွှေးနံ့သာရေဖြင့် အပြန်အလှန်ပတ်ဖျန်းကြပြီး နိုင်ငံကျော်ရုပ်ရှင် သရုပ်ဆောင်များ၊ အဆို ရှင်များနှင့် ယိမ်းအလှပျိုဖြူများက အလှည့်ကျဖျော်ဖြေနေမှုများအား ကြည့်ရှူအားပေးခဲ့ကြ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အလုံတပ်နယ်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၉၆၁) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ရင်း ရေသဘင်မဏ္ဍပ်များသို့ ရောက်ရှိရာ ရေသဘင်မဏ္ဍပ်မှ ယိမ်းအကလှပျိုဖြူများ၊ ရုပ်ရှင့်နှင့်ဗီဒီယို သရုပ်ဆောင်များက အကအလှများဖြင့် သီဆိုဖျော်ဖြေမှုအား ကြည့်ရှုအားပေးကြကာ ယိမ်းအက ဖွဲ့များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူး၊ဇနီးနှင့် တာဝန်ရှိသူများက အတာရေ များပက်ဖျန်းပေးခဲ့ပြီး ယိမ်းအကလှပျိုဖြူများက အကအလှများဖြင့်ဖျော်ဖြေကြပြီး ဖျော်ဖြေသည့်ယိမ်းအကအလှအဖွဲ့များ၊ ရုပ်ရှင် သရုပ်ဆောင် များနှင့် အဆိုတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြင့်ခဲ့ကြပြီး ရေကစား မဏ္ဍပ်များတွင် ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။









စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၁၃၈၅-ခုနှစ်၊ ၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကျနေ့ဗဟိုမဏ္ဍပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးဌာန ရေသဘင်မဏ္ဍပ်များအား လိုက်လံကြည့်ရှုအားပေး
မုံရွာ ၊ ဧပြီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများလိုက်ပါလျက် ၁၃၈၅-ခုနှစ်၊ ၂၀၂၄-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဧပြီလ ၁၄ ရက်နေ့၊ သင်္ကြန်အကျနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကန်သာယာကန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်သို့ ရောက်ရှိကြသည်။
ရှေးဦးစွာ ဗဟိုမဏ္ဍပ်မှ ယိမ်းအကလှပျိုဖြူများ၊ နိုင်ငံကျော် ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် များက အကအလှများဖြင့် သီဆိုကပြဖျော်ဖြေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့မှ တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနများနှင့် နိုင်ငံကျော် ရုပ်ရှင် နှင့်ဗွီဒီယိုသရုပ်ဆောင် အဆိုတော်များအား အတာရေများ ပက်ဖျန်းကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တာဝန်ရှိသူများသည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ “ပိတောက်အားမာန်” ရေ
သဘင်မဏ္ဍပ် သို့ ရောက်ရှိရာ မဏ္ဍပ်မှယိမ်းအကလှပျိုဖြူများက အကအလှများဖြင့် ဖျော်ဖြေကြပြီး နိုင်ငံကျော် ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် အဆိုတော်များက သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကာ ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးဌာနမဏ္ဍပ်၊ “ပိတောက်ပျိုမေ” ရေသဘင်မဏ္ဍပ်သို့ရောက်ရှိရာ ယိမ်း အကလှပျိုဖြူများက အကအလှများဖြင့် ဖျော်ဖြေကြပြီး နိုင်ငံကျော်ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် အဆိုတော်များ၏ ဧည့်ခံဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ ကြပြီး ရေကစားလာရောက်ကြသည့် ဌာနဆိုင်ရာများနှင့်ပြည်သူများအား စတုဒီသာ ထမင်းနှင့် ဟင်းများ ကျွေးမွေးဧည့်ခံခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၁၃၈၅-ခုနှစ်၊ ၂၀၂၄-ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကန်သာယာကန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်သို့ ရောက်ရှိရာ နိုင်ငံကျော် ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင်များက အကအလှများဖြင့် သီဆိုကပြဖျော်ဖြေမှုများနှင့် ယိမ်းအကဖွဲ့များ၏ ကပြဖျော်ဖြေမှုများ၊ ဌာနဆိုင်ရာဝန်ထမ်းမိသားစုဝင်များနှင့် မုံရွာမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများနှင့်အတူပျော်ရွှင်စွာ ရေကစားကာ အနုပညာရှင်များနှင့် ယိမ်းအဖွဲ့များ ၏ ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

















သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



