slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၁၃၈၅-ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မုံရွာ၊ ဧပြီ ၉

စစ်ကိုင်းတိုင်းဒေသကြီး ၁၃၈၅-ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပရေး (ဒုတိယအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၄-ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများအလိုက် မိမိတို့ တာဝန်ယူဆောင်ရွက်မည့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နိုင်ရေး ကော်မတီအချင်း ချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်အားလုံးအနေဖြင့် သင်္ကြန်ပွဲတော်တွင် လာရောက်ကြမည့် ပြည်သူများအား ပျော်ရွှင်စွာရေကစားနိုင်ရေး၊ သင်္ကြန်ရိုး ရာယိမ်းအကများဖြင့် ဖျော်ဖြေရေး၊ စတုဒီသာကျွေးမွေးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေးနှင့် လုံခြုံရေးဆိုင်ရာများကို အပြည့်အဝ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မဟာသင်္ကြန်ပွဲတော်အား ဖျော်ဖြေရေးအစီအစဉ်အဖြစ် နိုင်ငံကျော်အဆိုတော်၊ ရုပ်ရှင် သရုပ်ဆောင်များဖြင့် စည်စည်ကားကား ကျင်းပဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင်လည်း သက်ကြီးပူဇော်ပွဲ၊ ဇီဝိတငါးလွှတ်ပွဲများ နှင့်ပရိတ်ရွတ်ဖတ်ပူဇော် ခြင်းများအား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ကော်မတီအဖွဲ့ဝင်အားလုံးအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊သတိတို့ဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ မိမိတို့ကော်မတီများအလိုက် တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို အထွေထွေဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ၁၃၈၅-ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် လမ်းလျှောက် သင်္ကြန်ကျင်းပပြုလုပ်မည့် ကန်သာယာကန်အနီး ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ ဗဟိုမဏ္ဍပ်၊ ဝန်ကြီး ဌာနမဏ္ဍပ်များနှင့် စတုဒီသာမဏ္ဍပ်များ တည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်မီး၊ရေပြတ်လပ်မှုမရှိစေရေး၊ ယာဉ်များ စနစ်တကျထားရှိရေး၊ လာရောက် ရေကစားမည့်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အပူဒဏ်ကို ကာကွယ်နိုင်မည့် ရေပန်းများ တပ်ဆင်ရေးတို့အား မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20240410 01

20240410 01

20240410 01

20240410 01

20240410 01

20240410 01

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ၊ ဧပြီ ၈

ပညာရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက် သည့် ၂၀၂၄-ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၊ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် ကျေးလက်ဒေသ နေပြည်သူများနှင့် အစွန်အဖျားဒေသများရှိ ပြည်သူများအားလုံး စာတတ်မြောက်ရေးနှင့် ယနေ့ ခေတ်သည်ပညာခေတ်နှင့်အညီ ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ ပညာ ရည်မြင့်မားရေးအား ဦးစားပေးအားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆရာ/ဆရာမများအနေ ဖြင့်လည်း ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာ တက်မြောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ရည်ရွယ်ချက်အတိုင်း အောင်မြင်စေရေး တာ ဝန်ရှိသူအားလုံးမှ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စာသင်ဝိုင်းများဖွင့်လှစ်ပြီး ဖြစ်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း စာသင်သား၊သင်ကြားသူနည်းပြကြီးကြပ်များ ပျက် ကွက်မှုမရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးတို့အား မြေပြင်ကွင်းဆင်းပြီး ကူညီဆောင်ရွက် ပေးသွားကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း စာသင်ဝိုင်းများသို့ အခါအားလျော်စွာ သွားရောက်ကြည့် ရှုအားပေးပြီး လိုအပ်ချက်များအား ပေါင်းစပ်ဆောင်ရွက်ပေးခြင်းဖြင့် လုပ်ငန်းများအောင်မြင် အောင်ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စာတတ်မြောက်ခြင်းသည် လူတစ်ဦး တစ်ယောက်၏ ဘဝလူနေထိုင်မှု အဆင့်အတန်းသာမက မိသားစုရပ်ကွက်နှင့် လူ့အဖွဲ့အစည်း ကိုပါ ပြောင်းလဲစေနိုင်သကဲ့သို့ ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့်သာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ၏ စာတတ်မြောက်ရေးလုပ်ငန်း များ၊သင်ကြားရေးအစီအစဉ်များ အဆင်ပြေချောမွေ့စွာဖြင့် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် ကျရာအခန်းကဏ္ဍကနေ စေတနာထားဆောင်ရွက်သွားကြရန်နှင့် မိမိတို့လုပ် ဆောင်မှုများကြောင့် စာမတတ်သူ တစ်ဦး၊တစ်ယောက်၊တစ်ဖွဲ့ စာတတ်သွားမည်ဆိုပါက ပညာ ဒါနအနေဖြင့် တန်းဖိုးကြီးမား၍ ကုသိုလ်စိတ်မွေးကာ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် မုံရွာမြို့၊ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “၀ ထ က လ သ”တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြပြီး အာရှနှင့် ပစိဖိတ်ဒေသယဉ်ကျေးမှုဆိုင်ရာ ယူနက်စကိုအဖွဲ့ရုံး၏ ပူးပေါင်းမှုဖြင့် ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံပညာရေးသုတေသနအဖွဲ့မှ ဘာသာပြန်ဆိုထုတ်လုပ်ထားသည့် Video Click အား ကြည့်ရှုကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက် ရောက်လာကြသည့် ဆရာ/ဆရာမများ၊ သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက် လံနှုတ်ဆက်အားပေးကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် အခြေခံစာတက်မြောက်ရေး သင်တန်းဖွင့်လှစ်မှု အနေ ဖြင့် နည်းပြ ၇၂၅ ဦး၊ ကြီးကြပ် ၁၅၅ ဦး၊ စာသင်ဝိုင်း ၅၂၄ ဝိုင်း၊ စာသင်သား ကျား ၃၅၈၂ ဦးနှင့် မ ၄၉၂၈ ဦး စုစုပေါင်း ၈၅၁၀ ဦးဖြင့် ဖွင့်လှစ်သင်ကြားဆောင်ရွက်သွား မည်ဖြစ်သည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါနံနက်ပိုင်းတွင် ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး မိမိတို့အားပေးအပ်ထား သည့် လုပ်ငန်းတာဝန်များအား ကျေပွန်စွာထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအချင်းချင်းပူးပေါင်းဆောင်ရွက်ပြီး အသိ၊သတိတို့ဖြင့် သွား လာနေထိုင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ခရိုင်အတွင်းရှိ မြို့နယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSMEs လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်အဆင့်ဌာနဆိုင် ရာများက မိမိတို့ဌာနများအလိုက် ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ဆက်လက်ဆောင် ရွက်သွား မည့် လုပ်ငန်းအခြေအနေများအား အသီးသီး ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များထံ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ပြီး နိဂုံးချုပ်စကား ပြောကြား ကာ တွေ့ဆုံပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20240409 01

20240409 01

20240409 01

20240409 01

20240409 01

20240409 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.