၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
မုံရွာ၊ ဧပြီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဧပြီလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားသည်။ယင်းနောက် တိုင်းဒေသကြီး စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လယ်ယာကဏ္ဍကြီးစီမံကိန်းတာဝန်အား တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကိုယ်စား တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးထံ တိုင်းဒေ သကြီး၏ ဒေသန္တရစီမံကိန်းတာဝန်အား လည်းကောင်း၊ စက်မှုကဏ္ဍကြီးစီမံကိန်း တာဝန်အား တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကိုယ်စား မြန်မာ့သစ်လုပ်ငန်း တိုင်းဒေသကြီးဦးစီးမှူးထံ တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းတာဝန်အား လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး စီမံကိန်း တာဝန်အား တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကိုယ်စား မြန်မာ့စီးပွားရေးဘဏ် တိုင်းဒေသ ကြီး ဘဏ်မန်နေဂျာထံ တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းတာဝန်အား လည်းကောင်း၊ ဒေသဖွံ့ ဖြိုးရေးကဏ္ဍကြီးစီမံကိန်းတာဝန် အားတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကိုယ်စား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးထံ တိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်း တာဝန်အားလည်းကောင်း၊ သက်ဆိုင်ရာခရိုင်များ၏ ဒေသန္တရစီမံကိန်းတာဝန်များအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများကိုယ်စား မုံရွာခရိုင်စီမံအုပ်ချုပ်ရေးမှူးထံအား လည်းကောင်း အသီး သီးပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး အတွက် အလှူငွေနှင့်စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
မုံရွာ၊ ဧပြီ ၁၀
မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့်စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဧပြီလ ၁၀ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်၊ အလှူ ရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့နိုင်ငံသည် ကျေးလက်နေ ပြည်သူ ၇၀ ရာခိုင်နှုန်းရှိသည့်အတွက် ကျေးလက်ဒေသနေပြည်သူများ စာအုပ်စာပေဖတ်ရှုရန် နှင့်စာအုပ်စာစောင်များ လက်လှမ်းတမီထားရှိပေးရန်အတွက် စာကြည့်တိုက်များအား အမှန်တကယ် အားကိုးအားထားပြုကြရမှာ ဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊စိုက်ပျိုးရေးများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မိမိတို့နိုင်ငံ လည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများစာပေကို လက်လှမ်းတမီနှင့် စာဖတ်သည့်အလေ့အထ စွဲမြဲရရှိပြီး အသိဗဟုသုတများ မြင့်မားတိုးတက်လာအောင် စာကြည့်တိုက်များ ထူထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ စာပေတွင်ရသစာပေနှင့် သုတစာပေဟူ၍ရှိရာ လူတို့၏နှလုံးသားအာဟာရ၊ ဦးနှောက်အာဟာရတို့ အတွက် စာပေတို့ကိုဖတ်ရှုရန် လိုအပ်ပါကြောင်း၊
မိမိတို့တိုင်းဒေသကြီးအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်/မြို့ နယ်/မြို့ရုံးအဆင့် စာကြည့်တိုက် ၄၅ တိုက်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှတာဝန်ယူဖွင့်လှစ်ပေးလျက်ရှိရာ စာကြည့်တိုက်များမှာလည်း အမြဲသက်ဝင်လှုပ်ရှားလျက်ရှိကြပါကြောင်း၊ ပညာပြည့်ဝနှလုံးလှရန်အတွက် လူတိုင်းမိမိကိုယ်ကိုမြှင့်တင်ရန် မဖြစ်မနေလုပ် ရမည့်အလုပ်ကတော့ စာတတ်သူတိုင်းစာဖတ်ကြရန် လိုအပ်ပါကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုး တက်လာသည်နှင့်အမျှ မီဒီယာ၏ပျံ့နှံ့မှုသည် အလွန်လျင်မြန်ပါကြောင်း၊ မီဒီယာသည် လူငယ်၊ လူရွယ်တစ်ယောက် ဘဝလမ်းမှားရောက်ရှိပြီး ဘဝတစ်ခုလုံးပျက်သွားအောင် ဆောင်ရွက်နိုင် သကဲ့သို့ လူငယ်လူရွယ်တစ်ယောက် မှန်မှန်ကန်ကန်နှင့် ဆောင်ရွက်နိုင်ပြီးတိုးတက်အောင် မြှင့်တင်ပေးနိုင်သည့် စွမ်းအားလည်းရှိပါကြောင်း၊ စာတတ်ရုံ၊ အတတ်ပညာပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်နှင့် အသိပညာပြည့်ဝပြီး ဗလငါးတန်ပြည့်စုံသည့် လူငယ်များပေါ်ထွက် လာစေရေးအတွက် တာဝန်ရှိသူများနှင့်မိဘများ၊ ဆရာ/ဆရာမများက အလေးထားဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကျောင်းစာကြည့်တိုက်များ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရှေရှည်တည်တံ့ဖွံ့ဖြိုးရေးတို့အား တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေ သကြီးအစိုးရအဖွဲ့များထံ အလှူရှင်များနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့်စာအုပ်စာစောင်များအား ပေးအပ်လှူဒါန်းပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ “ စာပဒေသာ ဝေဆာမည် ” Video Click အား ကြည့်ရှုအားပေးကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါခန်းမအတွင်း ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် နံရံကပ်ဓါတ်ပုံပြဘုတ်များအား ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူရှင် များနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အလှူငွေကျပ် – ၈၁၂၁၆၁၀၀ ( ကျပ် ရှစ်ရာ့ တစ်ဆယ့်နှစ်သိန်း တစ်သောင်းခြောက်ထောင်တစ်ရာ)နှင့် ၆၈ သိန်း တန်ဖိုးရှိ သုတရသ စာအုပ်ပေါင်း ၂၂၃၀ အုပ်အား ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၄-ခုနှစ်၊ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)ရှိ စာသင်ဝိုင်းသို့ရောက်ရှိရာ စာသင်ဝိုင်း ၃ ဝိုင်းတွင် ကြီးကြပ် ၁ ဦး၊ နည်းပြ ၄ ဦးနှင့်စာသင်သား၊ စာသင်သူ ၅၂ ဦးတို့ဖြင့် စာသင်ကြားနေမှုများအားလိုက်လံ ကြည့်ရှုအားပေးပြီး စာသင်သား၊စာသင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ တာဝန်ရှိသူများနှင့်အတူ စာသင်သားတစ်ဦးချင်းအတွက် စားသောက်ဖွယ်ရာများ ပေးအပ် ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောင်ချမ်းသာရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းရှိ စာသင်ဝိုင်းသို့ရောက်ရှိရာ စာသင်ဝိုင်း ၃ ဝိုင်းတွင် ကြီးကြပ် ၁ ဦး၊ နည်းပြ ၃ ဦးနှင့် စာသင်သား၊စာသင်သူ ၅၀ ဦးတို့ဖြင့် စာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး စာသင်သား၊စာသင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးပြီး တာဝန်ရှိသူများနှင့်အတူ စာသင်သားတစ်ဦးချင်းအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြပြီး စာသင်ဝိုင်းများအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။








သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



