slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ၂၀၂၄-ခုနှစ်၊ စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

မုံရွာ၊ ဧပြီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၃-ခုနှစ်၊ ပါဠိပထမပြန် စာမေးပွဲ စာအောင်သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ဆရာလေးများ စာအောင်ဆုနှင့် အောင်လက်မှတ်များဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ဧပြီလ ၁၁ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီးရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ “ နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ် ကြပြီး မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်းတိုက်၊ ပဓာနနာယက၊ ပထမပြန်စာမေးပွဲကြီး ကြပ်ရေး ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိဇ္ဇောဒယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ဆရာတော်၊ အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်များအား နာယူကြည်ညိုပြီး ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်ပြီး ၂၀၂၃-ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် အခြေပြုမူလတန်းအောင် နိုင်ငံ တော်အဆင့် ဒုတိယဆုရရှိခဲ့သည့် သံဃာတော်တစ်ပါးနှင့် ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်း စာမေးပွဲအောင် သံဃာတော် ၂ ပါးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာအောင်လက်မှတ်၊ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေ ပြုမူလတန်းစာမေးပွဲအောင် သံဃာတော်များအား တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများမှ စာအောင်လက် မှတ်နှင့် ဝတ္ထုငွေများအား လည်းကောင်း၊ စာအောင်သီလရှင် ဆရာကြီး/ဆရာလေးများအား တိုင်းဒေသကြီး တရားသူကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ များ၏ဇနီးများနှင့် တိုင်းဒေသကြီး ဥပဒေချုပ်တို့မှ စာအောင်လက်မှတ်နှင့် ဝတ္ထုငွေများအား ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်းတိုက်၊ ပဓာနနာယက၊ ပထမပြန် စာမေးပွဲကြီးကြပ်ရေး ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိဇ္ဇောဒယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး “ ဗုဒ္ဓသာသနံ စိရံ တိဌတု ”သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းကြသည်။

၂၀၂၃-ခုနှစ်၊ မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်တို့မှ ပါဠိပထမပြန်စာမေးပွဲကြီးတွင် ပထမကြီးတန်း စာမေးပွဲအောင် -၄၈ ပါး၊ ပထ မလတ်တန်း စာမေးပွဲအောင် – ၇၀ ပါး၊ ပထမငယ်တန်းစာမေးပွဲအောင် – ၁၂၃ ပါး၊ အခြေပြုမူလ တန်းစာမေးပွဲအောင် – ၁၈၂ ပါး၊ စုစုပေါင်း စာအောင်သံဃာတော်၊ သီလရှင်ဆရာကြီး/ဆရာ လေး – ၄၂၃ ပါး အောင်မြင်တော်မူခဲ့ကြပြီး စာအောင်သံဃာတော်၊ သီလရှင်များအား အလှူငွေကျပ် စုစုပေါင်း – ၁၀၁၁၀၀၀၀ (တစ်ရာ့တစ်သိန်းတစ်သောင်း)ကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

20240411 14 20240411 14 20240411 14 20240411 14 20240411 14 20240411 14 20240411 14 20240411 14 20240411 14 20240411 14

စစ်ကိုင်းတိုင်းဒေသကြီး၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

မုံရွာ၊ ဧပြီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ဧပြီလ ၁၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် နည်းပြများနှင့် သင် တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှေးဦးအရွယ်ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ပြုစုပျိုးထောင် ပေးနိုင်ရန်အတွက်ရည်ရွယ်ပြီး ရှေးဦးအရွယ်ကလေး သူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် ထိရောက်စွာ သင်ကြားနိုင်ရန် သင်ရိုးညွှန်းတမ်းများနှင့်အညီ ယခုလိုသင်တန်းများဖွင့်လှစ်ပို့ ချပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းအား စနစ်တကျနှင့် အချိန်ပြည့်တက်ရောက်ပေးသည့် သင် တန်းသား၊ သင်တန်းသူများမှလည်း ယခုသင်တန်းမှရရှိခဲ့သည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါမှာ ထိရောက်သည့်နည်းလမ်း များဖြစ်သည့် နယ်ပယ်သဘောတရားများနှင့် ကလေးများဘာသာစကားတို့ကို ပီသကျွမ်းကျင် အောင်ပြောကြားနိုင်စေရန် စနစ်တကျ ပြုစုပျိုးထောင်ပြီး မိဘများနှင့် ရပ်ရွာလူထုများမှလည်း ပူးပေါင်းကာ ကလေးငယ်များပြုစု စောင့်ရှောက်မှုများဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသား၊သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသည့် အတွေ့အကြုံဗဟုသုတ၊ နည်း ပညာများအား အသုံးချပြီးမိမိတို့နိုင်ငံ၏အနာဂတ် ကလေးငယ်များအကျိုးကို အကောင်းဆုံးဖြစ် အောင်ပြုစုပျိုး ထောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အနီးကပ်ကြီးကြပ်လမ်းညွှန် သင်ကြားပေးခဲ့ သည့် လူမူဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(ငြိမ်း)ဆရာမကြီး ဒေါ်ခင်နွဲ့အား ဂုဏ်ပြုငွေအား ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက သင်တန်းသား/သင်တန်းသူများ အတွက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက သင်တန်းဆင်း အစီရင်ခံစာအား ဖတ်ကြားပြီး မုံရွာမူလတန်းကြိုကျောင်းမှ သမီးငယ်လေးမှ တပင်တိုင် အကဖြင့် လည်ကောင်း၊ သင်တန်းသား/သင်တန်းသူများမှ မူကြိုကဗျာ၊ သီချင်း၊ ပုံပြင်များ ဖြင့်သီဆိုကပြ ဖျော်ဖြေကြပြီး တိုင်းဒေသကြီး ဥပဒေချုပ်မှ သီဆိုကပြဖျော်ဖြေခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်ကာ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သင်တန်းသား/သင်တန်း သူများဖြင့် စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်တန်းသား/သင်တန်းသူများကိုယ်တိုင် ပြုလုပ်ထားသော မူလတန်းကြိုကျောင်းများတွင် အသုံးပြုမည့် ပန်းချီနှင့်လက်မှုသင်ထောက်ကူပစ္စည်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

20240412 01 20240412 02 20240412 03 20240412 04 20240412 05 20240412 06 20240412 07 20240412 08 20240412 09 20240412 10 20240412 11 20240412 12 20240412 13

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.